Latest News

Saturday, May 26, 2018

မြန်မာနိင်ငံ၏ ပထမဆုံးဝန်ကြီးချုပ် ဦးနု နေအိမ်ပြခန်း ဖွင့်လှစ်

မြန်မာနိင်ငံ၏ ပထမဆုံးဝန်ကြီးချုပ် ဦးနု နေအိမ်ပြခန်း ဖွင့်လှစ်

ရန်ကုန် မေ ၂၅

မြန်မာနိုင်ငံလွတ်လပ်ရေးအတွက်
''နု-အက်တလီ''စာချုပ်ကို ချုပ်ဆိုခဲ့ သော    မြန်မာနိုင်ငံ၏   ပထမဆုံး ဝန်ကြီးချုပ်ဖြစ်သူ    ဦးနုအသုံးပြု ခဲ့သည့် အသုံးအဆောင်ပစ္စည်းများနှင့် သမိုင်းဝင်ပုံများကို    ဦးနုကွယ်လွန်ချိန် ထိ   နေထိုင်ခဲ့သည့်  နေအိမ်တွင် ပြည်သူများ လေ့လာကြည့်ရှုနိုင်ရန် ပြခန်းအဖြစ် မေ ၂၅ ရက် နံနက် ၁ဝ နာရီက   ¤င်းနေထိုင်ခဲ့သည့် ဗဟန်းမြို့နယ်  ဆရာစံလမ်းမကြီး ပြည်ထောင်စုလမ်းသွယ်ရှိ အိမ်အမှတ် (၄၂)၌ ဖွင့်လှစ်ခဲ့ရာ အခမ်းအနားသို့ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်ဇနီး ဒေါ်ခင်မိမိ ကြွယ်တို့ တက်ရောက်၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက    ''နောင်မျိုးဆက် ရှေးယခင်က နိုင်ငံရေးကြိုးပမ်းဆောင် ရွက်ခဲ့ကြတဲ့       လွတ်လပ်ရေး ခေါင်းဆောင်ကြီးများ၏ သမိုင်းများ ကို သိရှိနိုင်ရန် ၄င်းတို့၏ဖြတ်သန်းခဲ့မှု၊ နေထိုင်ခဲ့မှုဘဝများကို သိရှိရန် လိုပါ တယ်၊   လွတ်လပ်ရေးကို ဗိုလ်ချုပ် အောင်ဆန်း ကြိုးပမ်းနေသည့်ကာလ အောင်ဆန်း-အက်တလီစာချုပ်ချုပ်ဆို ပြီး တစ်နှစ်အတွင်းလွတ်လပ်ရေးရ မည်ဆိုသည့်ကာလအတွင်းမှာ ဗိုလ်ချုပ် ကျဆုံးပြီး ဒုတိယခေါင်းဆောင်အဖြစ် နု-အက်တလီစာချုပ်နဲ့   မိမိတို့နိုင်ငံ လွတ်လပ်ရေးရခဲ့တာ ဖြစ်ပါတယ်၊ ယခုအိမ်ကိုလာရောက်ခြင်းဖြင့် ဘဘဦးနု၏     သမိုင်းဖြတ်သန်းမှုများကို မြင်နိုင်မှာဖြစ်ပါတယ်''    ပြောကြား သည်။

အဆိုပါပြခန်းတွင်   ဘုရားခန်း၊ ဧည့်ခန်း၊ စာကြည့်ခန်း၊  ထမင်းစား ခန်း၊ အိပ်ခန်းနှင့် ဦးနုရေးသားခဲ့သည့် စာအုပ်များ၊ ဓာတ်ပုံများ၊ လက်ရေးမူ များစသည့် အသုံးအဆောင်ပစ္စည်း များကို ပြသသွားမည်ဖြစ်ရာ ပြခန်း ဖြစ်မြောက်ရေးအတွက် ဝန်ကြီးချုပ် ဦးနု၏လုပ်ဖော်ကိုင်ဖက်များ၊ စာရေး ဆရာများ၊ ဦးနုထာဝရ ဖောင်ဒေးရှင်း အဖွဲ့ဝင်များမှ ဝိုင်းဝန်းကူညီပံ့ပိုးပေး ခဲ့ကြပြီး ပြခန်းတွင် ပြသရန် ဦးနုနှင့် ပတ်သက်သည့် မှတ်တမ်း၊ ဓာတ်ပုံ များ၊ စာအုပ်များ၊ စာတမ်းများနှင့် ပြင်ဆင်စရာရှိသည်များကို     ရှေး လက်ရာမူများ မပျက်အောင် အနည်း ငယ်ပြင်ဆင်ခဲ့ရကြောင်း      သိရ
သည်။

