Latest News

Thursday, May 31, 2018

ကုန်အပြည့်တင်ဆောင်လာသည့်တွဲကား ရွှေပန်းပင်ချောင်း ရေကျော်တံတားအတွင်းကျွံကျ ယာဉ်အသွားအလာများ ပိတ်ဆို့မှု ဖြစ်ပွား

ကုန်အပြည့်တင်ဆောင်လာသည့်တွဲကား ရွှေပန်းပင်ချောင်း ရေကျော်တံတားအတွင်းကျွံကျ ယာဉ်အသွားအလာများ ပိတ်ဆို့မှု ဖြစ်ပွား

မကွေး မေ ၃၀

        မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ၊ တောင်တွင်းကြီး -နတ်မောက်သွားကားလမ်းပေါ်ရှိ ရွှေပန်းပင်ချောင်း ရေကျော်တံတားတွင် ၂၀၁၈ခုနှစ် မေလ ၃၀ရက်နေ့ ညနေပိုင်းက ကုန်အပြည့်ဖြင့်တွဲကားတစ်စီး တွဲခေါင်းကျွံကျပြီး ယာဉ်အသွားအလာများ ပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း မြို့သစ်မြို့မရဲစခန်းမှသိရသည်။

          မြို့သစ်မြို့နယ်တွင် ၂၀၁၈ ခုနှစ် မေလ ၂၉ ရက်နေ့ ည ၇ နာရီအချိန်မှစတင်၍ လေကြီးမုန်တိုင်းတိုက်ကာ မိုးများ အဆက်မပြတ်ရွာသွန်းမှုကြောင့် မြို့သစ်မြို့နယ်အတွင်းရှိ ချောင်းများတွင် ချောင်းရေများကျဆင်းခဲ့ကြောင်း၊ ၂၀၁၈ခုနှစ် မေလ ၃၀ ရက်နေ့ ညနေ ၄ နာရီ ၄၀ အချိန်ခန့်က အောင်လံမြို့နေသူ ယာဉ်မောင်း ပြည့်ဖြိုးအောင်၊ ယာဉ်နောက်လိုက် အောင်ရာဇာမင်းတို့ မောင်းနှင်လာသော ယာဉ်အမှတ် 8J/------ယာဉ်သည် သကြားအိပ် (၃၂)တန်အားတင်ဆောင်လျှက် မန္တလေးသို့အသွား မြို့သစ်မြို့နှင့် ၅ မိုင်ခန့်အကွာ မိုင်တိုင်အမှတ် ( ၂၁/၃နှင့်၂၁/၄ ) ကြားရှိ မြို့သစ်မြို့နယ် ရွှေပန်းပင်ရေကျော်တံတားတွင် ရေကျော်အား ဖြတ်သန်းမောင်းနှင်ခဲ့ရာ ရေကျော်ထဲတွင်ကားဦးခေါင်းကျွံကျ သွားခဲ့ပြီး ကားဦးခေါင်းပိုင်းမှာတဖြေးဖြေး နစ်မြုပ်၍ ကားခေါင်မိုး တစ်တောင်ခန့်သာာကျန်ခဲ့ရာ ယာဉ်ပေါ်ပါလာသူများ ကားခေါင်းမိုးမှတဆင့်တက်ရောက်ခဲ့နိုင်သဖြင့် အနီးပတ်ဝန်းကျင်ရှိ အခြားယာဉ်ပေါ်ပါရှိ ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများမှ ဝိုင်းဝန်းကူညီကယ်ဆယ်ခဲ့ရကြောင်း၊ ဖြစ်စဉ်ကြောင့် ထိခိုက်နာကျင်စေမှုတစ်စုံတရာမရရှိခဲ့ကြောင်း  သိရသည်။

           ဖြစ်စဉ်နှင့်ပတ်သက်ပြီး မြို့သစ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းသူဝင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ တာဝန်ရှိဌာနဆိုင်ရာများ အသီးသီးရောက်ရှိလာပြီး ၄င်းနှစ်မြုပ်ကျွံနေသည့်တွဲခေါင်းအား အမြန်ဆုံးပြန်လည်ဆွဲထုတ် နိုင်ရန်နှင့် ယာဉ်ကျောပွင့်သွားလာမှုအဆင်ပြေနိုင်ရေး ဝိုင်းဝန်းလုပ်ဆောင်နေကြကြောင်း သိရှိရသည်။

မြန်​မာ့အလင်း၊ဇော်ဇော်( မြို့သစ် )

No comments:

Post a Comment