Latest News

Tuesday, May 15, 2018

ဗိုလ်ချုပ်နှင့် အနုပညာ

ဗိုလ်ချုပ်နှင့် အနုပညာ

အမျိုးသားခေါင်းဆောင်ကြီး   ဗိုလ်ချုပ်အောင်ဆန်း
အကြောင်းတော့ အများသိပြီးဖြစ်သည်။ ရဲရဲတောက် အာဇာနည်၊ သံမဏိစိတ်ဓာတ်ပိုင်ရှင်။  စာရေးသူက
ဗိုလ်ချုပ်သည်  အနုပညာသမားဟု  ဆိုလိုက်လျှင်
စာဖတ်သူအချို့က ဟုတ်ရဲ့လားဟု သံသယဝင်ကောင်း
ဝင်နိုင်သော်လည်း ဆောင်းပါးဖတ်ပြီးသည်နှင့် ဗိုလ်ချုပ်
သည်   အနုပညာသမား ဆိုသည့်အချက်ကို   လက်ခံ
သွားမည်ဟု ယူဆပါသည်။

ဗိုလ်ချုပ်သည်  မျိုးချစ်စိတ်ဓာတ်    ပြင်းထန်သူ
ဖြစ်သည်ကို   သွေးကသက်သေပြပါ၏။   မိခင်ကြီး
ဒေါ်စုဘက်မှတော်သော    အဘိုးဖြစ်သူ  မင်းကြီး
ရွှေလရောင် (ခေါ်) ဗိုလ်မင်းရောင်သည် အင်္ဂလိပ်ကို
တော်လှန်ခဲ့သည့်အတွက် ခေါင်းဖြတ်အသတ်ခံခဲ့ရ
သည်။ လူပင်သေသော်လည်း ဗိုလ်မင်းရောင်၏ သွေး
တို့သည်ကား မသေ၊ ဗိုလ်ချုပ်ထံစီးဝင်လေသည့်ပမာ၊ ဗိုလ်ချုပ်သည် အင်္ဂလိပ်ကိုတော်လှန်သည်။ ဖက်ဆစ်
ဂျပန်ကိုချေမှုန်းသည်။ တစ်မျိုးသားလုံးကို စည်းလုံး၍
လွတ်လပ်ရေး  အရယူပေးနိုင်ခဲ့သည်။ ဗိုလ်ချုပ်သည် အမျိုးသားခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်သလို  အနုပညာသမားတစ်ယောက်ဖြစ်သည်ကိုလည်း   ပင်ကို
ဗီဇဓာတ်ခံပါလာသည်။  စာပေကိုချစ်သည်၊ ဂီတ
ကို မြတ်နိုးသည်၊  ရုပ်ရှင်ကြိုက်သည်၊ သို့သော် တိုင်း
ပြည်အရေး  ဦးစားပေးခဲ့ရသည့်အတွက်၊ သူ့ဗီဇ၊ သူ့
ဝါသနာ၊  သူ့အနုပညာတို့သည်  လောင်းရိပ်မိသည့် အသီးအကင်းလေးများပမာ ရှင်သန်ကြီးထွားခွင့်မရရှာ။ ဗိုလ်ချုပ်သည် ဟန်ဆောင်မှုကို  ရွံမုန်းသည့်အတွက် ဟန်ဆောင်မှု ကင်းသည်။ စကားပြောလျှင်တုံးတိ၊ တဲ့တိုး၊ တိုရှင်း လိုရင်း ခပ်ပြတ်ပြတ် ပြောတတ်သူ၊ သို့ဖြစ်၍
တချို့က လူ့ကန့်လန့်၊ လူ့ခွစာဟု ထင်ကြသည်။

