Latest News

Monday, May 28, 2018

အရက်အတူသောက် ရန်ဖြစ်ထိုးကြိတ်ခဲ့မှုကြာင့် ရရှိဒဏ်ရာဆေးကုသရန် သွားစဉ် သေဆုံး

အရက်အတူသောက် ရန်ဖြစ်ထိုးကြိတ်ခဲ့မှုကြာင့် ရရှိဒဏ်ရာဆေးကုသရန်  သွားစဉ် သေဆုံး

    ကျောက်တန်း   မေ ၂၈

      အရက်အတူသောက်ပြီး စကားများရန်ဖြစ်ကြရာမှ အစ်မဖြစ်သူ နေအိမ်သို့ ဒဏ်ရာများဖြင့် ရောက်ရှိလာပြီး ရရှိဒဏ်ရာမသက်သာသဖြင့်ဆေးကုသရန် ပို့ဆောင်စဉ် လမ်းခရီး၌ သေဆုံးခဲ့သောကြောင့် အရေးယူပေးပါရန် ကမာကလုပ်နယ်မြေစခန်းသို့ မေ(၂၆)ရက် ညနေ၄ နာရီ အချိန်က လာရောက်တိုင်ကြားမှုဖြစ်ပွားခဲ့သည်။

      ဖြစ်စဉ်မှာ မေလ (၂၅) ရက် နံနက် ( ၈)နာရီ အချိန်ခန့်တွင် တရားလိုအစ်မဖြစ်သူ ဒေါ်ချို(၅၂)နှစ် ခြောက်တဲစုကမာကလုပ်ကျေးရွာ နေသူသည် ညီမဖြစ်သူ ဒေါ်သီသီမာ ခြောက်တဲစု လယ်တဲနေအိမ်၌ အလုပ်လုပ်ကိုင်လျက်ရှိသော မောင်ဖြစ်သူ  ဦးကျော်နိုင်(၄၅)နှစ်  ပျောက်ဆုံးနေကြောင်း သိရှိရသဖြင့် လိုက်လံရှာဖွေရာ မတွေ့ရှိရဘဲ  ၄င်းနေ့ ညနေ(၆)နာရီခန့်တွင်  မောင်ဖြစ်သူ ဦးကျော်နိုင်မှာ (ဝဲ/ယာ) မျက်လုံးဖူးယောင်  /ယာဘက်နဖူး အစင်းရာ/နခေါင်းအစင်းရာ/အောက်နုတ်ခမ်းယောင်ဒဏ်ရာများဖြင့်  တရားလိုအစ်မဖြစ်သူနေအိမ်သို့  ရောက်ရှိလာခဲ့သဖြင့် မောင်ဖြစ်သူအား အကျိုးအကြောင်းမေးမြန်းရာ မောင်ဖြစ်သူမှပြန်လည်ဖြေကြားနိုင်ခြင်းမရှိသဖြင့်  ခြောက်တဲစု  အုပ်စုအတွင်း သွားရောက်စုံစမ်းရာ  မေလ(၂၄)ရက်နေ့ညနေတွင်  ဟန်မင်းထွေး ခြောက်တဲစု နေအိမ်၌  အရက်အတူသောက်ကြပြီး  စကားများရာမှ  ဟန်မင်းထွေးမှ အကြိမ်ကြိမ်  ထိုးကြိတ်ခဲ့ကြောင်း  သိရှိခဲ့ပြီး  မေလ(၂၆)ရက်နေ့ နံနက် (၁၁)နာရီအချိန်ခန့်တွင် ဦးကျော်နိုင်မှာ ရရှိဒဏ်ရာ မသက်သာသဖြင့်  ကျောက်တန်းမြို့ပြည်သူ့ဆေးရုံသို့ ဆေးကုသရန်ပို့ဆောင်စဉ်  လမ်းခရီး၌သေဆုံးခဲ့သဖြင့်  မောင်ဖြစ်သူအား အရက်အတူသောက်ပြီး စကားများရန်ဖြစ်ရာမှ ထိုးကြိတ်ခဲ့သောကြောင့် ဒဏ်ရာရှိပြီး  ရရှိဒဏ်ရာဖြင့်သေဆုံးသွားသဖြင့်  မောင်ဖြစ်သူကိုထိုးကြိတ်ခဲ့သူ  ဟန်မင်းထွေး ခြောက်တဲစုကမာကလုပ် ကျေးရွာနေသူအား  အရေးယူပေးပါရန်  လာရောက်တ်ုင်ကြားသောကြောင့်  ကမာကလုပ် နယ်မြေ ရဲစခန်းမှူး ရဲအုပ်စည်သူအောင်မှ  အမှုဖွင့်ပြီး  ထွက်ပြေးတိမ်းရှောင်နေသော  တရားခံအား ဖမ်းဆီးနိုင်ရေးအတွက်ဆောင်ရွက်လျှက်ရှိကြောင်း  သတင်းရရှိသည်
                                                                                                    ကျော်ဆန်းမြင့်(ပြန်/ဆက်)

No comments:

Post a Comment