Latest News

Monday, May 14, 2018

အင်ဒိုနီးရှားရှိ ခရစ်ယာန်ဘုရားရှိခိုး ကျောင်းသုံးကျောင်းကို တစ်မိသားစုလုံးက အသေခံ ဗုံးခွဲ တိုက်ခိုက်မှုများ လုပ်ဆောင်

အင်ဒိုနီးရှားရှိ ခရစ်ယာန်ဘုရားရှိခိုး ကျောင်းသုံးကျောင်းကို တစ်မိသားစုလုံးက အသေခံ ဗုံးခွဲ တိုက်ခိုက်မှုများ လုပ်ဆောင်

ဂျကာတာ မေ ၁၃

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ်ရှိ ဆူရာဘာယာမြို့၌ တစ်မိသားစုလုံးက ခရစ်ယာန် ဘုရားရှိခိုး ကျောင်းသုံးကျောင်းကို မေ ၁၃ ရက်တွင် အသေခံ ဗုံးခွဲတိုက်ခိုက် မှုများ လုပ်ဆောင်သည်။

အဆိုပါ အသေခံ ဗုံးခွဲတိုက်ခိုက်မှုများတွင် လူ ၁၃ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိကြောင်း ရဲတပ်ဖွဲ့ကပြောသည်။ တိုက်ခိုက်ရေးသမားများ သည် တနင်္ဂနွေနေ့ဘုရားရှိခိုး ကျောင်းတက်သူများကို အဓိက ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်သည်။

တိုက်ခိုက်ခံရသည့် ဘုရားရှိခိုးကျောင်းများမှာ ငါဂျယ်မက်ဒီယာအရပ်ရှိ ဆန်တာမာရီယာ ဘုရားရှိခိုးကျောင်း၊ ဆူရာဘာယာဘုရား ရှိခိုးကျောင်းနှင့် ဂျီကေအိုင်ဒိုင်ပိုနီဂိုရို ဘုရား ရှိခိုးကျောင်းတို့ ဖြစ်သည်။ အခင်းဖြစ်ပွား ရာနေရာများမှ ဒဏ်ရာရရှိသူ ၄၁ ဦးကို ဆေးရုံသို့ပို့ဆောင်ထားကြောင်းနှင့် ၎င်းတို့အနက် အနည်းဆုံးနှစ်ဦး မှာ ဘုရားရှိခိုးကျောင်း များကို လုံခြုံရေးယူပေးရသည့် ရဲတပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း အရှေ့ဂျာဗား ပြည်နယ် ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဖရန်ဘာရန်မန်ဂါရာက သတင်းထောက်များအား ပြော သည်။

အဆိုပါ တိုက်ခိုက်မှုကို လုပ်ဆောင်သူများမှာ IS အဖွဲ့ဝင်များဖြစ်ကြောင်း ယင်းအကြမ်း ဖက်အဖွဲ့၏ Amaq သတင်းဌာနက ထုတ်ပြန်ထားသော်လည်း အသေးစိတ် အချက် အလက်များကို ဖော်ပြထားခြင်း မရှိပေ။ အသေခံဗုံးခွဲ တိုက်ခိုက်မှု လုပ်ဆောင်သူများသည် မိသားစုတစ်စုတည်းမှ ဖြစ်ကြောင်း၊ အဖွဲ့ကိုသစ္စာခံသည့် အကြမ်းဖက်ကွန်ရက် တစ်ခုဖြစ်သော ဂျမားအန်ရှာရက်ဒါအူလာ (JAD) အဖွဲ့က ယင်းတိုက်ခိုက်မှုကို စီစဉ်ခြင်းဖြစ်ကြောင်း ရဲချုပ် တီတိုကာနာဗီယန်က ပြောသည်။

ထို့ပြင်တိုက်ခိုက်သူများသည် JAD အဖွဲ့ကိုဖွဲ့စည်းသူ အာမန်အက်ဒါရာမန်၏ အသေခံတပ်ဖွဲ့ဝင်များ ဖြစ်ကြောင်းနှင့် မည်သူကဗုံးများကို ထောက်ပံ့ပေးသည်ကို ရဲတပ်ဖွဲ့က စုံစမ်းထောက်လှမ်း လျက်ရှိကြောင်း သတင်းအရင်းအမြစ် တစ်ခုက The Straits Times သတင်းဌာနသို့ ပြောသည်။ ဆန်တာမာရီယာ ဘုရားရှိခိုးကျောင်းကို တိုက်ခိုက်သူများသည် အသက် ၁၈ နှစ်နှင့် ၁၆ နှစ်ရှိသည့် ညီအစ် ကိုနှစ်ဦးဖြစ်ပြီး မော်တော်ဆိုင်ကယ်တစ်စီးကို အတူစီးနင်းကာ ဗုံး ကိုအင်္ကျီအောက်၌ တပ်ဆင်လာခြင်းဖြစ် ကြောင်း တီတိုကာနာဗီယန်က ပြောသည်။

ထိုညီအစ်ကိုနှစ်ဦး၏ ဖခင်က ကားတစ်စီးဖြင့်လာကာ ဆူရာ ဘာယာ ဘုရားရှိခိုးေ ကျာင်း၌ ဗုံးခွဲတိုက်ခိုက်ခြင်းဖြစ်သည်။ ဂျီကေအိုင်ဒိုင်ပိုနီဂိုရို ဘုရားရှိခိုးကျောင်းကို ဗုံးခွဲ တိုက်ခိုက်သူများမှာ အသေခံ ဗုံးခွဲခါးပတ် ဝတ်ဆင်ထားသည့် မိခင်ဖြစ်ပြီး ၎င်းနှင့်အတူ အသက် ၉ နှစ်နှင့် ၁၂ နှစ်ရှိ သမီးနှစ်ဦးတို့လည်း လိုက်ပါလာသည်။

၎င်းတို့သည် အင်ဒိုနီးရှားနိုင်ငံ၌ အသေခံဗုံးခွဲမှု လုပ်ဆောင်သည့် ပထမဆုံး အမျိုးသမီးများ ဖြစ်သည်။ ကက်သီဒရယ် ဘုရားရှိခိုးကျောင်းကို တိုက်ခိုက်ရန် စီစဉ်မှုကိုမူ ရဲတပ်ဖွဲ့က တားဆီးနိုင်ကာ သံသယရှိသူ ဗုံးခွဲသမားကို ဖမ်းဆီးလိုက်နိုင်သည်။ အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုများ ကို အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုကရှုတ်ချ ထားပြီး လူမဆန်သည့် ရိုင်းစိုင်းသူများ၏ လုပ်ဆောင်ချက်ဖြစ်သည်ဟု မှတ်ချက်ပြုကာ တိုက်ခိုက်မှု ကြိုးကိုင်သူများကို ချေမှုန်းသွား ရန် ရဲတပ်ဖွဲ့ကို အမိန့်ပေးထားကြောင်း သိရသည်။

MWD

No comments:

Post a Comment