ဗိုလ်ချုပ်နှင့် အလွန်ရင်းနှီးပြီး  ရန်ကုန်တက္ကသိုလ်
ကျောင်းသားသမဂ္ဂတွင် အတူလုပ်ဖော်ကိုင်ဖက် ကျိုက်
လတ်သား-ဦးဌေးမြိုင်(ခေါ်) စာရေးဆရာဒဂုန်တာရာ
က ၁၉၄၆ ခုနှစ်ထုတ် ''တာရာ'' မဂ္ဂဇင်းတွင် ဗိုလ်ချုပ်
ကို အောင်ဆန်း (သို့မဟုတ်) အရိုင်းဟုရေးသားဖော်ပြ ခဲ့သည်။ ဆရာဒဂုန်တာရာသည်  ဗိုလ်ချုပ်ကို နှိမ့်ချ
ပုတ်ခတ်လို၍မဟုတ်၊ ဗိုလ်ချုပ်သည် တိုင်းပြည်အရေး
ကလွဲ၍ ဘာမှစိတ်မဝင်စား၊ လူမှုရေးမရှိ၊ သူ၏နဂိုနေ
အတိုင်း ခပ်ရိုင်းရိုင်း၊ ခပ်ကြမ်းကြမ်း၊ မပြုမပြင်နေတတ်
၏။ ဟန်မလုပ်၊ ဂိုက်မထုတ်၊ ဝြါ<ွကားလိုစိတ် အလျှင်း
မရှိ၊ ဗိုလ်ချုပ်၏ရိုးသားသော ဂုဏ်ပုဒ်ကို ပေါ်လွင်အောင်
ဖော်ကျူးလို၍ဖြစ်သည်။   ဗိုလ်ချုပ်ကလည်း  သူ့ကို အရိုင်းဟု ဆိုသည်ကို အပြစ်မမြင်သည့်အပြင် နှစ်သက်
သဘောကျသည့်အတွက်      ¤င်း၏ကိုယ်တိုင်ရေး           အတ္ထုပ္ပတ္တိမှတ်တမ်းတွင် ''လွတ်လပ်သော လူရိုင်းဘဝကို မလွတ်လပ်သောလူယဉ်ကျေးဘဝထက် အဆတစ်ရာ
ကြိုက်သည်'' ဟု စိတ်ရင်းအတိုင်း ရေးသားဖော်ပြခဲ့သည်။

တကယ်တော့ ဗိုလ်ချုပ်သည် မရိုင်းပါ။ ယဉ်ကျေး
သောသူတစ်ဦး၊ ပကတိရိုးသားသူဖြစ်သည်။ သူ၏ စိတ်ရင်းအမှန်မှာ အင်မတန်နူးညံ့၏။ ရိုင်းခြင်း၊ ယဉ်ခြင်း
ကို အပြင်ပန်းဗဟိဒ္ဓ ရုပ်လက္ခဏာပေါ် အခြေခံဆုံးဖြတ်
၍မရ။ အဇ္ဈတ္တခေါ်  အတွင်းစိတ်ရဲ့အနှစ်သာရကို အခြေခံမှအဖြေမှန်ရပေလိမ့်မည်။

ဗိုလ်ချုပ်သည် ကျောင်းသားဘဝ ရေနံချောင်းမြို့ အမျိုးသားအထက်တန်းကျောင်းတွင် ပညာသင်ယူခဲ့စဉ် ကာလက ပန်းချီဝါသနာပါသည့်အတွက် ပန်းချီကားများ
ရေးဆွဲခဲ့ဖူးသည်။   စာရေး၊    စာဖတ်ဝါသနာပါသလို တက္ကသိုလ်ရောက်သည့်အခါ   ဒဂုန်မဂ္ဂဇင်း၊ အိုးဝေ
မဂ္ဂဇင်းနှင့်  အခြားသောမဂ္ဂဇင်းများတွင်  မြန်မာလို၊
အင်္ဂလိပ်လို ဆောင်းပါးပေါင်းများစွာရေးသားခဲ့ပြီး
တိုင်းပြည်လွတ်လပ်ရေးရသည့်အခါ နိုင်ငံရေးလောကမှ အနားယူပြီး စာရေးဆရာဘဝဖြင့် ရပ်တည်သွားမည်ဟု ဆုံးဖြတ်ထားသူဖြစ်သည်။

