ရင်ကွဲသလို ခံစားရဟု ၂ဝ၁၄ ကမ္ဘာ့ဖလားအနိုင်ဂိုးသွင်းရှင် ဂေါ့ဇီ ဖွင့်ဟ
မာရီယိုဂေါ့ဇီက ၂ဝ၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ဂျာမနီလက်ရွေးစင်အသင်း လူစာရင်းမှ ချန်လှပ်ခဲ့ရခြင်းကြောင့် သူ့အနေဖြင့် ရင်ကွဲသလို ခံစားရ ကြောင်း တွစ်တာစာမျက်နှာပေါ်မှ တစ်ဆင့် ခံစားချက်ကို ဖွင့်ဟရေးသား သွားခဲ့သည်။ ဂေါ့ဇီက ''ကျွန်တော့် အနေနဲ့ ဂျာမနီနဲ့ ကမ္ဘာ့ဖလား မနွှဲရ တာကြောင့် ဝမ်းနည်းရတာပေါ့ဗျာ။ ကျွန်တော့်ဘက်က လက်ရွေးစင်အသင်း မှာပါဝင်ခွင့်ရဖို့ စွမ်းနိုင်သမျှ အကုန်လုံး လုပ်ခဲ့တာပါ''ဟု ရေးသားသွားခဲ့ခြင်း ဖြစ်သည်။
ဂေါ့ဇီမှာ လွန်ခဲ့သည့်လေးနှစ် ဘရာဇီးမြေတွင် အာဂျင်တီးနား အသင်းဘက်ကို အချိန်ပိုတွင် အနိုင် ဂိုးသွင်းပြီး ဂျာမနီအသင်းကို ကမ္ဘာ့ ချန်ပီယံအဖြစ် လေးကြိမ်မြောက် အောင်ပွဲခံခဲ့စေသူဖြစ်သည်။ သို့သော် ဂေါ့ဇီမှာ ပြီးခဲ့သည့်မတ်လကတည်းက ထူးဆန်းသည့် ဇီဝကမ္မဖြစ်စဉ် နှောင့်နှေး မှုဖြစ်ပွားခဲ့ပြီး မိုင်ယိုပသီခေါ် ကြွက်သားတစ်သျှူး ပုံမှန်မဟုတ်သည့် ရောဂါတစ်မျိုးဖြစ်ပွားနေခြင်း ဖြစ် ကြောင်း အတည်ပြုနိုင်ခဲ့သည်။ နိုဝင် ဘာလအတွင်း ဂျာမနီအသင်းအတွက် ပြန်လည်ခေါ်ယူခြင်းခံခဲ့ရသော်လည်း ၂ဝ၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဂျာမနီ အသင်းအတွက်မူ နည်းပြ ဂျိုအား ချင်လိုက မန်စီးတီးတိုက်စစ်မှူး ဆာနေးကိုရွေးချယ်ပြီး ဂေါ့ဇီကို ချန်လှပ်ခဲ့ခြင်းဖြစ်သည်။
မေလဲ့သင်း(ကြေးမှုံ)
No comments:
Post a Comment