Latest News

Monday, May 14, 2018

အိုင်စီစီ မှ မြန်မာအပေါ် တိုက်ရိုက် စုံစမ်း မှု ပြုရန် ရှိမရှိ နောက်လတွင်ဆုံးဖြတ်မည် ဖြစ်

အိုင်စီစီ မှ မြန်မာအပေါ် တိုက်ရိုက် စုံစမ်း မှု ပြုရန် ရှိမရှိ နောက်လတွင်ဆုံးဖြတ်မည် ဖြစ်

အိုင်စီစီ ရှိ စစ်ရာဇ၀တ်မှုများ ဆိုင်ရာ တရားသူ
ကြီး သုံးဦးမှ ဇွန်လ ၂၀ ရက်နေ့တွင် တရားစွဲ
ဆိုခွင့် ပြုပါရန် လျောက်ထားသူ ဖာတို ဘင်ဆိုဒါ
နှင့် တံခါးပိတ် ခေါ်ယူ ဆွေးနွေးမည်ဟု လန်ဒန်
ထုတ် ဒေလီမေးလ် သတင်းစာကြီးတွင် ဖေါ်ပြ
ထားပါတယ်။

ဖာတို ဘင်ဆိုဒါသည် အိုင်စီစီ၏ အဓိက
တရားစွဲဆိုနိုင်ခွင့် ရှိသူ ရှေ့နေ အမျိုးသမီး ဖြစ်
ပါတယ်။ ထို့ အတွက် သူမအနေနဲ့ အမှုသွား
အမှုလာ ခိုင်လုံကြောင်း လျောက်လဲချက် ပေးရ
ဖို့ ရှိနေပါတယ်။

၎င်းမှ ပြီးခဲ့သည့် လ အတွင်းက အဖွဲ့ဝင်မဟုတ်
သည့် နိုင်ငံအပေါ် တရားစွဲဆိုခွင့်ရရေး အတွက်
အစဉ်အလာမရှိခဲ့သော အဆိုတရပ် တင်သွင်း
လာပြီး သူမ၏ အဆိုအပေါ်
အိုင်စီစီ မှ အပြီးသတ် ဆုံးဖြတ်ချက်ချရန် ဦး
တိုက် လျောက်ထားလာပါတယ်။

မြန်မာစစ်တပ်၏ အကြမ်းဖက် ပြုလုပ်ခဲ့မှု
ကြောင့် ဘင်္ဂါလီ မူဆလင် ခုနှစ်သိန်းနှီးပါးခန့်
ထွက်ပြေးလာမှုအား လူသားများ အပေါ် ကျုး
လွန်သော ရာဇ၀တ်မှု မြောက်မမြောက် စုံစမ်း
စစ်ဆေးခွင့် ပြုရန်နှင့် အဆိုပါ ဖြစ်ရပ်ကြီးအား
နယ်ခြား ဖြတ်ကျော် ပြစ်ခတ်မှု နဲ့ နိုင်းယှဉ်ပြီး
တင်ပြခဲ့ပါတယ်။

သူမရဲ့ လျောက်လဲမှုတွင် "တဖက်နိုင်ငံမှ ပြစ်
ခတ်လိုက်သော ကျည်ဆံတတောင့်သည်
အခြားနိုင်ငံ အတွင်း ရပ်နေသော လူကို ထိမှန်
မှသာ ကျုးလွန်သော ရာဇ၀တ်မှု ပြီးမြောက်သွား
ပြီဟု ပြော၍ မရနိုင်ဟူသော
အချက်ကိုလည်း တင်ပြ ပြောဆိုထားပါတယ်။

မြန်မာအစိုးရ ကတော့ အိုင်စီစီတွင် အခုလို
ပြုလုပ်လာခြင်း အပေါ် လွန်စွာ စိုးရိမ်မကင်း
ုဖြစ်မိကြောင်းနှင့် အိုင်စီစီ ၏ ပဋိညာဉ် စာတမ်း
တွင်လည်း အဖွဲ့ဝင် မဟုတ်သော နိုင်ငံ တနိုင်ငံ
အနေဖြင့် အိုင်စီစီ ၏ စီရင် ဆုံးဖြတ်ပိုင်ခွင့်အား
လိုက်နာရမည်ဟု မည်သည့်နေရာတွင်မှ ဖေါ်ပြ
ထားခဲ့ခြင်း မရှိကြောင်း သဘောထား ကြေငြာ
ချက်ကို ထုတ်ပြန်ခဲ့ပြီးလည်း ဖြစ်ပါတယ်။

ဘင်ဆိုဒါ၏ တောင်းဆိုမူအား စုံစမ်း စစ်ဆေးမည့် အထူးတရားရုံးမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏သဘောထား လေ့လာချက်အား ဂ္ဈန်လ ၁၁ ရက်နေ့ နောက်ဆုံးထားပြီး တင်သွင်းရန် စာရေးသားအကြောင်းကြားခဲ့ပြီးလည်း ဖြစ်ပါတယ်။

လှစိုး​ဝေ

No comments:

Post a Comment