Latest News

Sunday, May 13, 2018

တပ်မတော်မှ မဏိပူရ ကျေးရွာများကို ၀င်ရောက်သိမ်းပိုက်ဟု ဆို

တပ်မတော်မှ မဏိပူရ ကျေးရွာများကို ၀င်ရောက်သိမ်းပိုက်ဟု ဆို


နိုင်ငံ အစိုးရ မှ အခုလို အကြပ်အတည်းများ
ပေါ်ပေါက်နေချိန်တွင် မိတ်ဆွေနိုင်ငံများနှင့်
ချစ်ကြည်ရေး တိုးတက်သည်ထက် တိုးတက်
ခိုင်မြဲရန် နှင့် ကုန်သွယ်ရေး စီးပွားဖွံ့ ဖြိုးရေး
အတွက် အားသွန်ခွန်စိုက် လုံးပါမ်းနေချိန်တွင်
ဤကဲ့သို့ သတင်း ထွက်ပေါ်လာရခြင်းပဲ ဖြစ်
ပါတယ်။

သတင်းက ဓါတ်ပုံ အထောက်အထားတွေနဲ့
တက်လာပြီး နယ်ခြား မျဉ်းအနီးရှိ မဏိပူရ ကျေး
ရွာ နှစ်ရွာအား မြန်မာ စစ်သားများက ၀င်ရောက်
ကျုးကျော်လာသဖြင့် ရွာရှိ လူများ ထွက်ပြေးသွား
ကြရတယ်လို့ ဆိုပါတယ်။ ထိုမျသာမကသေး
ကာလကြာမြင့်စွာက စိုက်ထူထားခဲ့သော
နယ်ခြားး ကျောက်တိုင်ကို ဖျက်ဆီးပြီး မိမိ
သဘော နဲ့ အသစ်စိုက်ထူ လိုက်ရာမှာ အိန္ဒိယ
နယ်မြေ အတော်များများ ပဲ့ပါသွားတယ်လို့
ဖေါ်ပြထားပါတယ်။

ဖျက်ဆီးခံရသော နယ်ခြား ကျောက်တိုင်
အမှတ်မှာ  ၈၂ ဖြစ်ပြီး မြို့တော် အင်ဖါးနှင့် ဆိုက
မိုင် ၆၀ သာ ဝေးပါတယ်။ မိုရေး ရဲစခန်းနှင့်
၅ ကီလိုမီတာ သာ ဝေးသော ကျေးရွာ သို့
မြန်မာစစ်သား ဆယ်ယောက်ခန့် ၀င်ရောက်
လာပြီး သစ်စက်တလုံးကို ဖျက်ဆီးသွားတယ်
လို့လည်း ဆိုပါတယ်။

မြန်မာဖက်က အဆိုအရ အိန္ဒိယ မှ အဆိုပါ
ကျောက်တိုင်ကို တဖက်သတ် ရွှေ့ပြောင်းပြီး
စိုက်ထားတာ ဖြစ်လို့ မြန်မာနယ်မြေ ကိုက်
၄၆၀ ခန့် ပါသွားတယ်လို့ သိရပါတယ်။

သို့သော် အဆိုပါ အငြင်းပွားမှုက ကာလကြာ
မြင့်စွာကပင် ဖြစ်နေခဲ့တာ ဖြစ်ပြီး မည်သည့်
အတွက်ကြောင့် အခုလို အရေးပါတဲ့ အချိန်
ကျမှ အခုလို အဆင်ခြင်မဲ့စွာ
ပြုလုပ်ရပေသနည်း

အဘယ်ကြောင့် အရေးပါသော အချိန်ဟု ပြောရသနည်း ဆိုမူ အိန္ဒိယ နိုင်ငံခြားရေး ၀န်ကြီး
 မြန်မာပြည်
ခရီးစဉ် မစမီ မေလ ၁ ရက်နေ့ မှာ ဖြစ်ပွားခဲ့
တာ ကြောင့် ပဲ ဖြစ်ပါတယ်။

နိုင်ငံခြားရေး ၀န်ကြီး ဖြစ်သူ မစ္စက် ဆူရှမား
ဆွာရပ်ခ်ျ သည် မြန်မာနှင့် နားလည်မှု စာခ္ဈန်
လွှာ ၇ ခု ထိုးဖို့ လည်း ရှိနေပါတယ်။

၁။ ကုန်းလမ်း နယ်ခြား ဖြတ်ကျော်ရေး
၂။ မြေငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော
ပုဂံ ဘုရား များ ပြုပြင်ရေး
၃။ ပူးတွဲ အပြစ်အခတ်ရပ်စဲရေး ကော်မီတီအား
ကူညီ ထောက်ပံ့ရေး
၎။ မြန်မာ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ အရာရှိ
များ အား.လေ့ကျင့်သင်ကြားပေးရေး
၅။ မုံရွာ တွင် စက်မှု သင်တန်းကျောင်း တည်
ဆောက်ရေး
၆။ သထုံ တွင်လည်း အလားတူကျောင်းတည်
ဆောက်ပေးရေး
၇။ မြင်းခြံတွင် တည်ရှိပြီးသား စက်မှု သင်တန်း
ကျောင်းအား ပြုပြင် မွမ်းမံ ထိမ်းသိမ်းရေး
တွေ ပါဝင်ပါတယ်။

ထို့အပြင် ရခိုင်ဒေသ ဖွံ့ဖြိုးရေး အတွက် အိန္ဒိယ
ဖက်မှ ကူညီပေးမည့် ကိစ္စများလည်း ဆွေးနွေး
မယ့် အထဲမှာ ပါဝင်နေပါတယ်။

အိန္ဒိယ နိုင်ငံခြားရေး ၀န်ကြီးက စိတ်ဆိုးပြီး
ကန့် ကွက်တဲ့ အနေနဲ့ လက်မှတ်မထိုးပဲ
ပြန်သွားခဲ့ရင် တိုင်းပြည်အတွက် နစ်နာစရာ
တွေ ဖြစ်မလာရပေလော။

မဟာဗန္ဒုလ ၀င်စားတယ်များ ထင်နေရော့သလား။

လှစိုး​ဝေ

ကိုးကား။ ။ Rediff news / The Hindu Business Line

No comments:

Post a Comment