Latest News

Tuesday, May 1, 2018

လာရောက်အပန်းဖြေလည်ပတ်သူများဖြင့် စည်ကားစပြုလာသည့် ရှမ်းရိုးမအပန်းဖြေဆင်စခန်း

လာရောက်အပန်းဖြေလည်ပတ်သူများဖြင့် စည်ကားစပြုလာသည့် ရှမ်းရိုးမအပန်းဖြေဆင်စခန်း

မိတ္ထီလာမေ ၁

တောင်ကြီးခရိုင် ကလောမြို့ နယ် နန်ပန်တက်ကျေးရွာအနီးတွင်တည်ရှိသည့်ရှမ်းရိုးမအပန်းဖြေဆင်စခန်းကိုဧပြီလအတွင်း
က စတင်ဖွင့်လှစ်ခဲ့ပြီးယခုအခါ လာရောက်အပန်းဖြေလည်ပတ်သူများဖြင့် စည်ကားစပြုလာပြီဖြစ်ကြောင်းသိရသည်။

 ရှမ်းရိုးမအပန်းဖြေဆင်စခန်းကိုဖွင့်ခါစကလူသိနည်းသေးတော့လည်ပတ်သူအလွန်နည်းပါးခဲ့ပြီးအခုတော့ တဖြည်းဖြည်း
လူသိများလာတာကြောင့်  လာရောက်အပန်းဖြေသူများနဲ့  စည်ကားစပြုလာပါပြီ။  ပြည်တွင်းခရီးသွားဧည့်သည်တွေကိုတစ်ဦးကို
ဝင်ခ တစ်ထောင်ကျပ်ကောက်ခံပြီးကလေးငယ်တွေကို အခမဲ့ဝင်ခွင့်ပြုတယ်။ ဆင်စီးခကတော့ တစ်ဦးကို ၃၀၀၀ ကျပ် ပေးရပါ
တယ်။ နိုင်ငံခြားခရီးသွားဧည့်သည်တွေကိုတော့ ၀င်ခရော ဆင်စီးခ အပါအ၀င်  တစ်ဦးကိုကျပ် နှစ်သောင်းပေးရပါတယ် ဟုရှမ်း
ရိုးမအပန်းဖြေဆင်စခန်းမှ  ဆင်ထိန်းသမားတစ်ဦး က ပြောသည်။ဆင်စီးခြင်းပြုလုပ်လိုခြင်းမရှိသူများအနေဖြင့်လည်းလွတ်လပ်
စွာအပန်းဖြေအနားယူနိုင်သည်။

 ရှမ်းရိုးမအပန်းဖြေဆင်စခန်းသည် မိတ္ထီလာမြို့ ဘက်မှ လာရောက်လျှင် မိုင် ၇၀ ခန့်သာဝေးကွားပြီး     မန္တလေးတိုင်း
ဒေသကြီးနှင့် ရှမ်းပြည်နယ်နယ်စပ် ရှိနန်ပန်တက်ကျေးရွာအနီးတွင်ရှိပြီးစခန်းအတွင်းဆင်စီးခြင်း၊ တောင်ကျချောင်းအတွင်းရှိ
ကျောက်တုံးကြီးများအပေါ်တွင် အလှဓာတ်ပုံရိုက်ကူးခြင်း ၊ တောင်ကျချောင်းအထက်ရှိရေတံခွန်ငယ်အနီးနှင့် ချောင်းအတွင်း
ရေချိုးအပန်းခြင်းများအပြင်  အရိပ်ကောင်းသောသစ်ပင်ရိပ်များအောက်တွင် မိသားစုလိုက် ၊  မိတ်ဆွေပေါင်းသင်းများအစုအဖွဲ့
လိုက်  အပန်းဖြေအနားယူနိုင်ရန် ကွပ်ပျစ်ငယ်များကိုဆောက်လုပ်ပေးထားသည်။ရှမ်းရိုးမအပန်းဖြေဆင်စခန်းကိုမြန်မာ့ဆင်များ
ရေရှည်ထိန်းသိမ်းရေးအတွက် အထောက်အကူပြုစေရန် ရည်ရွယ်ချက်ဖြင့် သံယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး
ဝန်ကြီးဌာန ၊ မြန်မာ့သစ်လုပ်ငန်း ၊ တောင်ကြီးသစ်ထုတ်ရေးဒေသ၀က်ဖြူရေကြိုးဝိုင်းအတွင်း၌ဖွင့်လှစ်ခြင်းဖြစ်ကာအပန်းဖြေ
ဆင်စခန်းတွင် မွေးဖွားပြီးစအမွှာဆင်ငယ်နှစ်ကောင် အပါအ၀င် ဆင် ၁၀ ကောင်ရှိပြီးလာရောက်အပန်းဖြေသူများအနေဖြင့်
ဆင်စီးခြင်းအပြင် ဆင်အစာကျွေးခြင်း ၊ ဆင်ငယ်များအတွက် နို့ဗူးတိုက်ကျွေးခြင်းများလည်း ပြုလုပ်နိုင်ကြောင်းသိရသည်။

ချမ်းသာ ( မိတ္ထီလာ)

No comments:

Post a Comment