မော်လမြိုင် မေ ၇
မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ဈေးများတွင် ရေးမြို့နယ်ထွက် ဒူးရင်းသီးများ ပေါ်ဦးပေါ်ဖျား ဈေးကောင်း ရရှိနေကြောင်း သိရသည်။
''ရေးမြို့က လာရောင်းချတာပါ။ ဒူးရင်းသီးက အခုပေါ်ဦးပေါ်ဖျားမို့လို့ ဈေးကောင်းရတာပါ။ ခြံတိုင်းပေါ်ရင်တော့ ဈေးကျသွားတယ်။ အခုက မုဒုံမြို့၊ သံဖြူဇရပ်၊ ကျိုက်မရောတို့ကလည်း ပေါ်နေပါပြီ။ အခုချိန်ထိတော့ ဈေးကောင်းရနေတုန်းပါပဲ။ ဒီလကုန်လောက်ဆိုရင်တော့ ခြံတိုင်းပေါ်ပြီဆိုတော့ ဈေးကျတော့မှာပါ။ ကျွန်မတို့ကတော့ ပေါ်ဦးပေါ်ဖျား အရင်ပေါ်လို့ ဈေးကောင်းရတာပါ'' ဟု ရေးမြို့မှ ဒူးရင်းသီးရောင်းချသူ မိရင်ချန်းက ပြောသည်။
မွန်ပြည်နယ်အတွင်း ထွက်ရှိသော ဒူးရင်းသီးများထဲတွင် ရေးမြို့နယ်မှ ထွက်ရှိသော ဒူးရင်းသီးများမှာ ရောင်းရသွက်ကြောင်း၊ဒူးရင်းသီး အကြီးတစ်လုံးလျှင်ငွေကျပ် ၅ဝဝဝ ရရှိပြီး အသေးတစ်လုံးလျှင် ငွေကျပ် ၂ဝဝဝ ရရှိကြောင်း သိရသည်။
MWD
No comments:
Post a Comment