Latest News

Thursday, May 24, 2018

ARSA ၏ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ဖြစ်ရပ်မှန်ကို ကမ္ဘာ့မီဒီယာများ ရေးသားဖော်ပြကြဖြစ်ရပ်မှန်များကို ကမ္ဘာ့မီဒီယာတို့ သိရှိလာကြပြီ

နေပြည်တော် မေ ၂၃

ရခိုင်ပြည်နယ်တွင် ARSA အစွန်းရောက် အကြမ်းဖက်အုပ်စုက လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြောင်း အထောက်အထားအသစ်အရ သိရသည်ဟူသည့် ခေါင်းစဉ်ဖြင့် Amnesty International tအဖွဲ့က မေ ၂၂ ရက် တွင် ထုတ်ပြန်ကြေညာခဲ့သည့် ဖြစ်ရပ်မှန်သတင်းအပေါ် နိုင်ငံတကာမီဒီယာများက ထပ်ဆင့်ထုတ်လွှင့်မှုများ ပြုလုပ်ခဲ့ ကြသည်။

အထောက်အထားတွေ့ရှိ
VOA သတင်းဌာနက မေ ၂၃ ရက် နံနက် ၆ နာရီ သတင်းအစီအစဉ်တွင် ရခိုင်ပြည်နယ်အတွင်းရှိ ဟိန္ဒူဘာသာဝင် အမြောက်အမြားအားARSAအစွန်း ရောက် အကြမ်းဖက်အဖွဲ့က သတ်ဖြတ်ခဲ့ သည်ဆိုသည့် အထောက်အထားတွေ့ရှိ ရကြောင်းAmnesty Interna- tional အဖွဲ့ ပြောကြား ခေါင်းစဉ်ဖြင့် ARSAအဖွဲ့က ခမောင်းဆိပ်ကျေးရွာ အနီးတွင် ဟိန္ဒူအမျိုးသမီး၊ အမျိုးသား နှင့် ကလေးငယ် စုစုပေါင်း ၉၉ ယောက် ခန့်အထိ သတ်ဖြတ်ခဲ့သလို ဖမ်းဆီး ခေါ်ဆောင်မှုများလည်း လုပ်ခဲ့သည်ဟု ထုတ်လွှင့်ဖော်ပြခဲ့သည်။

အလားတူ ဘီဘီစီသတင်းဌာနက လည်း ရခိုင်တွေ့ရှိချက်သစ် လွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့ ထုတ်ပြန် ခေါင်းစဉ်ဖြင့်Amnesty International အဖွဲ့၏ ယခုတစ်ခေါက် အစီရင်ခံစာထဲတွင် ရခိုင်ပြည်နယ်ရှိ ဟိန္ဒူအသိုင်းအဝိုင်းကို ပစ်မှတ်ထားပြီး အာဆာအဖွဲ့က ကျူးလွန်ခဲ့သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုများအကြောင်း ဖော်ပြ ထားကြောင်း၊ ယခု အစီရင်ခံစာ ထုတ်ပြန်နိုင်ရန် ကိုယ်တိုင်ကွင်းဆင်း လေ့လာခဲ့သည့် မြန်မာ့အရေး အထူးပြု သုတေသနပြုလုပ်သူ Amnesty International အဖွဲ့မှ လော်ရာဟေ့ဂ် ဆိုသူ အမျိုးသမီးအားBBCက မေးမြန်းရာ ၄င်းက မောင်တောမြို့နယ် ခမောင်းဆိပ်ရွာတွင် ဟိန္ဒူ ၉၉ ယောက် အထိ အသတ်ခံခဲ့ရပြီး မောင်တော အပြင်ဘက် သီးခြားဖြစ်ရပ် တစ်ခုတွင် လည်း အသတ်ခံခဲ့ရသည့် ဟိန္ဒူ ၆ ယောက်ရှိသည်ဆိုသည့် အထောက် အထားသက်သေများကို မှတ်တမ်းတင် နိုင်ခဲ့ကြောင်း၊ ကျူးလွန်သူများသည် ARSA အစွန်းရောက်အကြမ်းဖက် သမားများဟု ကောက်ချက်ချနိုင်ကြောင်း ဖြေကြားခဲ့သည်ဟူသည့် သတင်းကို ထုတ်လွှင့်ခဲ့သည်။

