Latest News

Thursday, May 10, 2018

သာစည်မြို့နယ်တွင်စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

သာစည်မြို့နယ်တွင်စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ


နေပြည်တော် မေ ၉

မူးယစ်တပ်ဖွဲ့စု(၁၈)   မန္တလေး (တောင်ပိုင်း)မှ တပ်ဖွဲ့ဝင်များ ပါဝင် သော ပူးပေါင်းအဖွဲ့သည် မေ ၉ ရက် နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ကျွဲတပ်ဆုံကျေးရွာ တောင်ကြီး-မိတ္ထီလာ   ကားလမ်းမ ပေါ်   ရထားသံလမ်းကူးအနီးတွင် တောင်ကြီးမြို့မှ    မိတ္ထီလာမြို့သို့ မောင်းနှင်လာသည့်  ခရီးသည်တင်  မော်တော်ယာဉ်အား    ရှာဖွေရာ ခရီးသည် ဒေါ်နန်းဟွမ်(ခ)ဒေါ်မွှေး ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၃၄ဝဝ ကိုလည်းကောင်း၊ အလားတူ မေ ၇ ရက် မွန်းလွဲ ၁ နာရီခွဲက  တနင်္သာရီ မြို့မရဲစခန်းမှ      တပ်ဖွဲ့ဝင်များ ပါဝင်သော     ပူးပေါင်းအဖွဲ့သည် တနင်္သာရီမြို့  ချောင်းငယ်ရပ်ကွက် မွန်စုကူးတို့ဆိပ်တွင် မစန်းစန်းအေး အား ရှာဖွေရာ  ၎င်း၏ ခရီးဆောင် အိတ်အတွင်းမှ         ဘိန်းစာမှုန့် ၈ ဒသမ ၂၄ ကီလို   သိမ်းဆည်း ရမိသဖြင့် ၎င်းတို့အား    မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သော    ဆေးဝါးများဆိုင်ရာဥပဒေအရ   အရေးယူထားကြောင်း သတင်းရရှိ သည်။

သတင်းစဉ်

No comments:

Post a Comment