Latest News

Sunday, May 13, 2018

ပြည်တွင်းလျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် သုံးနှစ်အတွင်း မဂ္ဂါဝပ် ၃ဝဝဝ လျှပ်စစ်ဓာတ်အားရရှိရေး အကောင်အထည်ဖော်ဆောင်ရွက်သွားမည်

ပြည်တွင်းလျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် သုံးနှစ်အတွင်း
မဂ္ဂါဝပ် ၃ဝဝဝ လျှပ်စစ်ဓာတ်အားရရှိရေး အကောင်အထည်ဖော်ဆောင်ရွက်သွားမည်


နေပြည်တော်  မေ  ၁၂

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေ ဖြင့်  ပြည်တွင်းလျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက်  သုံးနှစ် အတွင်း   လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၃ဝဝဝ ရရှိရေး   အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်    စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး က ပြောသည်။

မေ ၁၁ ရက်    မွန်းလွဲ ၁ နာရီက နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီး ဌာန၌ ပြုလုပ်သည့် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၏ ပြည်သူ့အတွက် ဒုတိယ တစ်နှစ်တာ         ကာလအတွင်း ဆောင်ရွက်ခဲ့မှုနှင့်စပ်လျဉ်း၍ သတင်း စာရှင်းလင်းပွဲတွင်  မီဒီယာများ၏ မေးမြန်းမှုကို    အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးက ယင်းသို့  ပြောကြား ခဲ့ခြင်းဖြစ်သည်။

''သတ်မှတ်တဲ့ကာလမှာ   လျှပ်စစ် ဓာတ်အား မဂ္ဂါဝပ် ၃ဝဝဝ    ရရှိဖို့ အတွက် လုပ်ငန်းတွေ ဆောင်ရွက်နေ ပါတယ်၊ အင်ဂျင်နီယာလုပ်ငန်းတွေ၊ ဒီဇိုင်းလုပ်ငန်းတွေ ခွင့်ပြုထားပြီးဖြစ် တဲ့အတွက်   သက်ဆိုင်ရာလုပ်ငန်း အလိုက် စတင်ဆောင်ရွက်နေပါတယ်၊  LNG သွင်းမယ်ဆိုရင် သင်္ဘောတွေ ဝင်တာထွက်တာကို   သက်ဆိုင်ရာ ရေကြောင်းပို့ဆောင်ရေးနဲ့ ညှိနှိုင်းပြီး  လေ့လာမှုတွေ ဆောင်ရွက်နေပါတယ်'' ဟု ၎င်းက ပြောသည်။

သုံးနှစ်အတွင်း   လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ်  ၃ဝဝဝ  ရရှိရေးအတွက် ပြင်သစ်နိုင်ငံTOTALကုမ္ပဏီနှင့် ဂျာမနီနိုင်ငံSIEMENSA.G ကုမ္ပဏီ တို့ပူးပေါင်းပြီး တနင်္သာရီတိုင်းဒေသ ကြီး  ကန်ပေါက်ဒေသတွင်   ၁၂၃ဝ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် LNG to Power စီမံကိန်းကို လည်းကောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Zhefu Holding Group Co., Ltd နှင့် မြန်မာနိုင်ငံSupreme Trading Co., Ltd    တို့ပူးပေါင်းပြီး  ဧရာဝတီတိုင်း ဒေသကြီး  မီးလောင်ဂျိုင်ဒေသတွင် မဂ္ဂါဝပ် ၁၃၉ဝ  ထုတ်လုပ်နိုင်သည့်LNG to Powerစီမံကိန်းကို လည်း ကောင်း၊ ထိုင်းနိုင်ငံTTCL Public Company Limited   မှ  ရန်ကုန် တိုင်းဒေသကြီး    အလုံတွင်   ၃၅၆ မဂ္ဂါဝပ်ထုတ်လုပ်နိုင်သည့်LNG to Power စီမံကိန်းကို လည်းကောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံSinohydro Corporation Limited  နှင့် မြန်မာ နိုင်ငံSupreme Trading Co.,Ltdတို့ပူးပေါင်းပြီး       ရခိုင်ပြည်နယ် ကျောက်ဖြူတွင် ၁၃၅ မဂ္ဂါဝပ်ထွက်ရှိ မည့် သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူ သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းကို အကောင်အထည်ဖော်   ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်        ရေအားမှ
လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်သည့် အရင်းအမြစ်များ    တွေ့ရှိထားပြီး ဖြစ်ကြောင်း၊  ဘတ်ဂျက်၊  နယ်မြေ ငြိမ်းချမ်းမှုနှင့်       ပြည်သူလူထု လက်ခံမှုအခြေအနေပေါ် မူတည်ပြီး လုပ်ငန်းများ  ဆောင်ရွက်သွားမည် ဖြစ်ကြောင်း   လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနမှ သိရသည်။

''ရေအားနဲ့ထုတ်တဲ့   လျှပ်စစ်က ရေရှည်စီမံကိန်းဖြစ်ပါတယ်၊ တစ်နှစ် တည်းနဲ့လည်း လုပ်လို့မရဘူး၊ ကျောက် မီးသွေးနဲ့တော့   လောလောဆယ် လျှပ်စစ်မထုတ်သေးဘူး၊ ပြည်သူတွေ နားလည်အောင်ချပြဖို့လည်းလိုတယ်၊ ပြည်သူတွေ နားလည်လာမယ်ဆိုရင် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်''ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန်ကဆိုသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်မီးမရရှိသေး သည့် ကျေးရွာများအား ကမ္ဘာ့ဘဏ် အကူအညီဖြင့် လျှပ်စစ်မီးရရှိရန် NEP Project ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကျေးလက်ဒေသ များတွင် ၄ဝ ရာခိုင်နှုန်းခန့် လျှပ်စစ်မီး ရရှိနေပြီဖြစ်ကြောင်း     လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မင်းသစ်(MNA)

No comments:

Post a Comment