Latest News

Monday, May 21, 2018

အက်ဖ်အေဖလားရှုံးနိမ့်ပြီးနောက် အပြောင်းအရွှေ့ဈေးကွက်အတွင်း မော်ရင်ဟိုအား ငွေကြေးသုံးစွဲခွင့်ပြုရန် အသင်းကို မာတစ် တောင်းဆို

အက်ဖ်အေဖလားရှုံးနိမ့်ပြီးနောက် အပြောင်းအရွှေ့ဈေးကွက်အတွင်း မော်ရင်ဟိုအား ငွေကြေးသုံးစွဲခွင့်ပြုရန် အသင်းကို မာတစ် တောင်းဆို

ချယ်လ်ဆီးအသင်းနှင့်   မန်ယူအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် အက်ဖ်အေဖလားပွဲစဉ် တွင် မန်ယူအသင်းရှုံးနိမ့်ခဲ့ပြီးနောက် နွေရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်း  နည်းပြ မော်ရင်ဟိုအား ကစားသမားခေါ်ယူမှုအတွက် ငွေကြေးသုံးစွဲခွင့်ပြုရန် ကွင်းလယ်ကစားသမား မာတစ်က မန်ယူအသင်းတာဝန်ရှိသူများအား တောင်းဆိုလိုက်ကြောင်း သိရသည်။

ကွင်းလယ်ကစားသမား မာတစ်သည် မန်ယူအသင်းသို့ ရောက်ရှိခဲ့သည်မှာ သုံးနှစ် ရှိသွားခဲ့ပြီဖြစ်ပြီး  ယခုနှစ်သည် ဆုဖလား တစ်လုံးမျှရရှိခဲ့ခြင်းမရှိခဲ့သည့်အတွက် သုံးနှစ် တာကာလအတွင်း ဖလားလက်မဲ့ရာသီနှင့် ရင်ဆိုင်ခဲ့ရသူဖြစ်သည်။

ထို့ကြောင့် လာမည့်ဘောလုံးရာသီတွင်  ပရီမီယာလိဂ်ဆုဖလား ရယူနိုင်ရေးအတွက် မန်ချက်စတာမြို့ခံပြိုင်ဘက် မန်စီးတီးအသင်း ကို ယှဉ်ပြိုင်နိုင်ရန် နည်းပြ မော်ရင်ဟိုအနေဖြင့်  ကစားသမားခေါ်ယူမှုအတွက်  နောက်ထပ် ဘဏ္ဍာငွေလိုအပ်လိမ့်မည်ဟု ကွင်းလယ်ကစား သမား  မာတစ်က  ယုံကြည်ထားကြောင်း ပြောကြားခဲ့သည်။

နည်းပြ မော်ရင်ဟိုကလည်း နွေရာသီ အပြောင်းအရွှေ့       ဈေးကွက်အတွင်း    ဘယ်နောက်ခံကစားသမားတစ်ဦး ခေါ်ယူရန်  ပြင်ဆင်နေသည့်အပြင် ဂျူဗင်တပ်အသင်းမှ အဲလက်ဆန်ဒရို၊ စပါးအသင်းမှ ဒန်နီရို့စ်နှင့် ဆဲလ်တစ်အသင်းမှ  ကီယန်တီယာနေတို့ကို စိတ်ဝင်စားလျက်ရှိကြောင်း သိရသည်။

ထို့ပြင် ရှက်ခ်တာဒိုးနက်စ်ခ်အသင်းမှ ဗဟိုကွင်းလယ်ကစားသမား ဖရက်ဒ်ကို လာမည့် သီတင်းပတ်များအတွင်း    အိုးထရက်ဖို့ဒ် အရောက်ခေါ်ယူရန် စီစဉ်လျက်ရှိပြီး နာပိုလီ ကစားသမား ဂျော်ဂျင်ဟိုကို ခေါ်ယူရန်အတွက် လည်း မန်စီးတီးအသင်းနှင့်အပြိုင် ကြိုးပမ်း လျက်ရှိကြောင်း သိရသည်။

မန်ယူအသင်းအနေဖြင့် ကွင်းလယ်ပိုင်း နှင့်    နောက်တန်းခံစစ်ကြောင်းကိုသာ အားဖြည့်ရန်ရှိနေပြီး တိုက်စစ်ပိုင်းအတွက်မူ  မလိုအပ်သေးကြောင်း ပြောကြားထားသည်။ သို့ရာတွင်  ကွင်းလယ်ကစားသမား  မာတစ်က   မန်ယူအသင်းမှာ  ပြိုင်ဘက်များ၏ ခြေစွမ်း  ပိုင်းနှင့်နှိုင်းယှဉ်ပါက  အလွန်အမင်းကွာဟ နေသည်ဟု မထင်မိသော်လည်း မန်ယူအသင်း ၏ စွမ်းဆောင်ရည်ကို ချယ်လ်ဆီးအသင်းနှင့်  ယှဉ်ပြိုင်ကစားခဲ့သည့် အက်ဖ်အေဖလားပွဲစဉ် ကသာ  သက်သေပြခဲ့ကြောင်း  ပြောကြား ခဲ့သည်။

ငွေကြယ်​(​ကြေးမှုံ)

No comments:

Post a Comment