ကမ္ဘာ့သတင်းမီဒီယာများက ထုတ်လွှင့်ဖော်ပြ
ထို့ပြင် အဆိုပါဖြစ်ရပ်မှန်သတင်းနှင့် ပတ်သက်၍ Aljazeera, CNN, AFP, CNA, FOX News Channel , Sky News , The Straits Times, The Guardian , Daily Mail, The Daily Star, The Independent, The Wall Street Journal , The Washington Post, The Times of India , TIME, Bangkok Post စသည့် ကမ္ဘာ့သတင်းမီဒီယာများက လည်း ထုတ်လွှင့်ဖော်ပြထားကြသည်ကို တွေ့ရသည်။

တူးဖော်တွေ့ရှိခဲ့
ယင်းဖြစ်ရပ်သည် ၂ဝ၁၇ ခုနှစ် သြဂုတ်လက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သတ်ဖြတ်ခံရသည့် ဟိန္ဒူဘာသာဝင်များ ၏ အလောင်းများကို စက်တင်ဘာလ အတွင်းက တူးဖော်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးခေါ်ဆောင်သွား
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ဖမ်းဆီး ခေါ်ဆောင်သွားခြင်းခံရသည့် ဟိန္ဒူ ဘာသာဝင် အမျိုးသမီးများ၏ ပြောကြား ချက်များအရ ARSA အစွန်းရောက် အကြမ်းဖက်သမား ၃ဝဝ ခန့်က ရဲဘော်ကျ ကျေးရွာမှ ဟိန္ဒူဘာသာဝင် အမျိုးသား၊ အမျိုးသမီး ၁ဝဝ ခန့်အား ဖမ်းဆီးခေါ် ဆောင်သွားခဲ့ပြီး ရွာ၏ အနောက်ဘက် မီတာ ၁ဝဝဝ ခန့် အကွာတွင် အမျိုးသား၊ အမျိုးသမီးများအား သတ်ဖြတ်ကာ ¤င်းတို့ ၈ ဦးအား အစ္စလာမ်ဘာသာသို့ ဝင်ခိုင်းခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိ ရသည်။

နိုင်ငံပိုင်သတင်းမီဒီယာများက ထုတ်လွှင့်ဖော်ပြ
ရဲဘော်ကျကျေးရွာ၏ အနောက် မြောက်ဘက် မီတာ ၁၅ဝဝ ခန့်အကွာ၌ တူးဖော်ရှာဖွေခဲ့ရာ စက်တင်ဘာ ၂၄ ရက်တွင် ရုပ်အလောင်း ၂၈ လောင်း၊ စက်တင်ဘာ ၂၅ ရက်တွင် ရုပ် အလောင်း ၁၇ လောင်း စုစုပေါင်း ၄၅ လောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ၄၈ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း၊ ထို့ပြင် မောင်တောမြို့နယ် အိုးထိန်းကျေးရွာမှ ဟိန္ဒူဘာသာဝင် ၁၄၄ ဦး ပျောက်ဆုံး နေကြောင်း သတင်းထုတ်ပြန်ရေး ကော်မတီက ၂ဝ၁၇ ခုနှစ် စက်တင်ဘာ ၂၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပြီး နိုင်ငံပိုင် သတင်းမီဒီယာများကလည်း ထုတ်လွှင့်ဖော်ပြခဲ့ပြီး ဖြစ်သည်။

ယခုကဲ့သို့ ရက်စက်စွာ သတ်ဖြတ်ခံ ခဲ့ရသော ဟိန္ဒူဘာသာဝင် ရုပ် အလောင်းများ တွေ့ရှိရာနေရာသို့ ၂ဝ၁၇ ခုနှစ် စက်တင်ဘာ ၂၇ ရက်က ပြည်တွင်း ပြည်ပ သတင်းမီဒီယာများ သွားရောက် သတင်းယူခဲ့ရာတွင် TBS, Asahi Shun Bum, EPA , AFP, VOA , CNA, BBC , Xinhua , TV Asahi , Nippon, Frontier Myanmar , Reuter သတင်းဌာန တို့မှ သတင်းထောက်များ လိုက်ပါခဲ့ ကြသည်။

သတင်းဖြစ်ရပ်မှန်
ထိုအချိန်က ကမ္ဘာ့သတင်းမီဒီယာ အများစုက ယင်းသတင်းဖြစ်ရပ်မှန်များ ကို ထုတ်လွှင့်ဖော်ပြရန် ပျက်ကွက်ခဲ့ကြ သော်လည်း ယခုအခါ သတင်းဖြစ်ရပ် မှန်ကို အလေးအနက်ထားပြီး ပြန်လည် ထုတ်လွှင့်ဖော်ပြလာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။


သတင်းစဉ်

No comments:

Post a Comment