မေ ၁၉ ရက်ညပိုင်းက ယှဉ်ပြိုင်ခဲ့သည့် အက်ဖ်အေဖလားဗိုလ်လုပွဲတွင် မန်ယူ အသင်းအနေဖြင့် ချယ်လ်ဆီးကို ဟာဇက်၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အရေးနိမ့်ခဲ့သော်လည်း မန်ယူသာလျှင် ချန်ပီယံဆုနှင့် ပိုမို ထိုက်တန်သော ခြေစွမ်းကို ပြသနိုင် ခဲ့သည်ဟု မန်ယူနည်းပြ မော်ရင်ဟိုက ပွဲအပြီးတွင် ပြောကြားသွားခဲ့သည်။
မန်ယူအသင်းအနေဖြင့် ဘောလုံး ပိုင်ဆိုင်မှုအပိုင်း၊ ဂိုးပေါက်ခြိမ်းခြောက်မှု တို့တွင် ချယ်လ်ဆီးထက် အစစအရာရာ သာလွန်ခဲ့သော်လည်း မာကျောလွန်း သည့် ချယ်လ်ဆီးခံစစ်ကြောင်းကို မကျော်နိုင်ဘဲ ပွဲအပြီးတွင် တစ်ဂိုး-ဂိုးမရှိဖြင့် အရေးနိမ့်ကာ ဖလားလက်မဲ့ ရာသီဖြင့် အဆုံးသတ်ခဲ့ရပြီဖြစ်သည်။
မော်ရင်ဟိုက ''ကျွန်တော့် အနေနဲ့ ချန်ပီယံဖြစ်သွားတဲ့သူတွေကို ဂုဏ်ပြုစကား ပြောကြားလိုပါတယ်၊သူတို့အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ချန်ပီယံဆုနဲ့ ပိုထိုက်တန်ပါတယ်။ ကျွန်တော်က မန်ချက်စတာယူနိုက်တက်ရဲ့ မန်နေဂျာ ပါ။ သူတို့က ကျွန်တော့်ရဲ့ ကလပ် အသင်းဟောင်းမို့မဟုတ်ဘဲ သူတို့ကို လေးစားမှုရှိရပါမယ်။ သူတို့က အက်ဖ်အေဖလားယူသွားခဲ့တဲ့ ပြိုင်ဘက် အသင်းပါ။ ကျွန်တော်တို့ကတော့ ချန်ပီယံဆုနဲ့ ထိုက်တန်တဲ့အသင်းလို့ ကျွန်တော် ယူဆပါတယ်။ ကျွန်တော် တို့က အကောင်းဆုံးအသင်းပါ။ ဒါက ဘောလုံးပါပဲ''ဟု ဆိုခဲ့ခြင်းဖြစ်သည်။
လူကာကူကို ပွဲထွက်စာရင်းတွင် အသုံးမပြုခဲ့ခြင်းက ကစားသမား ကိုယ်တိုင်က သူ့အနေဖြင့် ကြံ့ခိုင်မှု မပြည့်ဟု ပြောကြားခဲ့ခြင်းကြောင့်ဖြစ် ကြောင်းလည်း မော်ရင်ဟိုက ပြော ကြားခဲ့သည်။ ထို့ပြင် ''ကျွန်တော့် အနေနဲ့ စူးစမ်းကြည့်ချင်တာက ကျွန်တော့်အသင်းသာ အခု ချယ်လ်ဆီး ကစားသလို ပုံစံမျိုးနဲ့ ကစားသွားရင် လူတွေ ဘယ်လိုများပြောဆိုကြမလဲ၊ ရေးသားကြမလဲဆိုတာပါ'' ဟု မော်ရင်ဟိုက ချယ်လ်ဆီးအသင်း အသုံးပြုခဲ့သည့် ၃-၅-၁-၁ ကစား ကွက်အပေါ် သွယ်ဝိုက်သောနည်းဖြင့် ဝေဖန်ခဲ့သည်။
မေလဲ့သင်း(ကြေးမှုံ)
No comments:
Post a Comment