Latest News

Tuesday, May 1, 2018

ကုန်စည်စီးဆင်းမှုအဆင်ပြေ၊ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ဖျာပုံမြို့၌ ကုန်တင်ကုန်ချ ကားဝန်း တည်ဆောက်လျက်ရှိ

ကုန်စည်စီးဆင်းမှုအဆင်ပြေ၊ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ဖျာပုံမြို့၌ ကုန်တင်ကုန်ချ ကားဝန်း တည်ဆောက်လျက်ရှိ


ဧရာဝတီတိုငိးဒေသကြီး၊ဖျာပုံခရိုင် ၊ဖျာပုံမြို့ မြောက်ပိုင်းရပ်၌် ခရီးသွားပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းစေရေးနှင့် ကုန်စည်စီးဆင်းမှုအဆင်ပြေစေရေးအတွက် ကုန်ကားကြီးများ ခေတ္တရပ်နား ကုန်တင်ကုန်ချ ပြုလုပ်နိုင်ရေးအတွက် ကားဝန်းတည်ဆောက်လျက်ရှိကြောင်းသိရသည်။

"မြို့ထဲကို ကုန်ကားကြီးတွေ ဝင်တဲ့အခါ ခရီးသွားးပြည်သူတွေ ယာဉ်အန္တာရယ်တွေ စိုးရိမ်ရတယ် ။ နောက် ကားကြီးတွေဝင်တဲ့အတွက် မြို့ပေါ်ရပ်ကွက်က လမ်းတွေပျက်တယ်။ဒိလို ယာဉ်အန္တရာယ် ၊လမ်းပျက်ဆီးမှုတွေ စိုးရိမ်နေရတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေကတစ်ဆင့် သက်ဆိုင်ရာအဆင့်ဆင့်ကိုတင်ပြပြီး ယခုလို  ကုန်တင်ကားကြီးများ ခေတ္တရပ်နားနိင်တဲ့ ကားကြီးဝန်းတည်ဆောက်နေခြင်းဖြစ်တယ်။ ဒီလိုကုန်တင်ကုန်ချကားကြီးဂန်းတည်ဆောက်လိုက်တဲ့အတွက် ပြည်သူတွေလည်းယာဉ်အန္တရာယ်ကင်းပြီးကုန်စည်စီးဆင်းမှုတွေလည်းပိုမိုလွယ်ကူမယ်လို့ မျှော်လင့်ပါတယ် " ဖျာပုံခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်ကပြောသည်။

   အဆိုပါ ကုန်တင်ကုန်ချ ခေတ္တကုန်စည်ဖလှယ်ရာနေရာကားကြီးဝန်းကို ဖျာပုံမြို့ချောင်းတွင်းလမ်းမကြီးးနှင့် ဖျာပုံတံတားချဉ်းကပ်လမိးကြား မိုးလုံလေလုံအားကစားရုံနောက်ကျောဘက်နေရာတွင် အရှည် ၃၇၅ပေ၊အကျယ် ၅၀ပေရှိ ကုန်ကားကြီး အစီး၂၀ရပ်နားနိုင်မည့် ကုန်ကားကြီးဝန်းအဖြစ် ဖျာပုံမြို့ လမ်းဦးစီးဌာနက တာဝန်ယူဆောက်လုပ်လျက်ရှိသည်။

  အဆိုပါ ကုန်ကားကြီးဝန်းကို ဖျာပုံကားကြီးဝန်း ပြုပြင်မွမ်းမံပြီးစီးသည့်အချိန်အထိ အသုံးပြုမည်ဖြစ်ပြီး၊၂၀၁၇ -၂၀၁၈ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေ ကျပ် (၁၁၀.၀၀)သန်း ကုန်ကျခံ ဆောက်လုပ်နေကြောင်း သိရသည်။
 
သူဇာနွယ် (ဖျာပုံ)

No comments:

Post a Comment