မြန်မာနိုင်ငံမှ သင်္ဘောသားများကို ခေါ်ယူမည်
ရန်ကုန် မေ ၁၆
အိန္ဒိယနိုင်ငံ ဘုံဘေမြို့ရှိ ကမ္ဘာကျော် ကုန်သွယ်ရေးသင်္ဘောလိုင်းများဖြစ်သောTransworld နှင့် Campbell သင်္ဘောလိုင်းတို့သည် မြန်မာသင်္ဘော သားများအား ယခုနှစ်အတွင်း ခေါ်ယူမည်ဖြစ်ကြောင်း Ray သင်္ဘောသား အလုပ် အကိုင် ရှာဖွေရေး အေဂျင်စီ ဝန်ဆောင်မှု လုပ်ငန်းပိုင်ရှင် ဦးကျော်မြဦးထံမှ သိရသည်။
မြန်မာသင်္ဘောသားများကို ခေါ်ယူရာ တွင် ရန်ကုန်မြို့ရှိ Ray သင်္ဘောသား အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီနှင့် ချိတ်ဆက်မည်ဖြစ်ပြီး အိန္ဒိယသင်္ဘောလိုင်း နှစ်လိုင်း၌ရှိသော သင်္ဘော ၂၃စင်းတွင် တာဝန် ထမ်းဆောင်ရန် ဖြစ်ကြောင်း သိရသည်။ သြဂုတ်လမှစ၍ မြန်မာ သင်္ဘောသား ၅ဝဝခန့်အား ခေါ်ယူမည်ဖြစ်ပြီး သင်္ဘော၏ ကုန်းပတ်နှင့် စက်ပိုင်းတွင် တာဝန်ထမ်း ဆောင်ရန် အခြေခံ သင်္ဘောသားမှ အရာရှိ အဆင့်အထိ ခန့်ထား မည်ဖြစ် ကာ သင်္ဘော တစ်စင်းလုံး၌ မြန်မာ သင်္ဘောသားများကို သီးသန့် တာဝန်ထမ်းဆောင်ရန် တာဝန်ပေး မည် ဖြစ်သည်။
''လက်ရှိမှာ သင်္ဘောလိုင်းတွေက မြန်မာ သင်္ဘောသားတွေကို ခေါ်ယူဖို့ နှစ်နိုင်ငံက တာဝန်ရှိသူတွေ ဆွေးနွေး နေပါတယ်။ ဒီ သင်္ဘောလိုင်း နှစ်လိုင်းမှာ မြန်မာသင်္ဘောသားတွေရဲ့ အလုပ်အကိုင် အရည်အသွေးကို ကြည့်ပြီး သင်္ဘောသား ထပ်မံခေါ်ယူနိုင် တာကြောင့် ကြိုးစားဖို့ လိုပါတယ်''ဟု ဦးကျော်မြဦးက ပြောသည်။
MWD
No comments:
Post a Comment