Latest News

Thursday, May 10, 2018

ရခိုင်ရိုးမတောစပ် ကြံခင်းမြို့နယ် ခုံကြီးတောင်ပေါ်၌ ခိုးဝင်လာသူ ၁ဝ ဦး ဖမ်းဆီးရမိ

ရခိုင်ရိုးမတောစပ် ကြံခင်းမြို့နယ် ခုံကြီးတောင်ပေါ်၌ ခိုးဝင်လာသူ  ၁ဝ ဦး ဖမ်းဆီးရမိ


ဟင်္သာတ မေ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် ခုံကြီးကျေးရွာ အနောက်ဘက် (၆)မိုင်ခန့်အကွာ ရခိုင်ရိုးမတောစပ်တွင် ခိုးဝင်လာသူ ၁ဝ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရခိုင်ရိုးမတောစပ် ခုံကြီးကျေးရွာ ချောင်းအနီးတွင် ခိုးဝင်လာသူ  ၂ ဦးရောက်ရှိနေကြောင်း သတင်းအရ မေ ၉ ရက် ညပိုင်းက ဘက်ရဲနယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်နေလင်းစိုး ဦးစီး ရဲတပ်ဖွဲ့ဝင်များနှင့်  ခုံကြီးကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့တို့ ပူးပေါင်းပြီး  သွားရောက်စစ်ဆေးရာ အာယုမ်အာလီ (ခ) လှကျော်၊   အုံးတောကြီး ဒုက္ခသည်စခန်း၊ စစ်တွေမြို့နယ် နှင့် အာဒူလ်လာ (ခ)မောင်ကျော်ဝင်း၊   သက္ကယ်ပြင်ကျေးရွာ၊ စစ်တွေမြို့နယ်နေသူတို့အား ဖမ်းဆီးရမိခဲ့ကြောင်း။

၎င်းတို့ ၂ ဦးအား စစ်ဆေးရာတွင် ၎င်းတို့နှင့်အတူ  အမျိုးသား(၃)ဦး၊ အမျိုးသမီး (၅)ဦး စုစုပေါင်း(၈)ဦးလည်း  အတူပါလာကြောင်း သိရှိ ရသဖြင့်    မေ ၁ဝ ရက် နံနက် ၁ နာရီခန့်တွင်  ခုံကြီးကျေးရွာအနီးတွင်   စစ်တွေမြို့နယ်တွင်နေထိုင်သည့် ဇော်ကီအာမက် (ခ)ကျော်နိုင်၊    ဂျောင်ဘို(ခ)မောင်လှ၊ မာမွတ်ဂျာဘယ်(ခ)လှကျော်၊ ဇာနုရာ ဘေဂွမ်(ခ) ခင်ခင်နု၊ ဘီဘီအာရှား(ခ)လှလှစိန်၊ ခေါ်ရီမာဘေဂွမ် (ခ)သန်းသန်းနု၊   ရှော်ဘီခါဘေဂွမ်(ခ) မမအေးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း၊   ၎င်းတို့အား သက်ဆိုင်ရာ တာဝန်ရှိသူများက အသေးစိတ်စစ်ဆေးမှုများ ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။

ကျော်ကျော်(ပြန်/ဆက်)

No comments:

Post a Comment