ဂီတကို မကျွမ်းကျင်သော်လည်း ဝါသနာပါသည်၊
ခံစားတတ်သည်။ မြို့မငြိမ်းရေးစပ်ပြီး ပြည်လှဖေနှင့်
မေရှင်တို့သီဆိုထားသည့်    ''သက်ဝေ''   သီချင်းကို
ကြိုက်သည်။ ရေဒီယိုက  ''သက်ဝေ''  သီချင်းလာလျှင် ထိုင်ရာကမထ၊ ဘယ်ကိုမှမသွားတော့၊  ဇိမ်ယူပြီး နား
ထောင်လေ့ရှိသည်။ အမျိုးသားရေးတေးများအပြင် ရွှေတိုင်ညွန့်၏ လက်ရာများဖြစ်သည့် ''ရှေးရေစက်၊ လှေ
ကလေး၊ ဟေဝန်နန်း၊ မိန်းမမြတ်'' ဘိလပ်ပြန်သန်း
သီဆိုထားသည့် ''မြပန်းခွေ'' ပြည်လှဖေရဲ့ ''ကဉ္ဇန'' မေရှင်
ရဲ့ ''မယ်ခုမျှော်'' သီချင်းများကိုလည်း နှစ်သက်သည်။
လူထုကို ဂီတဖြင့်စည်းရုံး၍ တပ်မတော်ကို ပြည်သူတို့
ထောက်ခံရန် ဖက်ဆစ်တော်လှန်ရေးကာလအတွင်းက ''ပြည်သူ့တပ်မတော်''ဆိုသည့်သီချင်းကို ဆရာရွှေတိုင် ညွန့်ရေးစပ်ရန်  တာဝန်ပေးခြင်းက ဗိုလ်ချုပ်သည်
ဂီတကို  တန်ဖိုးထား မြတ်နိုးသူဖြစ်ကြောင်း ပေါ်လွင်
ထင်ရှားလှသည်။ ထို့ပြင် ဗိုလ်ချုပ်သည် သီချင်းရေးစပ်
ခဲ့သည်ဆိုက တအံ့တသြဖြစ်မည်။ ဒုတိယကမ္ဘာစစ် အတွင်း BDAတပ် ပျဉ်းမနားတွင်   တပ်စွဲခဲ့သည့်
ကာလက ဗိုလ်ချုပ်သည် ပျဉ်းမနား ရှမ်းကန်အရပ်တွင် နေထိုင်ခဲ့စဉ် ''လူထုချီမ'' သီချင်းကို ရေးစပ်ခဲ့ပြီး သူ့
ရဲဘော်များကို ဆိုစေခဲ့သည်။ ဂီတစည်းမျဉ်းစည်းကမ်း
နှင့်တော့ ညီချင်မှညီမည်။ ဒါတွေ ဗိုလ်ချုပ်မသိ၊ သူနား
လည်သလို၊ သူခံစားရသလို ရေးစပ်ခဲ့ခြင်းဖြစ်သည်။

လူရိုးကြီးဗိုလ်ချုပ်သည် တဇွတ်ထိုးသမား၊ ပွင့်ပွင့်
လင်းလင်းသမား ၊ ဂျပန်ခေတ်ကဗိုလ်ချုပ်သည် မကျန်းမာ
၍ ရန်ကုန်ဆေးရုံကြီးမှာ တက်ရောက်ကုသစဉ် မြောင်းမြ
သူ သူနာပြုဆရာမလေး မခင်ကြည် (ဗိုလ်ချုပ်ကတော်
ဒေါ်ခင်ကြည်)နှင့် ဆုံတွေ့ခဲ့ပြီး    ဆရာမလေးကို               တွေ့ကာမှ တန်းတန်းစွဲ။ တကယ်တော့ ဗိုလ်ချုပ်မှာလည်း
အသည်းနဲ့ပါ။ ဆရာမလေးမခင်ကြည် ဆေးတိုက်မှ
သောက်သည်။ တခြား ဘယ်သူတိုက်တိုက် ဆေး
မသောက်၊ ဆေးရုံက ဆင်းတော့လည်း ဆရာမလေး
ရှိရာ အဆောင်ကို အကြောင်းမရှိ အကြောင်းရှာသွား သည်။ အဆောင်ရောက်ပြန်လျှင်လည်း ''ဧည့်သည် လာတယ်၊ ဧည့်သည်လာတယ်'' ဟု အသံကျယ်ကြီးဖြင့် အော်အော်ခေါ်တတ်သည့်အတွက် ဆရာမလေးခမျာ မနေသာ ထွက်တွေ့ရသည်။ တွေ့ရုံဖြင့်မပြီး၊ မေရှင်ရဲ့
''မယ်ခုမျှော်'' သီချင်းကို ဆိုခိုင်းလေ့ရှိသည်။ ဆရာမလေး
က ရှက်ရှက်ဖြင့် မဆိုတတ် ဆိုတတ် ဆိုပြရသည်။ တစ်ခါ
ဆိုပြရုံနှင့်လည်းမရ၊ ဗိုလ်ချုပ်နှင့်အတူ ဗိုလ်စင်္ကြာနှင့်
ရန်ကုန်ဆေးရုံကြီးမှ ဒေါက်တာမြင့်ဆွေတို့ လိုက်ပါလေ့
ရှိရာ ဆရာမလေးသီချင်းဆိုသည့်အခါ တယောပြား လေးဖြင့် မှေးလိုက်ပေးရသူက ဒေါက်တာမြင့်ဆွေ။

