ရန်ကုန် မေ ၈
AFC Cup 2018 အာဆီယံဇုန် ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဖိလစ်ပိုင်ကလပ် ဆီးရက်စ်နှင့် ရန်ကုန်ယူနိုက်တက် အသင်းပွဲစဉ်အတွက် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲကို ယနေ့တွင် ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပကြောင်း သိရသည်။ အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် နှစ်ဖက်အသင်းနည်းပြချုပ်နှင့် အသင်းခေါင်းဆောင်များ တက်ရောက်ကြ သည်။
''ကျွန်တော်တို့အသင်းက အသင်းကောင်း တစ်သင်းဖြစ်တဲ့အပြင် ဆီးရက်စ်အသင်းကလည်း ပြီးခဲ့တဲ့နှစ်မှာ ဇုန်နယ် ချန်ပီယံအဖြစ် ရပ်တည်နိုင်ခဲ့တဲ့အသင်းဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အတွက် ခက်ခဲမှာ သေချာပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အကောင်းဆုံး ကစားနိုင်မယ်လို့ ယုံကြည်ပါတယ်။ အဝေးကွင်းမှာ ဆိုပေမယ့် ကျွန်တော့်အသင်းက ဘယ်ေ တာ့မှ ခံစစ်ပိတ်ဆို့ကစားတဲ့ အစဉ်အလာ မရှိပါဘူး။ ဒုတိယအကျော့ အိမ်ကွင်းပွဲစဉ်မှာလည်း ဒီနည်းဗျူဟာကို အသုံးပြုမှာ မဟုတ်ပါဘူး''ဟု ရန်ကုန်ယူနိုက်တက် အသင်းနည်းပြချုပ် ဦးမျိုးမင်းထွန်းက ပြောသည်။
မြန်မာနိုင်ငံ ကိုယ် စားပြု ရန်ကုန်ယူနိုက်အသင်းနှင့် ဆီးရက်စ်အသင်းတို့ ပွဲစဉ်ကို မေ ၉ ရက် ညနေ ၆ နာရီတွင် ဆီးရက်စ် အသင်းအိမ်ကွင်း၌ ကျင်းပမည်ဖြစ်ပြီး Fox Sports ရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ်လွှင့် ပြသမည်ဖြစ်ကြောင်း သိရသည်။
MWD
No comments:
Post a Comment