Latest News

Wednesday, May 9, 2018

မန္တလေး ချမ်းအေးသာစံမြို့ နယ် စိတ္တရမဟီရပ်ကွက် ဘုရားပွဲ၌ ဖောက်ခွဲမှု ကျူးလွန်သူအား ဖော်ထုတ်ဖမ်းဆီးရမိ

မန္တလေး ချမ်းအေးသာစံမြို့ နယ် စိတ္တရမဟီရပ်ကွက် ဘုရားပွဲ၌ ဖောက်ခွဲမှု ကျူးလွန်သူအား ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော်  မေ  ၉

၂ဝ၁၇ ခုနှစ် စက်တင်ဘာ ၂၈ ရက်က မ္တလေးမြို့ ချမ်းအေးသာစံမြို့နယ် စိတ္တရမဟီရပ်ကွက် သုံးဆယ်ဝင်းဓမ္မာရုံ တစ်ဖက်ခြမ်း          ''ပန်းလေပြေ''  ရှမ်းထမင်းဆိုင်ရှေ့၌   ရပ်ထားသော  ဆိုင်ကယ်တစ်စီးမှာ ပေါက်ကွဲမှုကြောင့် မီးလောင်ခဲ့ပြီး အမျိုးသားတစ်ဦး ဒဏ်ရာများရရှိခဲ့သဖြင့် ချမ်းအေးသာစံမြို့မရဲစခန်းက    အမှုဖွင့်စုံစမ်း စစ်ဆေးဆောင်ရွက်ခဲ့သည့်အမှုမှ   ပြစ်မှုကျူးလွန်သူ အောင်မြင့်ဇော် (ခ) အောင်မင်းဇော်  (ခ) ဟူစိန် (၂ဝ)နှစ် အား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ   မေ ၃ ရက် ညနေပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂ဝ၁၇ ခုနှစ် စက်တင်ဘာ ၂၈ ရက် ည ၉ နာရီ  မိနစ်  ၂ဝ  ခန့်က မန္တလေးမြို့  ချမ်းအေးသာစံမြို့နယ် စိတ္တရ မဟီရပ်ကွက်ရှိ    ''ပန်းလေပြေ'' ရှမ်း ထမင်းဆိုင်ရှေ့၌      ရပ်ထားသော ဆိုင်ကယ်တစ်စီးမှာ ပေါက်ကွဲမှုကြောင့် မီးလောင်ခဲ့ပြီး အမျိုးသားတစ်ဦးတွင် မျက်နှာ၊ ရင်ဘတ်၊ ဝမ်းဗိုက်နှင့်  ဝဲပေါင် တို့တွင်   ပေါက်ပြဲဒဏ်ရာများ   ရရှိခဲ့ ကြောင်း။

ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရဲအမှုစစ်အဖွဲ့က   စစ်ဆေးရာ  MICRO Hand Set  (အဖြူရောင်) တစ်လုံး(Sim Card yg)အား ဝိုင်ယာကြိုးအနီ၊ အနက်နှစ်ပင်ထွက်တိပ်ပတ်ထားလျက် လည်းကောင်း၊  ပြန့်ကျဲနေသည့်  သံတို သံစများ၊ ပလတ်စတစ်စများအား လည်း ကောင်း တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း၊    ပေါက်ကွဲမှုဖြစ်စေရန် ဓာတုပစ္စည်းများ ကို သတ်မှတ်အချိုးအစားဖြင့် ရောစပ်၍ လူကိုထိခိုက် အ္တရာယ်ဖြစ်စေမည့် သံတို သံစများရောစပ်ကာHand Phone ကို အစပျိုးပေါက်ကွဲစေမှုအဖြစ်  ချိတ်ဆက်၍ ¤င်းဖုန်းနံပါတ်ကို တစ်နေရာမှခေါ်ဆိုပြီး လျှပ်စစ်ဓာတ်အစပျိုး    စတင်စေကာ ပေါက်ကွဲမှုကို ဖြစ်ပေါ်စေခြင်းဖြစ်ကြောင်း။
ဖော်ထုတ်ချက်အရ ဖောက်ခွဲခဲ့သူမှာ မြစ်ကြီးနားမြို့  အေးစေတီရပ်ကွက်နှင့် ဖားကန့်မြို့နယ်    မမုံကျေးရွာတို့နေ အောင်မြင့်ဇော် (ခ) အောင်မင်းဇော်(ခ) ဟူစိန် (၂ဝ နှစ်)  ဖြစ်နိုင်သည်ဟု သုံးသပ် တွေ့ရှိရပြီး  ပြစ်မှုကျုးလွန်သူမှာ  တိမ်း ရှောင်နေသောကြောင့်   ဖမ်းဆီးရမိရေး အတွက်    မြန်မာနိုင်ငံရဲတပ်ဖွဲ့မှစဉ်ဆက် မပြတ် စုံစမ်းထောက်လှမ်းနေခဲ့ရာ  ၂ဝ၁၈  ခုနှစ် မေ ၃ ရက် ညနေ ၆ နာရီ ၁၅ မိနစ် တွင် မဟာအောင်မြေမြို့နယ်  မဟာမြိုင်  (၁)  ရပ်ကွက်၊ ၆၇ လမ်း၊ ၄၁x၄၂  လမ်း ကြားရှိ   ''အေးရိပ်ငြိမ်''  အမျိုးသား ဘော်ဒါ ဆောင်၌ ဖမ်းဆီးရမိခဲ့ကြောင်း။

