Latest News

Thursday, May 17, 2018

မူဆယ် ပစ်ခတ်တိုက်ခိုက်မှုတွင် သေဆုံးသူ ၂၁ ဦးအထိ ရှိလာ

မူဆယ် ပစ်ခတ်တိုက်ခိုက်မှုတွင် သေဆုံးသူ ၂၁ ဦးအထိ ရှိလာ

မူဆယ်     မေ    ၁၇

ရှမ်းပြည်နယ်မြောက်ပိုင်း  မူဆယ်မြို့  ပန်ခမ်းကျေးရွာအုပ်စု  နောင်ရမ်းကူးတို့ဆိပ်ရှိ ပန်းဆေး(ဌာနေ) ပြည်သူ့စစ်၏  ကင်းစခန်း၊  မူဆယ်-နမ့်ခမ်း နမ့်ပေါ်တံတားထိပ်ရှိ မြို့လုံခြုံရေးရဲကင်းနှင့် ပြည်သူ့စစ်ကင်းစခန်းတို့၌ ဖြစ်ပွားခဲ့သော မေ ၁၂ ရက်  ပစ်ခတ် တိုက်ခိုက်ခံရမှုဖြစ်စဉ်တွင်     ဒဏ်ရာရရှိသူ  ၂၆ ဦးနှင့်   သေဆုံးသူ ၁၉  ဦးရှိခဲ့ပြီး မေ ၁၆ ရက်အထိ သေဆုံးသူ ၂၁ ဦးအထိ ရှိလာခဲ့ကြောင်း သိရသည်။

မေ ၁၂  ရက် ပစ်ခတ်တိုက်ခိုက်မှု အတွင်း ဒဏ်ရာရရှိသူ ၂၆ ဦးအနက် မန္တလေးတိုင်းမှ ယာဉ်မောင်း ဦးအောင်စိုး  မှာ   စိုးရိမ်ဒဏ်များရရှိပြီး   မန္တလေး ပြည်သူ့ဆေးရုံသို့    လွှဲပြောင်းကုသရာ မေ     ၁၃ ရက်  တွင်   သေဆုံးခဲ့သည်။ ယင်းနောက်     မူဆယ်-နမ့်ခမ်းအတွင်း အေဒီဗင်ဖြင့်    ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်သော    ဦးစိုင်းယီလှိုင်း  မှာ  မေ ၁၂ ရက် နံနက်ပိုင်း၌  နမ့်ခမ်းမှ မူဆယ်သို့လာစဉ်   ပစ်ခတ်တိုက်ခိုက်မှု အတွင်း ပြင်းထန်သည့်ဒဏ်ရာများရရှိပြီး မူဆယ်ပြည်သူ့ဆေးရုံသို့        ဦးစွာ တက်ရောက်ကုသရာ        စိုးရိမ်ရ၍  မိသားစုဝင်များက မိမိတို့၏အစီအစဉ်ဖြင့်  တရုတ်နိုင်ငံ    မန်စီမြို့သို့   သွားရောက် ခွဲစိတ်ကုသခဲ့သော်လည်း လူနာမှာ တစ်စုံ တစ်ရာ   ထူးခြားသက်သာလာခြင်းမရှိ သဖြင့်  နမ့်ခမ်းမြို့ရှိ   ၄င်း၏နေအိမ်သို့ ပြန်လည်ခေါ်ဆောင်လာရာ မေ ၁၆ ရက်  နံနက်ပိုင်းက      သေဆုံးသွားသည်ဟု မိသားစုဝင် မနန်းလောဝ်က  ပြောကြား သည်။ ထို့ကြောင့် မူဆယ်မြို့  ပန်ခမ်း ကျေးရွာအုပ်စု နောင်ရမ်းကူးတို့ဆိပ်နှင့် မူဆယ်-နမ့်ခမ်း      နမ့်ပေါ်တံတားထိပ်ရှိ မြို့လုံခြုံရေးကင်းစခန်းတို့      ပစ်ခတ် တိုက်ခိုက်ခံရမှုတွင် သေဆုံးသူ ၂၁ ဦး အထိ ရှိလာပြီး မူဆယ်ပြည်သူ့ဆေးရုံမှ စိုးရိမ်ဒဏ်ရာရရှိသည့် လူနာ ငါးဦး ကိုလည်း   မန္တလေးပြည်သူ့ဆေးရုံသို့ လွှဲပြောင်းကုသလျက်ရှိကြောင်း သိရ သည်။

ဦးစိုင်းယီလှိုင်း၏    ပြင်းထန်သည့် ဒဏ်ရာသည် လက်ဖြောင့်ကျည် ထိမှန် ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ စစ်ဆေး ချက်အရသိရပြီး     အဆိုပါ    ပစ်ခတ် တိုက်ခိုက်မှုကိုလည်း အမှုဖွင့်ထားသည်ဟု မူဆယ်မြို့မရဲစခန်းမှ ဒုရဲမှူး အေးမြင့်က ပြောသည်။ အဆိုပါ မေ ၁၂ ရက်တွင်ပင် တောတွင်းလက်နက်ကိုင်အဖွဲ့မှ ပန်ခမ်း ကျေးရွာအုပ်စု နောင်ရမ်းကူးတို့ဆိပ်ရှိ ပန်းဆေး(ဌာနေ)      ပြည်သူ့စစ်၏ ကင်းစခန်းနှင့်   မူဆယ်-နမ့်ခမ်း နမ့်ပေါ် တံတားထိပ်ရှိ      မြို့လုံခြုံရေးရဲကင်းနှင့် ပြည်သူ့စစ်ကင်းစခန်းတို့အား ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း   ကြေညာချက် ထုတ်ပြန်ထားသည်။

ခရိုင် (ပြန်/ဆက်)

No comments:

Post a Comment