မင်းလှ မေ ၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ညောင်သုံးပင်အုပ်စုသပြေစမ်းကျေးရွာအနီးမိုင်တိုင်အမှတ် ၁၀၁/ ၇ နှင့် ၁၀၁/ ၈ အကြားတွင်မေ ၁ ရက် ည ၁ နာရီ ၅၅ မိနစ် အချိန်ခန့်က ရပ်ထားသောယာဉ်အားနောက်မှယာဉ်ဝင်တိုက်ပြီးလူတစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့ ကြောင်းသိရသည်။
ဖြစ်စဉ်မှာရန်ကုန်-ပြည် ကားလမ်းမအတိုင်းပြည်ဘက်မှ ရန်ကုန်ဘက်သို့ယာဉ်မောင်းသန့်ဇင်ထွန်းမောင်းနှင်လာသောယာဉ်အမှတ် 7M----- HONDA FITအဖြူရောင်ယာဉ်သည်လားရာတူလမ်း၏ ယာဘက်ခြမ်းတွင်ရပ်တန့်ထားသည့် 6N/---- FORLANDအစိမ်းရောင် မကျည်းသားထင်းများတင်ဆောင်ထားသည့် ယာဉ်အားအရှိန်မထိန်းနိုင်ဘဲနောက်မှဝင်တိုက်မိရာယာဉ်မောင်း
သန့်ဇင်ထွန်းမှာပြင်းထန်ဒဏ်ရာများရရှိခဲ့ပြီးသေဆုံးသွားခဲ့ကြောင်း
သိရသည်။
အမှုအားမင်းလှမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ပေါက်စ (မင်းလှ)
No comments:
Post a Comment