ကနဦး   စစ်ဆေးချက်များအရ   အောင်မြင့်ဇော်သည် မန္တလေးဆေးဝါး တက္ကသိုလ်မှ  ကျောင်းသားတစ်ဦးဖြစ် ကြောင်း၊  ၂ဝ၁၇  ခုနှစ် ဇွန်လခန့်ကFacebook တွင် လုပ်ကြံလီဆယ်ဝါဒ ဖြန့်သည့် သတင်းများအရ ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ပတ်သက်သည့် ဓာတ်ပုံ နှင့်  ဗီဒီယိုဖိုင်များကို   မြင်တွေ့ရသဖြင့် ဖောက်ခွဲဖျက်ဆီးရေး  လုပ်ဆောင်ရန် နည်းလမ်းများကို      လေ့လာခဲ့ရာ        အင်တာနက်တွင် တင်ထားသည့် ပြည်ပ အကြမ်းဖက်သမားများ ဖောက်ခွဲမှုပြုလုပ် ရာ၌  အသုံးပြုသည့် နည်းစနစ်များကို  လေ့လာခဲ့ကြောင်း၊    ဈေးကွက်တွင် အလွယ်တကူ  ဝယ်ယူရရှိနိုင်သည့် ဓာတု ပစ္စည်းများအား  ဝယ်ယူစုဆောင်း၍ ၂ဝ၁၇ ခုနှစ် သြဂုတ်လတွင် ၄င်းငှားရမ်း နေထိုင်သည့်  အဆောင်၏ နောက်ဘက်၌ နှစ်ကြိမ်ခန့် အသေးစားစမ်းသပ်ဖောက်ခွဲ ကြည့်ရာ အောင်မြင်ခဲ့ကြောင်း။

 ထိုသို့ စမ်းသပ်ပြီးနောက် လက်တွေ့ ဖောက်ခွဲရန် အခင်းဖြစ်နေ့ ည ၈ နာရီ  ခန့်တွင်  ချမ်းအေးသာစံမြို့နယ် စိတ္တရ မဟီရပ်ကွက် ဘုရားပွဲပြုလုပ်သည့်နေရာ သို့    သွားရောက်ခဲ့ကြောင်း၊၄င်းရောစပ် ပြုလုပ်ထားသည့်    ဓာတုပစ္စည်းများ၊ ချိတ်ဆက်အသုံးပြုသည့် ဖုန်းနှင့်သံတို သံစတို့အား  ကြွကြွပ်အိတ်အတွင်း ထည့်ကာ  ဘုရားပွဲအနီးတွေ့ရှိရသော ဆိုင်ကယ်တွင် ချိတ်ဆွဲထားခဲ့ကြောင်း၊  ထို့နောက် ၄င်း၏  လက်ကိုင်ဖုန်းဖြင့် ပေါက်ကွဲစေသည့် ပစ္စည်းများရောထည့် ထားသော လက်ကိုင်ဖုန်းသို့ ခေါ်ဆိုခဲ့ရာ   ပေါက်ကွဲသံကြားခဲ့ရကြောင်း။

ထို့နောက်   တရုတ်နိုင်ငံ ရွှေလီမြို့ ကျောက်ဝိုင်းအနီးရှိ   အစ်ကိုဝမ်းကွဲ တော်စပ်သူထံသွားရောက်၍ တစ်လခန့် နေထိုင်နေခဲ့ကြောင်း   ၂ဝ၁၇    ခုနှစ် နိုဝင်ဘာလတွင် မ္တလေးမြို့သို့ ပြန်လာခဲ့ ကာ မဟာအောင်မြေမြို့နယ် ၅၉ လမ်း ၄၁x၄၂ လမ်းကြားရှိ သူငယ်ချင်းဖြစ်သူ၏ နေအိမ်တွင် ရက် ၂ဝ ခန့် တည်းခိုနေထိုင် ခဲ့ကြောင်း၊ ယင်းနောက်  မိဘများရှိရာ မမုံရွာသို့   ပြန်သွားခဲ့ကာ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလတွင် ''ရွှေဆင်မင်း''အဆောင် သို့ ပြန်လာပြီး တတိယနှစ်ကို ပြန်လည် တက်ရောက်ခဲ့ကြောင်း၊ ဒုတိယနှစ်ဝက် သင်တန်းတွင် မဟာအောင်မြေမြို့နယ် မဟာမြိုင်   ၁ ရပ်ကွက် ရှိ  ''အေးရိပ်ငြိမ်'' အမျိုးသားအဆောင်သို့    ပြောင်းရွှေ့ နေထိုင်ခဲ့စဉ်    ဖမ်းဆီးခြင်းခံခဲ့ရကြောင်း  သိရှိရသည်။

သို့ဖြစ်၍ ဖမ်းဆီးရမိသူအား တရား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွား မည်ဖြစ်ပြီး    ပြည်သူများအနေဖြင့် မသင်္ကာဖွယ်ဓာတုပစ္စည်း (အရည်၊အစိုင် အခဲ) များ တွေ့ရှိပါက သက်ဆိုင်ရာသို့ အမြန်ဆုံးအကြောင်းကြားနိုင်ရန် မြန်မာ နိုင်ငံရဲတပ်ဖွဲ့က မေတ္တာရပ်ခံထားကြောင်း သတင်းရရှိသည်။    
           
သတင်းစဉ်

No comments:

Post a Comment