Latest News

Tuesday, May 8, 2018

ဟာဝိုင်ယီမီးတောင်ပေါက်ကွဲမှုကြောင့် နေအိမ်များ ပျက်စီးဆုံးရှုံး

ဟာဝိုင်ယီမီးတောင်ပေါက်ကွဲမှုကြောင့် နေအိမ်များ ပျက်စီးဆုံးရှုံး

ဟာဝိုင်ယီ  မေ  ၇

မီးတောင်ပေါက်ကွဲမှုမှ ထွက်ပေါ်လာသည့် ချော်ရည်ပူများကြောင့် ဟာဝိုင် ယီရှိ နေအိမ် ၂၆ လုံးပျက်စီးဆုံးရှုံးခဲ့ကြောင်း အမေရိကန်ပြည်ထောင်စု ဟာဝိုင်ယီမှ အာဏာပိုင်များက  ပြောကြားခဲ့သည်။  အာဏာပိုင်များက  သတိပေးချက်များကို ဆက်လက်ထုတ်ပြန်နေဆဲဖြစ်သည်။

အာဏာပိုင်များ၏ ပြောကြားချက်အရ ပြီးခဲ့သည့် ကြာသပတေးနေ့ကတည်းက ဟာဝိုင်ယီကျွန်းတောင်ပိုင်းရှိ  အပူကြောင့် အရည်ပျော်နေသော ကျောက်သားများ မီးတောင်ဝမှ လွင့်စဉ်ထွက်လာခဲ့ကြောင်း သိရသည်။ ချော်ရည်ပူများသည် အနီးအနားရှိ သစ်တောများနှင့် လူနေဧရိယာများဆီသို့ စီးဆင်းရောက်ရှိသွားခဲ့ကာ နေအိမ်များနှင့် သစ်ပင်များကို လောင်ကျွမ်းသွားစေခဲ့သည်။

အချို့ဧရိယာများတွင် အဆိပ်ဓာတ်ငွေ့များ ရောက်ရှိနေမှုကို စစ်ဆေးတွေ့ရှိ ခဲ့ရသည်။ ဗီဒီယိုဖိုင်၌ မီးတောင်မှ ကျောက်သားများ  အိမ်တစ်လုံး၏ အနီးသို့ လွင့်စဉ် လာသည်ကို တွေ့မြင်ရသည်။ ချော်ရည်ပူများသည် ယာဉ်နှစ်စီးကို ဝါးမျိုသွားခဲ့သည်။

ဒေသခံပြည်သူပေါင်း ၁၇ဝဝ တို့အတွက် ကယ်ဆယ်ရွှေ့ပြောင်းမိန့် ထုတ်ပြန်ထား ဆဲဖြစ်သည်ဟု သိရသည်။ မီးတောင် လှုပ်ရှားမှုနှင့် ဆက်စပ်ကာ ဖြစ်ပေါ်လာသည့် မြေငလျင် အဆက်မပြတ်လှုပ်ခတ်မှုများကိုလည်း မှတ်တမ်းတင်ထားသည်။

သောကြာ နေ့က ပြင်းအား ၆ ဒသမ ၉ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း အင်န်အိတ်ခ်ျကေသတင်းတစ်ရပ်တွင် ဖော်ပြထား သည်။        

မြန်​မာ့အလင်း

No comments:

Post a Comment