Latest News

Thursday, May 10, 2018

စည်းကမ်းမဲ့တတ်ဆင်မောင်းနှင်များမှ ဖမ်းဆီး ထိန်းသိမ်း အရေးယူခဲ့သော အိတ်ဆောများ ဖျက်စီး

စည်းကမ်းမဲ့တတ်ဆင်မောင်းနှင်များမှ ဖမ်းဆီး
ထိန်းသိမ်း အရေးယူခဲ့သော အိတ်ဆောများ ဖျက်စီး

ကသာမြို့နယ် စည်ပင်သာယာရေးကောမတီ
ဌာနသို့ ဒေသဖွံ့ဖြိုးအတွက် ထုတ်ပေးထားရှိ
သော လမ်းကြိတ်စက်အသစ်ဖြင့် အသံဆုညံမှု
ကို မလိုလာ၍ စည်းကမ်းမဲ့မောင်းနှင် အစီး
ရေ (၁၂၆) စီးအားအရေးယူထားသည် ပါဝါအိတ်
ဇောများအား နှင်းချေဖက်စီးခြင်း မေလ ၁၀ ရက်
နေ့ နံက် ၈ နာရီ အချိန်တွင် အထက ၁ ကျောင်း
လမ်းမဘေးတွင် ကြိတ်ဖျက်ခြင်းကို ဆောင်
ရွက်လျှက်ရှိကြောင်းသတင်းသိရသည်။
ကသာမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့ အမှတ် (၁၀၆)
ကသာမှ ဒုရဲမှူးကျော်ဦး ၊ဦးဆောင်၍ ရဲတပ်ဖွဲ့
များရပ်ကွက် အုပ်ချုပ်ရေးမှူးများဖြင့် ပူးပေါင်း
၍ အများပြည်သူ့စိတ်မချမ်းသာအောင် အသံ
ဆူညံစွာတတ်ဆင်မောင်းနှင် (၁၂၆)စီးအား
ပါဝါအိတ်ဇောများကို ဖမ်းဆီးအရေးယူခြင်း
အသစ်လှဲတပ်ဆင်စေခြင်း ဆောင်ရွက်ခဲ့သော
အိတ်ဇောများအား လမ်းကြိတ်စက်ဖြင့် နှင်းချေ
ဖျက်စီးခြင်း ပြုလုပ်တာဟု ယာဉ်ထိန်းရဲတပ် ဖွဲ့(၁၀၆)ကသာမှ ဒုရဲမှူး ကျော်ဦးမှ ပြောပြခဲ့သည်။

အဆိုပါအခမ်းအနားကို ကသာမြို့နယ် စီ/ခန့်
မြို့နယ်ရဲတပ်ဖွဲ့ ၊ယာဉ်ထိန်းရဲတပ်ဖွဲ့ ၊ မီးသတ် တပ်ဖွဲ့ ၊ပညာရေး ၊စည်ပင်သာယာရေး ၊ပြန်ကြားရေး ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ၊သတင်းမီဒီယာများတက် ရောက်အားပေး
ခဲ့ကြကြောင်းသတင်းသိရသည်။

ငွေအိုး (ကသာ)

No comments:

Post a Comment