ဗိုလ်ချုပ်သည် စာပေဂီတသာမက ရုပ်ရှင်လည်း
ကြိုက်သည်။ အတွင်းဝန်ရုံးတွင် ရုံးထိုင်သည့်အခါ
မအားလပ်သည့်ကြားမှ လက်စွဲကျော် အပါးတော်မြဲ
ဗိုလ်ထွန်းလှနှင့်အတူ ဆူးလေဘုရားလမ်းတစ်ဝိုက်ရှိ ရုပ်ရှင်ရုံများဆီသို့ အပြေးအလွှား သွားရောက်ကြည့်ရှု လေ့ရှိ၏။ ဗိုလ်ချုပ်သည် ရုပ်ရှင်ကို ရွေးကြည့်သည်။ ဗရုတ်ဗရက် သရုပ်ပျက် ဇာတ်ကားမျိုး၊ လူမျိုးတစ်မျိုး အား နှိမ့်ချသောဇာတ်ကားမျိုး ဘယ်တော့မှမကြည့်၊ နက်နဲသိမ်မွေ့၍ စိတ္တဗေဒနှင့် ပတ်သက်သော ဇာတ်
ကားမျိုး၊ အချစ်အိမ်ထောင်ရေးဇာတ်ကားများပင်ဖြစ်
စေ    ဇာတ်အိမ်ခိုင်ခံ့၍     အကျိုးပြုဖြစ်စေမည့် သရုပ်ဖော်ဇာတ်ကားမျိုး၊       ရာဇဝင်သမိုင်းကို နောက်ခံထားသည့် ဇာတ်ကားမျိုးကိုမှ နှစ်သက်သည်။
ကလပ်ဂေဘယ်ပါဝင်သော Gone with the wind! ၊
Waterloo Bridge Rebecca ၊ The Good Earth ၊ For Whom the Bell tollsစသော   ဇာတ်ကားများမှာ
ဗိုလ်ချုပ်သဘောကျအကြိုက်တွေ့သော ဇာတ်ကားများ
ဖြစ်၏။For Whom the Bell tollsဇာတ်ကားမှာ စပိန်
ပြည်တွင်းစစ်ကို   ရိုက်ပြထားသော  ဇာတ်ကားဖြစ်ရာ ဗိုလ်ချုပ်သိပ်ကြိုက်သည့်    ဇာတ်ကားဖြစ်၏။  ဟာသ
ဇာတ်ကားများကိုလည်း    စိတ်လက်ရွှင်လန်းစေရန် ကြည့်ရှုတတ်သည်။ သို့သော် လော်ရယ်ဟာဒီတို့ပါဝင်
သောBean Hunksဟာသဇာတ်ကားမ
ျားကိုမူ သဘော မတွေ့၊ သဘာဝမကျသောဟာသ၊ Very Silly Jokes  ကြည့်ရှုသူတွေကို ကလိထိုး၍ အတင်းရယ်စေသော ဟာသများဟု သုံးသပ်သည်။

ဟာသရုပ်ရှင်ကို စိတ်ဝင်စားသော ဗိုလ်ချုပ်၏ ဟာသ
ပညာအပေါ်အမြင်မှာလည်း လေးနက်လှသည်။ ၁၉၄၆
ခုနှစ် ဖေဖော်ဝါရီလထုတ် ''ဇဝန'' ဂျာနယ်တွင် နှုတ်ခွန်း
ဆက်အမှာစကားရေးသားရာတွင်   ဗိုလ်ချုပ်သည် ဤသို့ ခွဲခြမ်းစိတ်ဖြာခဲ့သည်။

