Latest News

Monday, May 14, 2018

အောင်မြင်သူ တစ်ယောက်ဖြစ်ဖို့ အခက်အခဲတွေကို ရင်ဆိုင်နိုင်ဖို့ သတ္တိလိုအပ်တယ်လို့ ပြောလာတဲ့ အောင်ထက်

အောင်မြင်သူ တစ်ယောက်ဖြစ်ဖို့ အခက်အခဲတွေကို ရင်ဆိုင်နိုင်ဖို့ သတ္တိလိုအပ်တယ်လို့ ပြောလာတဲ့ အောင်ထက်

အောင်မြင်ကျော်ကြားသူ တစ်ယောက် ဖြစ်လာရန်အတွက် အခက်အခဲများကို ရင်ဆိုင်နိုင်ရန် လိုအပ်ပြီး သတ္တိမွေးသင့်ကြောင်း အဆိုတော် အောင်ထက်ကပြောသည်။

 ''အောင်မြင်တယ် ဆိုတာက ကိုယ်လုပ်ချင်တဲ့ အလုပ်နဲ့ ကိုယ့်ဘဝ တစ်ထပ်တည်းကျတဲ့ အလုပ်လို့ ဆိုရမှာပါ။ အလုပ်ကို ကိုယ်ကိုယ်တိုင်က ထိတွေ့လုပ်ကိုင်ခွင့် ရသွားပြီ။ ဒီအလုပ်နဲ့ပဲ ဘဝရပ်တည်မှုအတွက် အဆင်ပြေတယ်ဆိုရင် ကိုယ်လုပ်သင့်တဲ့ အလုပ်အတွက် ကိုယ်ကြိုးစားရတဲ့ အောင်မြင်မှုလို့ ပြောပါရစေ။ ဒီလိုဖြစ်ဖို့အတွက် အဓိကက လုံ့လဝီရိယရှိဖို့ လိုပါမယ်။ စိတ်ရှည်သည်းခံဖို့လိုတယ်။ အခက်အခဲဆိုတာက အလုပ်တိုင်းမှာ ရှိတဲ့အတွက် အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့နဲ့ သတ္တိမွေးသင့်တယ်လို့ ထင်ပါတယ်'' ဟု အောင်ထက်ကပြောသည်။

လက်ရှိတွင် နှစ်အယ်လ်ဘမ်ထဲမှ သဘာဝနှင့် တွေ့ဆုံခြင်း MTV ကို ကရင်ပြည်နယ် ဘားအံမြို့အထိ သွားရောက်ရိုက်ကူး ပုံဖော်ထားကြောင်း သိရသည်။

MWD

No comments:

Post a Comment