Latest News

Monday, May 14, 2018

မြန်မာ နိုင်ငံရှိ အလုပ်သမားများ အတွက် တစ်ရက် အလုပ်ချိန် ၈နာရီ လုပ်အားခ ၄၈ဝဝ ကျပ်သတ်မှတ်

မြန်မာ နိုင်ငံရှိ အလုပ်သမားများ အတွက် တစ်ရက် အလုပ်ချိန် ၈နာရီ လုပ်အားခ ၄၈ဝဝ ကျပ်သတ်မှတ်

နေပြည်တော်   မေ  ၁၄

မြန်မာနိုင်ငံရှိ အလုပ်သမားများ အတွက် နေရာဒေသနှင့် လုပ်ငန်းအမျိုးအစား မခွဲခြားဘဲ  တစ်နိုင်ငံလုံး တစ်ပြေး ညီ တစ်နာရီလျှင် ၆ဝဝ ကျပ် (ခြောက်ရာကျပ်)နှုန်းဖြင့်  တစ်ရက်အလုပ်ချိန် ၈နာရီအတွက် ၄၈ဝဝကျပ် (လေး ထောင့် ရှစ်ရာကျပ်) သတ်မှတ်လိုက်ကြောင်း အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီက (အမိန့်ကြော်ငြာစာအမှတ်၊ ၂/၂ဝ၁၈)ဖြင့် ယနေ့ထုတ်ပြန်သည်။

အဆိုပါထုတ်ပြန်ချက်အရ တစ်ရက်အလုပ်ချိန် ၈ နာရီအတွက် ၄၈ဝဝ ကျပ်(လေးထောင့်ရှစ်ရာကျပ်) သတ်မှတ် ချက်သည်   အလုပ်သမား  ၁ဝဦးအောက်ရှိ လုပ်ငန်းငယ်များ၊ မိသားစု တစ်ပိုင်တစ်နိုင် လုပ်ငန်းများနှင့် သက်ဆိုင် ခြင်း မရှိကြောင်း  သိရသည်။

အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး ဆိုင်ရာ အမျိုးသား ကော်မတီသည် ၂ဝ၁၃ ခုနှစ်၊ အနည်းဆုံး အခကြေးငွေ ဥပဒေပုဒ်မ ၁ဝ၊ ပုဒ်မခွဲ(က)အရ အနည်းဆုံး အခကြေးငွေ သတ်မှတ်မည့် အဆိုပြု အနည်းဆုံးအခ ကြေးငွေ အမိန့်ကြော်ငြာ စာကို အများပြည်သူ သိရှိစေရန် ၂-၁-၂ဝ၁၈ ရက်စွဲပါ အမိန့်ကြေငြာစာအမှတ်၊ ၁/၂ဝ၁၈ ကို ထုတ်ပြန် ကြေညာကာ ပြည်ထောင်စု နယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အလုပ်ရှင်နှင့် အလုပ်ရှင် အဖွဲ့အစည်းများ၊ အလုပ်သမားနှင့် အလုပ်သမား အဖွဲ့အစည်းများ၏ ကန့်ကွက်ခြင်း၊ ပြင်ဆင်ခြင်း၊ ထောက် ခံခြင်း စသည့် သဘောထား မှတ်ချက်များကို ပြည်ထောင်စု နယ်မြေ၊ သက်ဆိုင်ရာတိုင်း ဒေသကြီးနှင့် ပြည်နယ်ကော်မတီများက ပြန်လည်ရှင်းလင်း ဆွေးနွေး၍ အဆိုပြုနှုန်းထားများ ပြန်လည် တင်ပြ စေခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

ထိုကဲ့သို့ ထပ်မံအဆိုပြု တင်ပြသည့် အနည်းဆုံး အခကြေးငွေ နှုန်းထားများကို ၂ဝ၁၃ခုနှစ် အနည်းဆုံး အခကြေး ငွေ ဥပဒေပုဒ်မ ၁ဝ၊ ပုဒ်မခွဲ(ဃ)နှင့်အညီ သုံးပွင့်ဆိုင်ကိုယ်စားများနှင့် ညှိနှိုင်းဆွေးနွေးပွဲများ ပြုလုပ်ကာ နေရာ ဒေသနှင့် လုပ်ငန်း အမျိုးအစား မခွဲခြားဘဲ တစ်နိုင်ငံလုံး တစ်ပြေးညီ တစ်နာရီလျှင် ၆ဝဝ ကျပ် (ခြောက်ရာကျပ်) နှုန်းဖြင့် တစ်ရက် အလုပ်ချိန် ၈ နာရီအတွက် ၄၈ဝဝ ကျပ် (လေးထောင့် ရှစ်ရာကျပ်)အဖြစ် ဆုံးဖြတ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

MWD

No comments:

Post a Comment