Latest News

Wednesday, May 2, 2018

ရာသီစာ ဒညင်းသီးများ စတင်ပေါ်လာပြီဖြစ်သော်လည်း ကျန်းမာရေးထိခိုက်မည်စိုး၍ ဝယ်ယူစားသုံးသူ နည်းပါးလာ

ရာသီစာ ဒညင်းသီးများ စတင်ပေါ်လာပြီဖြစ်သော်လည်း ကျန်းမာရေးထိခိုက်မည်စိုး၍ ဝယ်ယူစားသုံးသူ နည်းပါးလာ

ရေတာရှည်  မေ ၂

      စွတ်စိုသော တောင်ပေါ်ဒေသများတွင်သာ ပေါက်လေ့ရှိသော ဒညင်ပင်သည် ဧပြီနောက်ဆုံးပတ် နှင့် မေလများ၌ ခူးဆွတ်၍ရရှိကာ ဈေးကွက်အသီးသီးသို့တင်ပို့ရောင်းချလျက်ရှိသည်ကိုတွေ့ရှိရလေ သည်။ကရင်ပြည်နယ်သံတောင်ကြီးဒေသမှဝင်ရောက်လာသော ဒညင်းသီးများကို တောင်ငူမြို့ရှိ ပွဲရုံအသီး သီးက ပြန်လည်ဝယ်ကာ ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမြို့ကြီးများသို့ တင်ပို့ရောင်းချလျက်ရှိပြီး လွန်ခဲ့ သော ၂ နှစ်ခန့်မှစ၍ ဒညင်းသီးအရောင်းအဝယ်မှာ ထင်သလောက်ကောင်းမွန်ခြင်းမရှိတော့ကြောင်း တောင်ငူမြို့ရှိ ပွဲရုံလုပ်ငန်းလုပ်ကိုင်သူတစ်ဦးကပြောကြားသည်။ မြို့ပြ နှင့် ကျေးလက်ဒေသများ၌ ဒညင်းသီးကိုစားသုံးရာတွင် အမျိုးမျိုးကွဲပြားသည်ကိုတွေ့ရှိရသည်။ ငါးပိရည်နှင့်အသီးနုကိုအစိမ်းလိုက် တို့စားခြင်း၊ မီးဖုတ်ခြင်း၊ ဒညင်းသီးကိုပြုတ်၍ တို့စားခြင်း ၊ အုန်းနို့နှင့်နှပ်ချက် ချက်ခြင်း၊ ခရမ်းချဉ်သီး နှင့်ဆီပြန်ချက်စားခြင်း၊ ဆားရည်စိမ်၍ငါးပိရည်တို့စရာအဖြစ်စားသုံးကြခြင်းအပြင် အခြားသောအသားဟင်းလျာများဖြင့်ရောနှောကာချက်စားခြင်းတို့ဖြစ်သည်။ ဒညင်းသီးနှင့်ပါတ်သက်၍ ကျန်းမာရေးရှု့ ထောင့်မှ အသိပညာပေး ဆောင်းပါးများ၊ သတင်းများဆက် တိုက်ဖေါ်ပြလာရာတွင် စားသုံးသူများအနေဖြင့် ဒညင်းသီးစားသုံးခြင်းကြောင့် နောက်ဆက်တွဲဖြစ်ပေါ် လာနိုင်သော ဆိုးကျိုးများကို သိရှိနားလာသည့်အလျောက် တစ်နှစ်ထက် တစ်နှစ်စားသုံးမှုလျော့ကျလာ ခြင်းဖြစ်သည်။''အခုမှပေါ်တာရက်ပိုင်းပဲရှိသေးတယ် ဆယ်လုံးကို ၅ဝဝ ကျပ်လေ ဈေးတော့နဲနဲကြီးတယ် ဒါပေမဲ့ ဒညင်းသီးတွေ ဟိုးအရင်တုံးကလို ရောင်းလို့မကောင်းတော့ဘူး အရင်ကဆို ပေါ်ပြီဟေ့ဆိုတာနဲ့ လာဝယ်ကြတာ ဝိုင်းဝိုင်းလည်နေတာပဲ''ဟု ရေတာရှည်မြို့ ကရင်ချောင်းလမ်းထိတ်ရှိ ကုန်စိမ်းရောင်းသူ အမျိုးသမီးကပြောသည်။ဒညင်း သီးကို ဓာတ်ခွဲသုတေသနပြုကြည့်သောအခါ လူတို့ကို အကျိုးပြုနိုင်သော မည်သည့် အဟာရဓါတ်မျှပါ ဝင်ခြင်းမရှိသည့်အပြင် ၄င်းတွင်ပါဝင်သည့် ဖန်းချောင်းကဲ့သို့သော ကလာပ်စည်းများသည် ကျောက်ကပ် ကိုပိတ်ဆို့မှုဖြစ်ပေါ်နိုင်ပြီးကျောက်ကပ်ပျက်စီးကာ လူအသက်သေသည်အထိ ကြုံတွေ့ရနိုင်ကြောင်း၊ စား သုံးသင့်သည့်အသီးမဟုတ် အတိုင်းအဆမရှိ လုံးဝစားသုံးရန်မသင့်သော အသီးဖြစ်ကြောင်း ကျွမ်းကျင် သော ဆေးပညာရှင်အချို့က သုံးသပ်ပြောကြားထားသည်ကိုတွေ့ရှိရသည်။သို့သော်လည်း ဒညင်းသီးကို ကြိုက်တတ်၍ များများစားသုံးပြီးသည့်အခါ ဖြစ်စေ၊ အုန်းနို့ဖြင့်ရောနှောချက်စားမိလျင်ဖြစ်စေ စားပြီးပြီး ချင်း သံပုရာရည်တစ်ခွက်ကိုသောက်သုံးရန်လိုအပ်ကြောင်း အကြံပြုထားသည်ကိုတွေ့ရသည်။

ကိုလွင်(ဆွာ)

No comments:

Post a Comment