Latest News

Tuesday, May 1, 2018

လမ်းဘေးချရပ်ထားသော ကွန်ဒေါင်းထော်လာဂျီအား ဆိုင်ကယ်မှဝင်တိုက် ဆိုင်ကယ်မောင်းနှင်သူသေဆုံး

လမ်းဘေးချရပ်ထားသော ကွန်ဒေါင်းထော်လာဂျီအား ဆိုင်ကယ်မှဝင်တိုက် ဆိုင်ကယ်မောင်းနှင်သူသေဆုံး

ဘားအံ မေ ၁

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊နောင်ပလိန်ကျေးရွာအုပ်စု၊နောင်သရကျေးရွာ၊ နောင်သရ-နောင်ဖိုး ကျေးရွာချင်းဆက်လမ်းအတိုင်း မောင်းနှင်လာသည့် ဆိုင်ကယ်မှ လမ်းမဘေးတွင်ချရပ်ထားသော ကွန်ဒေါင်း ထော်လာဂျီအား ၀င်တိုက်မိရာ ဆိုင်ကယ်မောင်းနှင်သူမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့သဖြင့် ဘားအံဆေးရုံကြီး သို့ပို့ဆောင်စဉ် ရရှိသောဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်။

ဧပြီလ ၃၀ ရက်နေ့ ည၁၂နာရီအချိန်ခန့် ဘားအံမြို့နယ်၊နောင်ပလိန်ကျေးရွာအုပ်စု၊နောင်သရကျေးရွာ၊ နောင်သရ-နောင်ဖိုးကျေးရွာချင်းဆက်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ အိန္ဒုနယ်မြေရဲစခန်း နယ်ထိန်းခေါင်း ဆောင် ဒုရဲအုပ် အောင်ကျော်ကိုဦးစီးအဖွဲ့မှ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ စောအငယ်၊၃၀နှစ်၊ နောင်သရကျေးရွာ၊ ဘားအံမြို့နယ်နေသူသည် ၃၉/ယ-----နံပါတ်တပ်၊  Wave-125 အမျိုးအစား၊ အပြာရောင် ဆိုင်ကယ်အား နောင်သရ-နောင်ဖိုး ကျေးရွာချင်းဆက်လမ်းအတိုင်း မောင်းနှင်လာစဉ် အဆိုပါလမ်းမ၏ဘေးတွင် ချရပ်ထားသော ဦးနေအောင်မြ၊ ၃၇နှစ်၊စံဖရီးကျေးရွာ၊ဘားအံမြို့နယ်နေသူပိုင်ဆိုင် သည့် ကွန်ဒေါင်းအမျိုးအစား၊ ထော်လာဂျီအား ၀င်ရောက်တိုက်မိခဲ့၍ ၀ဲဘက်ခြေထောက်ရိုးကျိုး၊ယာခြေသလုံးပေါက်ပြဲ၊မေးစေ့ ပေါက်ပြဲ(စိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့သဖြင့် မှုခင်းဆေးစာဖြင့် ဘားအံဆေးရုံကြီးသို့ ပို့ဆောင်စဉ် အခင်းဖြစ်စဉ်က ရရှိခဲ့သော ဒဏ်ရာများကြောင့် သေဆုံးသွားခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး အိန္ဒုနယ်မြေရဲစခန်းမှ ဥပဒေနှင့်အညီ ဆက်လက်စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)

No comments:

Post a Comment