 ''ဦးနုထာဝရဖောင်ဒေးရှင်းကို ၁၉၉၅ ခုနှစ်ကတည်းက ဖွဲ့စည်းခဲ့ တာပါ၊   အခုဆိုရင် ၂၄ နှစ်ရှိပါပြီ၊ ဘဘနုရဲ့   စာပေ၊   နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့  ဘဘနုရဲ့သမီး ဒေါ်စန်းစန်းနုနဲ့    မောင်နှမတွေလို ဆောင်ရွက်ခဲ့တာပါ၊    အဲဒီခေတ်  အဲဒီအခါက   ဝန်ကြီးချုပ်တွေရဲ့ နေထိုင်မှုအပြုအမူဟာ ဘယ်လောက် ရိုးသားတယ်ဆိုတာ အများပြည်သူမြင် စေချင်တဲ့အတွက် ဒီပြခန်းကို ဖွင့်လှစ် ခြင်း ဖြစ်ပါတယ်၊ ဒီနေ့ဟာ ဘဘနုရဲ့ ၁၁၁ နှစ်ပြည့် မွေးနေ့ပါ၊ မွေးနေ့ကို အကြောင်းပြုပြီး သူခေါင်းချသွားတဲ့ ဒီအိမ်ကလေးမှာ   ပြတိုက်လည်း မဟုတ်ပါဘူး၊      ပြခန်းလေးပါ၊      သမိုင်းဆိုင်ရာဓာတ်ပုံ   အထောက် အထား၊   သူကိုယ်ပိုင်သုံးသွားတဲ့ လက်ရေးမူ၊ ပစ္စည်း၊ အသုံးအဆောင် တွေ  အများအပြားရှိတဲ့အတွက် ဒီအိမ်ကလေးကို     သူရှိနေသကဲ့သို့ ကျွန်တော်တို့က ပြခန်းလေးပြုလုပ် ခြင်းဖြစ်ပါတယ်'' ဟု   ဦးနု ထာဝရ ဖောင်ဒေးရှင်းအဖွဲ့ဝင် စာရေးဆရာ မောင်သွေးသစ်က ပြောသည်။

မြန်မာနိုင်ငံ၏ ပထမဆုံးဝန်ကြီးချုပ် ဦးနုကို ၁၉ဝ၇ ခုနှစ် မေ ၂၅ ရက် တွင် အဖ ဦးစံထွန်းနှင့် အမိ ဒေါ်စော ခင်တို့မှ   ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့၌ မွေးဖွား ခဲ့သည်။   ၁၉၂ဝ  ပြည့်နှစ်တွင် တက္ကသိုလ်ကျောင်းသား   သပိတ် အတွင်းဝါးခယ်မမြို့ အစိုးရကျောင်း၌ ပဉ္စမတန်းမှ ပါဝင်ခဲ့သည်။ ၁၉၂၅ ခုနှစ်တွင် မြို့မ အထက်တန်းကျောင်းမှ ဒသမတန်း အောင်မြင်ခဲ့ပြီး ၁၉၂၉ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘီအေ(ဝိဇ္ဇာ)ဘွဲ့   ရရှိခဲ့သည်။ လွတ်လပ်ရေးရပြီးနောက်  မြန်မာ နိုင်ငံ၏ ပထမဆုံး ဝန်ကြီးချုပ်ဖြစ်လာ ပြီး နိုင်ငံနှင့် လူမျိုးအကျိုးကို စွမ်းစွမ်း တမံထမ်းဆောင်ခဲ့ ကာ ၁၉၉၅ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်တွင်    ယခု ပြခန်းထားရှိသည့် နေအိမ်၌ လူကြီး ရောဂါဖြင့် ကွယ်လွန်သည်။

ကြေးမှုံ၊သတင်း-အေးမင်းသူ၊ ဓာတ်ပုံ-ဇာနည်မောင်

No comments:

Post a Comment