Latest News

Wednesday, May 9, 2018

အမျိုးသား အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဆုပေးအပ်ပွဲ ကျင်းပ

အမျိုးသား အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဆုပေးအပ်ပွဲ ကျင်းပ

ပုသိမ် မေ ၈

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ အမှတ်(၃)ရပ်ကွက် ကိုးသိန်းအားကစားကွင်း မိုးလုံလေလုံ ခန်းမ၌ ယမန်နေ့ ညနေပိုင်းက ဧရာဝတီတိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဖလား ခရိုင် ခြောက်ခရိုင် အသက် ၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဆုပေးအပ်ပွဲ ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် အမျိုးသား ဗိုလ်လုပွဲစဉ်အဖြစ် ပုသိမ်ခရိုင် အသင်းနှင့် မြောင်းမြခရိုင် အသင်းတို့ ယှဉ်ပြိုင်ကြရာ ပုသိမ်ခရိုင်အသင်းမှ သုံးပွဲပြတ်ဖြင့် အနိုင်ရ ဗိုလ်စွဲသွားကြောင်း သိရသည်။ ထို့နောက် ဆုပေးအပ်ပွဲ ကျင်းပရာ အမျိုးသမီး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိခဲ့သည့် အသင်းများ၊ အမျိုးသား အကောင်းဆုံးဆုနှင့် အမျိုးသမီး အကောင်းဆုံးဆုတို့ကို တိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေး ဝန်ကြီးနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ကြသည်။

ဆက်လက်၍ အမျိုးသား ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသော အသင်းများအား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်က တစ်ဦးချင်းဆုနှင့် ငွေသားဆုများကို လည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်က ပထမဆုရရှိသည့် ပုသိမ်ခရိုင် အသင်းအား တံခွန်စိုက်ဆု ဖလားကိုလည်းကောင်း အသီးသီး ပေးအပ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲကို ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ ခရိုင် ခြောက်ခရိုင်မှ အမျိုးသား ခြောက်သင်း၊ အမျိုးသမီး ခြောက်သင်းဖြင့် မေ ၃ ရက်မှ ၇ ရက်အထိ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

MWD

No comments:

Post a Comment