Latest News

Friday, May 18, 2018

မိုးကုတ်မြို့ လေးလောင်းပြိုင် လူသတ်မှုမှ တရားခံအား ဖမ်းဆီးရမိခြင်း မရှိသေး

မိုးကုတ်မြို့ လေးလောင်းပြိုင် လူသတ်မှုမှ တရားခံအား ဖမ်းဆီးရမိခြင်း မရှိသေး

မိုးကုတ် ၁၈ မေ

မိုးကုတ်မြို့နယ် ရွှေညောင်ပင်ကျေးရွာအုပ်စု စိန်အင်းရွာတွင် မေလ ၁၇ ရက်နေ့၌ ဖြစ်ပွားခဲ့သော လေးလောင်းပြိုင် လူသတ်မှုမှ တရားခံအား ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း မိုးကုတ်မြို့ ကျပ်ပြင်နယ်မြေ ရဲစခန်းမှ သိရသည် ။

“ တရားခံကတော့ မမိသေးပါဘူး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတုန်းပါ ဘာကြောင့် သတ်ခံရတယ် ဆိုတာကိုလည်း တိတိကျကျ မသိရသေးပါဘူး " ဟု မိုးကုတ်မြို့နယ် ကင်းရဲစခန်းမှ ဒုရဲအုပ်တစ်ဦးက ပြောသည် ။

သေဆုံးသူမှာ ဦးရန်တား (၄၉ နှစ်)၊ ဇနီး မအားလူမီး (၃၉ နှစ်)၊သား မောင်အလေး(၁၅ နှစ်)နှင့် သမီး မအဝူး (၁၀ နှစ်) တို့ဖြစ်ပြီး စိန်အင်းကျေးရွာနှင့် ၁၀ မိုင်ခန့်ဝေးကွာသည့် တောင်ယာတောအတွင်း ဓါးဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုသိရှသဖြင့် နေအိမ်တွင် ကျန်ရစ်ခဲ့သည့် ဦးရန်တား၏ သားဖြစ်သူ မောင်ရန်စီးတက် (ခ) အားတေ မှ တိုင်ကြားသဖြင့် ရဲတပ်ဖွဲ့က အမှုဖွင့် စစ်ဆေးခံခြင်း ဖြစ်သည်။

အလောင်းများတွင် လည်ပင်းပြတ်ရှ ၊ ဗိုက်ပွင့် အူးထွက်ပြတ်ရှ ဒဏ်ရာများစွာဖြင့် သေဆုံးနေသည်ကို ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိခဲ့သည်။ အသတ်ခံရသူများကို မိုးကုတ်မြို့ ကျပ်ပြင် ပြည်သူ့ဆေးရုံတွင် စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည် ။

အဆိုပါ အမှုနှင့် ပတ်သတ်ပြီး ကျပ်ပြင်နယ်မြေရဲစခန်းမှ (ပ)၈၆/၁၈ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Mogok Views
နေထက်

No comments:

Post a Comment