Latest News

Sunday, May 13, 2018

ပြည်သူတစ်ယောက်ချင်းစီ၏ ဝင်ငွေတိုးတက်မှုသည် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ပြသနေခြင်းဖြစ်ကြောင်း ၀န်ကြီးချုပ်ပြောကြား

ပြည်သူတစ်ယောက်ချင်းစီ၏ ဝင်ငွေတိုးတက်မှုသည် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ပြသနေခြင်းဖြစ်ကြောင်း ၀န်ကြီးချုပ်ပြောကြား


မေ ၁၃ ရက်

ပြည်သူတစ်ယောက်ချင်းစီ၏ ဝင်ငွေတိုးတက်မှုသည် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ပြသနေခြင်းဖြစ်ကြောင်း ယနေ့ နံနက် ၁၀နာရီက လှည်းကူးမြို့နယ် ရိပ်သာရပ်ကွက်နှင့်အောင်မင်္ဂလာရပ်ကွက် ဆက်သွယ်သည့် ငမိုးရိပ်ချောင်းကူး သံကူကွန်ကရစ်တံတား ဖွင့်ပွဲအခမ်းအနားတွင် ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။

“ ကျွန်တော်တို့တိုင်းကို စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ချင်ပါတယ်။ အိမ်တစ်အိမ်နဲ့ ပြောမယ်ဆိုရင် စီးပွားရေးအဆင်မပြေတဲ့အိမ်မှာ နေမှုထိုင်မှုဘဝတွေ နိမ့်ကျနေမှာပဲ ဖြစ်ပါတယ်။ ကျန်းမာရေး အရလည်း အဟာရပြည့်မီမှုမရှိဘူး။ ဆေးရုံ၊ဆေးခန်း ကောင်းကောင်းလည်းမရှိဘူး။ ဒီလိုအခြေအနေတွေကို ဆင်းရဲတဲ့အိမ်တိုင်းမှာ ကြုံတတ်ပါတယ်။ ပြည်သူတစ်ယောက်ချင်းစီရဲ့ ဝင်ငွေတိုးတက်မှုဟာ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပြသနေတာပဲ ဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် လည်း နေ့စဉ်နှင့်အမျှကြိုးစားနေပါတယ်။ ကျွန်တော်တို့အစိုးရသက်တမ်း နှစ်နှစ်ကျော်မှာ ရုပ်လုံးဖော်နိုင်တဲ့ကိစ္စတွေ ရှိပါတယ်” ဟု ၀န်ကြီးချုပ်က ပြောကြားသည်။

လှည်းကူးမှာ ငမိုးရိပ်ချောင်း ကူးတံတား၂ စင်း ဖွင့်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ လှည်းကူးမြို့မှာ မြို့ပေါ် ၅ ရပ်ကွက်ရှိပြီး အရင်ကဆိုရင် လှည်းကူးမြို့လယ်ခေါင်မှာ ချောင်းကူးတံတားတစ်စင်းသာရှိကြောင်း၊ ၅ ရပ်ကွက်လုံးကိုချိတ်တွဲပေးဖို့အတွက် ဒီတံတားနှစ်စင်းက အရေးကြီးပြီး ဒေသ၏ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူ ဖြစ်မှာဖြစ်ကြောင်း၊ ကျန်းမာရေး၊ ပညာရေးအပြင် သဘာဝဘေးအန္တရာယ် မီးဘေးကစပြီး ဆက်သွယ်ရေးလမ်းကြောင်းတွေ ကောင်းမွန်မှ မြို့ကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်း၊ အခုဆိုရင်(၅) ရပ်ကွက်လုံးကို ချိတ်ဆက်နိုင်သည့် မြို့တစ်ခုလုံးကို ဆက်သွယ်နိုင်သည့် လမ်းတွေရလာပြီး ဆက်သွယ်ရေးလမ်းတွေက ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးတွေကို များစွာ အထောက်အကူ ဖြစ်လာမှာ ဖြစ်ကြောင်း၊ဒါကြောင့် ဒီတံတားကြီးတွေ ရေရှည်တည်တံ့ခိုင်မြဲရန် ရပ်ရွာနေပြည်သူ လူထုတွေနှင့် မြို့သူမြို့သားတွေ ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း ၀န်ကြီးချုပ်က ပြောကြားသည်။

ဝန်ကြီးချုပ်က “ ဒီတံတားကို စတင်တည်ဆောက်ခဲ့တဲ့ အချိန်တွေကစပြီး ရေရှည်ကို မျှော်မှန်းချက်တွေနဲ့ ကျွန်တော်တြို့ပင်ဆင်ခဲ့ပါတယ်။ ဒီဇိုင်းတွေကို ရေးဆွဲခဲ့စဉ်က  Water Bus တွေတစ်ချိန်ချိန် လှည်းကူးမှာ ရွာတွေနဲ့မြို့တွေကို ချိတ်တွဲနိုင်တဲ့ အခြေအနေတွေ အဆင်ပြေနိုင်အောင် စီစဉ်ထားပါတယ်” ဟု ဆက်လက်ပြောကြားခဲ့သည်။
ထို့နောက် ၀န်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင် ၀န်ကြီးများသည် မြို့မရပ်ကွက်၊ဈေးကြီးရပ်ကွက်နှင့် ပြည်တော်သာရပ်ကွက် ဆက်သွယ်သည့် ငမိုးရိပ်ချောင်းကူး သံကူကွန်ကရစ်တံတားကို သွားရောက်ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့်ဇနီးဒေါ်ခင်မိမိကြွယ်တို့သည် ၀ါးရုံတောသာသနပါလ ပရိယတ္တိစာသင်တိုက် ကျောင်းထိုင်ဆရာတော်အား ၀င်ရောက်ဖူးမျှော်ကာ သင်္ကန်းနှင့်လှူဖွယ်ဝတ္ထုတို့ ဆက်ကပ်လှူဒါန်းခဲ့သည်။
YRG Info

No comments:

Post a Comment