Latest News

Friday, May 18, 2018

ပြင်သစ်အသင်း ကမ္ဘာဖလား လူစရင်း နည်းပြ ဒက်ချမ့် ထုတ်​ပြန်

ပြင်သစ်အသင်း ကမ္ဘာဖလား လူစရင်း နည်းပြ ဒက်ချမ့် ထုတ်​ပြန်

မန်ယူတိုက်စစ်မှူး အန်တိုနီမာရှယ်နဲ့ အာဆင်နယ်တိုက်စစ်မှူး လာကာ ဇက်တီတို့ဟာ  ၂ဝ၁၈  ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်  ကစားသမား ရွေးချယ်ခဲ့ရာတွင် နည်းပြ ဒက်ချမ့်အနေနဲ့ ပြင်သစ်အသင်းနဲ့အတူ ရုရှားမြေသို့ ခေါ်ယူခြင်းမပြုခဲ့ဘဲ ချန်ထားခဲ့ခြင်းကို ခံခဲ့ရပါတယ်။

ပြင်သစ်အသင်း နည်းပြ ဒက်ချမ့်ဟာ အဲဒီ တိုက်စစ်မှူးနှစ်ဦး ကို ရွေးချယ်ခြင်းမပြုခဲ့ပေမယ့် ချယ်လ်ဆီးတိုက်စစ်မှူး ဂျရူးကိုတော့ ပြင်သစ်အသင်းရဲ့ တိုက်စစ်ပိုင်းမှာ မက်ပီ၊ ဒမ်ဘီလီ၊ နာဘီလ်ဖီကာ၊ သောမက်လီမာ၊  ဂရစ်ဇ်မန်း၊  ဖလော်ရီယန်သော်ဗင်တို့နဲ့အတူ တွဲဖက်ကစားဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ်ရှိ တိုက်စစ်မှူး မာရှယ်ဟာ မန်ယူ အသင်းမှာလည်း နည်းပြ မော်ရင်ဟိုနဲ့ ဆက်ဆံရေးအဆင်မပြေဖြစ်မှု တွေကြောင့် ပုံမှန်ပွဲထွက် ကစားခွင့်ပျောက်ဆုံးခဲ့ရသူဖြစ်တဲ့အပြင်  ဖေဖော်ဝါရီလကတည်းကစပြီး ဘောလုံးရာသီကုန်တဲ့အထိ ဂိုးဖန်တီးမှု လည်း တစ်ကြိမ်သာ ပြုလုပ်နိုင်ခဲ့သလို ဂိုးလည်း မသွင်းယူနိုင်ခဲ့ပါဘူး။

တိုက်စစ်မှူး လာကာဇက်တီကတော့ အာဆင်နယ်အသင်းမှာ အကောင်းဆုံးပုံစံရရှိခဲ့တဲ့ ကစားသမားတစ်ဦးပါ။ သူ့ရဲ့ ပရီမီယာလိဂ် နောက်ဆုံးကစားခဲ့တဲ့ ခြောက်ပွဲမှာဆိုရင်တောင် သွင်းဂိုး ငါးဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး တစ်ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပြင်သစ် နည်းပြ  ဒက်ချမ့်အတွက်တော့  စိတ်ကြိုက်မဖြစ်ခဲ့ဘူးလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် လာကာဇက်တီကို ရွေးချယ်ခြင်း မရှိခဲ့ဘဲ ဂရစ်ဇ်မန်းကိုသာ ရွေးချယ်ခဲ့လို့ဖြစ်ပါတယ်။

ပြင်သစ်အသင်း နည်းပြ ဒက်ချမ့်ဟာကန်တီ(ချယ်လ်ဆီး)၊ ဟူဂို လိုးရစ် (စပါး)၊ ပေါ့ဘာ (မန်ယူ)တို့ကို  အသင်းအတွက် အဓိက ရွေးချယ်ခဲ့ပေမယ့် မာဆေးလ် ကစားသမား ဒီမီထရီပါယက်ကိုတော့ ရွေးချယ်ခဲ့ခြင်းမရှိခဲ့ပါဘူး။ ဘာလို့လဲဆိုရင် မာဆေးလ်အသင်းနဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါ လိဂ် နောက်ဆုံး ဗိုလ်လုပွဲမှာ ပေါင်ဒဏ်ရာရရှိခဲ့တာကြောင့် ဖြစ်ပြီး အဲဒီလို မရွေးချယ်ခဲ့တာနဲ့ ပတ်သက်ပြီးလည်း ပါယက်ဟာ နာရီဝက် ကြာမျှ မျက်ရည်ကျခဲ့ရတယ်လို့ သိရပါတယ်။ ဒါ့အပြင် အဲဒီပြိုင်ပွဲမှာ  အက်သလက်တီကိုမက်ဒရစ်အသင်းက ဖလားသိမ်းပိုက်နိုင်ခဲ့တာမို့  ထပ်မံမျက်ရည်ကျခဲ့ရတယ်လို့ ဆိုပါတယ်။

နည်းပြ ဒက်ချမ့်ဟာ  ပြင်သစ်အသင်းအတွက် ကစားသမား ရွေးချယ်ခဲ့ရာမှာ   ဂိုး-အေရီယိုလာ၊  ဟူဂိုလိုးရစ်၊  မန်ဒန်ဒါ၊ နောက်တန်း-ဟာနန်ဒက်ဇ်၊ ကင်ပမ်ဘီ၊ မန်ဒီ၊ ပါဗက်၊ ရာမီ၊ ဆီဒီဘီ၊ အမ်တီတီ၊ ဗာရာနီ၊ ကွင်းလယ်-ကန်တီ၊ မက်တူဒီ၊ အန်ဇွန်နီ၊ ပေါ့ဘာ၊ တိုလစ်ဆို၊ ရှေ့တန်း-ဒမ်ဘီလီ၊ ဖီကာ၊ ဂျရူး၊ ဂရစ်ဇ်မန်း၊ လီမာ၊ မက်ပီ၊ သော်ဗင်တို့ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ပြင်သစ်အသင်းဟာ ရုရှားမြေမှာ ကျင်းပမယ့် ၂ဝ၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတဲ့ အသင်းတွေထဲက တစ်သင်း အပါအဝင်ဖြစ်ပြီး   အုပ်စုအဆင့်မှာ  သြစတြေးလျ၊  ဒိန်းမတ်၊ ပီရူး အသင်းတွေနဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။

ငွေကြယ်(​ကြေးမှုံ)

No comments:

Post a Comment