ကန့်ဘလူမြို့နယ် ဘုတ်ဆန်းကုန်းကျေးရွာနှင့်ဇီးဖြူကုန်းကျေးရွာတို့မှ နွားကိုင်အသားပေါ်ဆောင်ရွက်သောလူများ ကိုယ်အရေပြား ဒေါင့်သန်းရောဂါ(သံသယ)တွေ့ရှိ
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ကန့်ဘလူမြို့နယ် ဘုတ်ဆန်းကုန်းကျေးရွာနှင့်ဇီးဖြူကုန်းကျေးရွာတို့မှ နွားကိုင်အသားပေါ်ဆောင်ရွက်သောလူများ ကိုယ်အရေပြား ဒေါင့်သန်းရောဂါ(သံသယ)တွေ့ရှိပြီး မန္တလေးအမျိုးသားဓာတ်ခွဲခန်းသို့ဓာတ်ခွဲနမူနာများပေးပို့ထားကြောင်း၊ရောဂါဆက်လက်ဖြစ်ပွားမှုမရှိစေရေးနှင့်ထိန်းချုပ်နိုင်ရေးအတွက်
မေ ၃ ရက်က ကန့်ဘလူမြို့ ခုတင် ၁၀၀ ဆံ့ဆေးရုံအုပ်ဒေါက်တာနေမိုးနှင့်ကျန်းမာရေးဝန်ထမ်း လေးဦးတို့က ရောဂါကုသမှုပေးခြင်း၊ကျန်းမာရေးအသိပညာပေးခြင်း၊ဖြစ်ပွားလျှင်ချက်ချင်းသတင်းပေးပို့ကြရန်မှာကြားခဲ့သည်။ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါက်တာကျော်လင်းနှင့် CAHW သင်တန်းသား သုံးဦးတို့ကလည်း ကျွဲနွား
များကို ဒေါင့်သန်းရောဂါကာကွယ်ဆေးများထိုးနှံပေးခဲ့ကြောင်းသိရသည်။
ဧပြီ ၂၀ ရက်က ကန့်ဘလူမြို့နယ် တင်မော်ကျေးရွာအုပ်စု ဘုတ်ဆန်းကုန်းကျေးရွာတွင် ပိုင်ရှင်ဦးဝင်းသိန်း၏ နွားထီး အသက်လေးနှစ်ခန့်သည်ရုတ်တရက်လဲကျသေဆုံးခဲ့ပြီး သေဆုံးသောနွားအသေကောင်အား ပိုင်ရှင်ပါကိုးဦးက မြေမြှုပ်ခြင်းမပြုဘဲ ကိုင်တွယ်ခုတ်ထစ်စားသောက်ခဲ့ကြောင်း၊ခုတ်
ထစ်စားသောက်သူ ကိုးဦးအနက် လူရှစ်ဦး ဦးဝင်းကြိုင် ၃၂ နှစ်၊ ဦးဆန်းဦး ၃၇ နှစ်၊ ဦးစိုးဝင်း ၃၀ နှစ်၊ဦးမောင်ဆန်း ၃၁ နှစ်၊ ဦးဝင်းမောင် ၅၃ နှစ်၊ဦးဘိုဝင်း ၂၉ နှစ်၊ ဦးမောင်ချို ၅၃ နှစ် နှင့်ဦးဝင်းသိန်း ၃၅ နှစ်တို့၏လက်များတွင် အနာများဖြစ်ပွားခဲ့ကြောင်းဘုတ်ဆန်းကုန်းကျေးရွာ ရာအိမ်မှူး၏ပြောပြချက်အရ
သိရသည်။
မေ ၂ ရက်ကမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ချပ်သင်းတိုက်နယ်တာဝန်ခံဒုတိယဦးစီးမှူးဒေါက်တာကျော်လင်းနှင့် CAHW သင်တန်းသားသုံးဦးနှင့်အတူဘုတ်ဆန်းကုန်းကျေးရွာသို့ကွင်းဆင်းရောက်ရှိခဲ့ပြီး ကျေးရွာရညအိမ်မှူး၏နေအိမ်တွင်သေဆုံးသောတိရစ္ဆာန်အသေကောင်များအား အသားပေါ်စားသောက်ခြင်း၊ရောင်းချခြင်းမပြုရန်၊
အသေကောင်၏အထက်တွင်မြေအနက် ခြောက်ပေခန့်ဖို့၍မြှုပ်နှံရန်၊အသေကောင်များထားရှိခဲ့သောနေရာများအား ပိုးသတ်ဆေးဖျန်းခြင်းပြုလုပ်ရန်၊ကူးစက်ရောဂါဟုသံသယရှိပါက သက်ဆိုင်ရာအုပ်ချုပ်ရေးမှူး၊ရပ်ရွာလူကြီးများမှတစ်ဆင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသို့ အမြန်ဆုံးသတင်းပို့အကြောင်း