ဟာသပညာသည် လူမျိုးတစ်မျိုး၏ ဘဝတွင် အရေးပါ အရာရောက်သောပညာတစ်ရပ်ဖြစ်သည်။ သို့သော်
ဟာသအတုနှင့်အစစ် ခွဲခြားတတ်ရန်လိုသည်။ ဟာသ
ပညာသည်ကား လောကီ လူ့ဘဝလူ့ဇာတ်ခုံတွင် ရှေ့
နောက် မညီ၊ အဆင်မပြေသော အချက်အလက်များကို ဖော်ထုတ်၍ ရှင်လူအပေါင်းတို့အား ရယ်စရာသဘော
မြင်စေရမည်။  ဤသို့မြင်စေရာတွင် စာရေးဆရာ၏
Óဏ်စွမ်းအလိုက်   အသွင်အမျိုးမျိုးဆောင်နိုင်လေ သည်။   အချို့ဟာသများကား မိမိတို့ ပတ်ဝန်းကျင် ကမ္ဘာကြီးကို ဟက်ဟက်ပက်ပက် ရယ်မောကြသည်။
လှောင်ပြောင်ကြသည်၊ ခနဲ့ကြသည်၊ ရွဲ့ကြသည်၊ စောင်း
မြောင်းကြသည်၊ အချို့ကား မိမိတို့ဘာသာ မိမိတို့ကြိတ်
၍ ရယ်မောကြသည်။ ဤသို့လျှင် ဟာသပညာသည်များ
သည် အသွင်အမျိုးမျိုးဆောင်ကာ လောကီလူသား
များ၏ ကြီးကျယ်မှု၊ ဟန်ဆောင်မှု၊ ဝင့်ဝါမှု၊ ပလွှားမှု
အရပ်ရပ်ကို ပြက်ရယ်ပြုကြသည်။ ဥပမာဆိုရလျှင် ပြင်သစ်စာရေးဆရာကြီး မိုလျသည် မဟာဆန်ချင်သူ၊ ဆရာဝန်ပါပဲ အစရှိသည့်ပြဇာတ်များရေးသားကာ မိမိ
ခေတ်ရှိ   ပတ်ဝန်းကျင်လောကကို   ပြက်ရယ်ပြု
လှောင်ပြောင်ခဲ့သည်။     စလေဆရာကြီး ဦးပုည
သည်  ¤င်းရေးသားသော မေတ္တာစာများ၊  ပြဇာတ်များ
တွင်  ထိုခေတ်ထိုအခါက   လောကီလူသားများ၏
သွားလာနေထိုင်ပုံ၊ ဆက်ဆံပေါင်းသင်းမှု အစရှိသည်တို့
ကို ပြောင်လှောင်ရယ်မောစေခဲ့သည်။ နို
င်ငံခြားဟာသ
ဇာတ်လိုက်များထက် ဗိုလ်ချုပ်ပို၍ အထင်ကြီးသော မြန်မာဟာသ  မင်းသားကြီးမှာ   ဖိုးပါကြီးဖြစ်သည်ဟု မှတ်ချက်ပေးခဲ့ဖူးသည်။

အချုပ်ဆိုရလျှင် ဤမျှရေးပြသည်နှင့် ဗိုလ်ချုပ်သည်
အနုပညာသမားတစ်ယောက်ဖြစ်ကြောင်း ပေါ်လွင်
လောက်ပြီဟု ယူဆပါသည်။ တိုင်းပြည်အရေးကြောင့် ဘေးဖယ်ပေးခဲ့ရသည့် သူ့ဘဝ၊ သူ့အနုပညာသည်
အကယ်၍များ ငုပ်လျှိုးနေခဲ့ရာမှ ရှင်သန်ခွင့်များရခဲ့ပါ လျှင် ကျွန်ုပ်တို့ချစ်သည့် ဗိုလ်ချုပ်ကို စာရေးဆရာ (သို့
မဟုတ်) ဂီတစာဆို(သို့မဟုတ်) ရုပ်ရှင်ပညာရှင်စသည်
ဖြင့် ထင်ရှားကျော်ကြားသော အနုပညာရှင်တစ်ယောက် အဖြစ် မြင်တွေ့ကြရမည်မှာ မလွဲဟုတင်ပြရင်း  ဗိုလ်ချုပ်
ကို အလေးပြုရင်း ဤဆောင်းပါးကို အဆုံးသတ်ပါ
ရစေ။        ။

တင့်လွင်ဦး (စီးပွားရေးတက္ကသိုလ်)

No comments:

Post a Comment