Latest News

Wednesday, May 2, 2018

ဘိုင်ယန်မြူးနစ်နှင့်ပွဲစဉ်တွင် ဘောလုံးကို လက်ဖြင့်ထိခဲ့ခြင်းကို မာဆယ်လို တုံ့ပြန်

ဘိုင်ယန်မြူးနစ်နှင့်ပွဲစဉ်တွင် ဘောလုံးကို လက်ဖြင့်ထိခဲ့ခြင်းကို မာဆယ်လို တုံ့ပြန်

ရီးယဲလ်နောက်ခံလူ မာဆယ်လိုက ဘိုင်ယန်နဲ့ပွဲစဉ်မှာ ဘောလုံးကို လက်နဲ့ထိခဲ့ ပေမယ့် ဘိုင်ယန်အသင်း  ပင်နယ်တီရရှိခြင်းမရှိခဲ့တာက  ဒိုင်ရဲ့ဆုံးဖြတ်ချက် သက်သက်သာဖြစ်ပြီး   သူ့အနေနဲ့  ဒိုင်ကိုလွှမ်းမိုးမှုရှိမယ့်စကားမျိုး သွားရောက်ပြောဆိုခဲ့ခြင်း မရှိကြောင်း တုံ့ပြန်လိုက်ပါတယ်။

မာဆယ်လိုက ''ကောင်းပါပြီ၊ ဘောလုံးက ကျွန်တော့်လက်ကိုထိခဲ့တယ်၊ ဒါဆို ကျွန်တော်ပြောမယ်၊ ဒါပေမယ့်  ဒီလူတွေအားလုံးလည်းပဲ  သိတယ်၊ ကျွန်တော် ဒိုင်ကို တစ်ခွန်းမှသွားမပြောခဲ့ဘူးဆိုတာ၊ ကျွန်တော်တို့အသင်းဘက် ကိုလည်း ဒိုင်က အခွင့်အရေးမပေးခဲ့တာတွေ အကြိမ်ကြိမ်လုပ်ဆောင်ခဲ့တာ ပဲလေဗျာ၊ ကစားသမားတွေအများကြီးက သူမြင်ကွင်းရှေ့မှာရှိနေတော့ ဒိုင်ဘက်ကလည်း  လုပ်ရကိုင်ရခက်မှာပါ၊ ဒါပေမယ့် ကျွန်တော်က သူ့ဆီ သွားပြီး ကျွန်တော့်လက်နဲ့ ဘောလုံးမထိခဲ့ဘူးလို့ သွားပြောမယ်ဆို ကျွန်တော် လိမ်ရာကျမှာပါ''လို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

ရီးယဲလ်မက်ဒရစ်နှင့် ဘိုင်ယန်မြူးနစ်တို့ ယှဉ်ပြိုင်ခဲ့ကြတဲ့ ချန်ပီယံလိဂ် ပွဲစဉ်အတွင်း  ရီးယဲလ်နောက်ခံလူ  မာဆယ်လိုဟာ  ဘိုင်ယန်နောက်ခံလူ ကင်မစ်ခ်ျရဲ့ ဘောလုံးဖြတ်တင်ပေးပို့မှုကို တားဆီးရင်း  ဘောလုံးနဲ့လက်ထိခဲ့တာ ဖြစ်ပြီး ဒီလက်ထိဘောကို ပင်နယ်တီကန်ခွင့်ပေးမယ်ဆိုရင် ဘိုင်ယန်အသင်း  ဗိုလ်လုပွဲအဆင့်အထိ  တက်ရောက်နိုင်မယ်လို့  ဘိုင်ယန်အသင်းဘက်က ယုံကြည်ထားတာပါ။ ဘိုင်ယန်မြူးနစ်အသင်းဟာ ရီးယဲလ်ကို အိမ်ကွင်းမှာ အရေးနိမ့်ခဲ့ပေမယ့် ရီးယဲလ်ရဲ့ ဘာနေဗျူးကွင်းမှာ နှစ်ဂိုးစီသရေကစားနိုင်ခဲ့ပြီး ဒီလက်ထိဘောသာ ပင်နယ်တီအဖြစ် ကန်ခွင့်ရမယ်ဆို အဝေးဂိုးစည်းမျဉ်းအရ ဘိုင်ယန်အသင်း ဗိုလ်လုပွဲဆီတက်ရောက်နိုင်ဖို့ အခွင့်အရေးတစ်ရပ်ဖြစ်လာ နိုင်ပါတယ်။

ရီးယဲလ်ကတော့ ယခုပွဲမှာ သရေကျခဲ့ပေမယ့် နှစ်ကျော့ပေါင်း ရလဒ် လေးဂိုး-သုံးဂိုးနဲ့ ဗိုလ်လုပွဲဆီအရောက်တက်လှမ်းပြီး သုံးကြိမ်ဆက်ချန်ပီယံလိဂ် ဖလားကို ရယူနိုင်မလား စိတ်ဝင်စားစရာကောင်းပါတယ်။

မေလဲ့သင်း

No comments:

Post a Comment