ကြားရန်၊အသိပညာပေးဟောပြောခြင်း၊လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ခြံဆေးဖျန်းခြင်းတို့ဆောင်ရွက်ခဲ့ပြီး ကျေးရွာအတွင်းရှိ အခြားကျွဲနွားများတွင် နေမကောင်းဖြစ်ခြင်း၊သေဆုံးခြင်းမရှိကြောင်းသိရသည်။
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည် ဧပြီ ၁၈ရက်နှင့် ၁၉ ရက်တို့တွင် ဘုတ်ဆန်းကုန်းကျေးရွာရှိကျွဲနွားပိုင်ရှင် ၄၅ ဦးတို့၏ ကျွဲနွား ၁၈၀ ကောင်ကိုလည်းကောင်း၊ ဧပြီး ၁၂ ရက်က ညိုပင်ရှိုကျေးရွာအုပ်စု ဇီးဖြူကုန်ကျေးရွာရှိ ကျွဲနွားပိုင်ရှင် ၂၄ ဦးတို့၏ကျွဲနွား ၁၀၅ ကောင်တို့အားလည်းကောင်း ဒေါင့်သန်းရောဂါကာကွယ်ဆေးများထိုးနှံပေးခြင်းနှင့်အသိ
ပညာပေးဟောပြောခြင်းတို့ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
" တိရစ္ဆာန်အသေသားကိုစားသောက်ခြင်းအားဖြင့် လူကိုကူးစက်ရန်မလွယ်ကူပါဘူး။မြန်မာ့ရိုးရာချက်ပြုတ်စားသောက်မှုအရ အမဲသားဟင်းချက်ရာမှာ အနည်းဆုံး နာရီနှင့်ချီ ချက်ပြုတ်စားသောက်လေ့ရှိပါတယ်။ကျွဲနွားများတွင်ဖြစ်ပွားလေ့ရှိတဲ့ ဒေါင့်သန်းရောဂါပိုးဟာ ပွက်ပွက်ဆူတဲ့ရေနွေးတွင် မိနစ်
၃၀ အထိသာ အသက်ရှင်နိုင်ပါတယ်။ချက်ပြုတ်ထားတဲ့အမဲသားစားသောက်ရုံဖြင့် ဒေါင့်သန်းရောဂါကူးစက်ဖြစ်ပွားရန် အခွင့်အလမ်းအလွန်နည်းပါတယ်။
ရောဂါဖြစ်ပွားခြင်းဟာ ရောဂါဖြစ်နေတဲ့ အသေကောင်ကိုအသားပေါ်တဲ့နေရာတွင် လုပ်ကိုင်ဆောင်ရွက်သူများမှာ လုံလောက်တဲ့ကာကွယ်မှုမလုပ်ထား၍ အသေကောင်၏ သွေး၊အညစ်အကြေးကလီစာ အသားများကိုင်တွယ်ထိတွေ့ရာမှ လူသို့ရောဂါကူးစက်မှုဖြစ်ပေါနိုင်ပါတယ် " ဟု ခရိုင်မွေး
မြူရေးနှင့်ကုသရေးဦးစီးဌာနမှူးဒေါက်တာထူးမြင့်အောင်ကရှင်းပြသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)
Friday, May 4, 2018
ကန့်ဘလူမြို့နယ် ဘုတ်ဆန်းကုန်းကျေးရွာနှင့်ဇီးဖြူကုန်းကျေးရွာတို့မှ နွားကိုင်အသားပေါ်ဆောင်ရွက်သောလူများ ကိုယ်အရေပြား ဒေါင့်သန်းရောဂါ(သံသယ)တွေ့ရှိ
ကန့်ဘလူမြို့နယ် ဘုတ်ဆန်းကုန်းကျေးရွာနှင့်ဇီးဖြူကုန်းကျေးရွာတို့မှ နွားကိုင်အသားပေါ်ဆောင်ရွက်သောလူများ ကိုယ်အရေပြား ဒေါင့်သန်းရောဂါ(သံသယ)တွေ့ရှိ
Reviewed by Ar Ti
on
6:39 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment