ဘားအံမြို့တွင် လိုင်စင်မဲ့ယာဉ်အရောင်းအဝယ်ပြုလုပ်သည့်နေရာအား ဝင်ရောက်ဖမ်းဆီးရာ ပိုင်ရှင် ၁၁ ဦးထံမှ လိုင်စင်မဲ့ယာဉ် ၂၂ စီး သိမ်းဆည်းရမိ
ဘားအံ မေ ၂ဝ
ကရင်ပြည်နယ် ဘားအံမြို့တွင် လိုင်စင်မဲ့မော်တော်ယာဉ်များ အရောင်းအဝယ်ပြုလုပ်သည့်နေရာအား သတင်းအရ ဝင်ရောက်ဖမ်းဆီးရာ ပိုင်ရှင် ၁၁ ဦးထံမှ လိုင်စင်မဲ့ယာဉ် ၂၂ စီး သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ မေ ၁၈ ရက် နေ့လယ်ပိုင်းက ဘားအံခရိုင် မှုခင်းနှိမ်နင်းရေးအဖွဲ့ခေါင်းဆောင် ရဲအုပ်သက်စိုးဦးနှင့် ဘားအံမြို့မရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘားအံမြို့ အမှတ် ၉ ရပ်ကွက် မင်္ဂလာ လမ်းအတွင်း လိုင်စင်မဲ့မော်တော်ယာဉ်များ အရောင်း အဝယ်ပြုလုပ်နေကြောင်း သတင်းအရ ဝင်ရောက် ဖမ်းဆီးရာ ဝေယံ(ခ) ဝေယံထွန်း(၃၂ နှစ်) ထံမှ 9C/---- ---- လိုင်စင်မဲ့ယာဉ်တစ်စီးကို လည်းကောင်း၊ ကိုထိုက် (၃၄ နှစ်)ထံမှ 8E/---- လိုင်စင်မဲ့ယာဉ်၊9K/---- လိုင်စင်မဲ့ယာဉ်နှင့် နံပါတ်တပ်ဆင်ထားခြင်းမရှိသော လိုင်စင်မဲ့ယာဉ်တစ်စီး အပါအဝင် စုစုပေါင်း သုံးစီးကို လည်းကောင်း၊ ဦးအဖူး (၅၂ နှစ်) ထံမှ 9K/---- လိုင်စင်မဲ့ယာဉ်၊4J/--- လိုင်စင်မဲ့ယာဉ်၊ နံပါတ်တပ်ဆင်ထားခြင်းမရှိသော လိုင်စင်မဲ့ ယာဉ်၊ 2N/---- လိုင်စင်မဲ့ယာဉ်၊5J/----- လိုင်စင်မဲ့ယာဉ်နှင့် 4H/----- လိုင်စင်မဲ့ယာဉ်တစ်စီး အပါအဝင် စုစုပေါင်း ခြောက်စီး၊ သူရိန်ဝင်း(ခ) အရှည်ကြီး(၂၆ နှစ်)ထံမှ 6F/--- လိုင်စင်မဲ့ ယာဉ်တစ်စီး၊ တင်မင်းထွန်း(ခ) မင်းနိုင် (၂၉ နှစ်) ထံမှ 5N/------ လိုင်စင်မဲ့ယာဉ်တစ်စီး၊ စံရွှေမောင်(ခ)နောင်လုံဖျံ (၅၂ နှစ်)ထံမှ 4C/----- လိုင်စင်မဲ့ယာဉ်တစ်စီး၊ စိုးထက်စံ(ခ)အိုမိုင်(၂၁ နှစ်)ထံမှ 4C/----- လိုင်စင်မဲ့ယာဉ်၊ 4K/-- လိုင်စင်မဲ့ယာဉ်၊ 1L/----- လိုင်စင်မဲ့ယာဉ်တစ်စီးအပါအဝင် စုစုပေါင်းသုံးစီးကို လည်းကောင်း၊ မင်းကို(၃၈ နှစ်)ထံမှ3G/------ လိုင်စင်မဲ့ယာဉ်နှင့် 1H/---- လိုင်စင်မဲ့ယာဉ်တစ်စီး အပါအဝင် စုစုပေါင်းနှစ်စီးကို လည်းကောင်း၊ စိုးကြည်ဦး (၂ဝ နှစ်) ထံမှ 7D/---- လိုင်စင်မဲ့ယာဉ်နှင့် 6M/------ လိုင်စင်မဲ့ယာဉ်တစ်စီးအပါအဝင် စုစုပေါင်းနှစ်စီး၊ ဘိုဘို (၄၅ နှစ်)ထံမှ 5G/----- လိုင်စင်မဲ့ယာဉ်တစ်စီး၊ ဝင်းမောင် မောင်မျိုး (၃၁ နှစ်)ထံမှ 1G/---- လိုင်စင်မဲ့ယာဉ်တစ်စီးတို့ကို အသီးသီးဖမ်းဆီးရမိသဖြင့် စုစုပေါင်း ပိုင်ရှင် ၁၁ ဦးထံမှ လိုင်စင်မဲ့ယာဉ် ၂၂ စီးကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် လိုင်စင်မဲ့ယာဉ်များနှင့်အတူ လက်ဝယ်တွေ့ရှိ ရသူ ၁၁ ဦးအား ဘားအံမြို့မရဲစခန်းက အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း သိရသည်။
မင်းသူ၊ ထွန်းထွန်းထွေး (ဘားအံ)
Monday, May 21, 2018
ဘားအံမြို့တွင် လိုင်စင်မဲ့ယာဉ်အရောင်းအဝယ်ပြုလုပ်သည့်နေရာအား ဝင်ရောက်ဖမ်းဆီးရာ ပိုင်ရှင် ၁၁ ဦးထံမှ လိုင်စင်မဲ့ယာဉ် ၂၂ စီး သိမ်းဆည်းရမိ
ဘားအံမြို့တွင် လိုင်စင်မဲ့ယာဉ်အရောင်းအဝယ်ပြုလုပ်သည့်နေရာအား ဝင်ရောက်ဖမ်းဆီးရာ ပိုင်ရှင် ၁၁ ဦးထံမှ လိုင်စင်မဲ့ယာဉ် ၂၂ စီး သိမ်းဆည်းရမိ
Reviewed by Ar Ti
on
7:14 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment