Latest News

Sunday, May 27, 2018

ဖောင်းပြင်မြို့နယ်၌ ကျောင်းဆရာမလေးကို သတ်ခဲ့သည့် ပြစ်မှုကျူးလွန်သူအား ဖော်ထုတ် အရေးယူ


ဖောင်းပြင် မေ ၂၆

ဖောင်းပြင်မြို့နယ်၌ မေ ၂၂ ရက်က သူငယ်ချင်းဖြစ်သူ ကျောင်းဆရာမအား ကြိုရန်သွားသည့် မန်မော်ကျေးရွာမှ ကျောင်းဆရာမမှာ နေအိမ်သို့ ပြန်ရောက်မလာသဖြင့် ဝိုင်းဝန်းရှာဖွေရာမှ သေဆုံးနေသည်ကို တွေ့ရသည်။

စုံစမ်းရှာဖွေ

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မော်လိုက်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ကြီးမြင့်၏ ကွပ်ကဲမှုဖြင့် ဖောင်းပြင်မြို့နယ် ရဲတပ်ဖွဲ့မှူး (ယာယီ) ရဲမှူး ခင်မောင်အေး၊ ဖောင်းပြင်မြို့မ ရဲစခန်းမှူး ဒုရဲမှူး သက်စိုး တို့အား ပြစ်မှုကျူးလွန်သူအား စုံစမ်း ရှာဖွေရန်ညွှန်ကြားခဲ့ပြီး ခရိုင်ရဲတပ်ဖွဲ့မှူး နှင့်အဖွဲ့က မန်မော်ရွာတွင် အခြေပြု၍ သတင်းများ စုဆောင်းခြင်း၊ စစ်ဆေး ရရှိသောသတင်းများအား အဖွဲ့ငယ်များ ထံချပြခြင်းတို့အား ဆောင်ရွက်ခဲ့သည်။

မေ ၂၅ ရက် နံနက် ၁၁ နာရီတွင် သေဆုံးသူဆရာမလေး အသုဘချသည့် အချိန် ပြစ်မှု ကျူးလွန်သူ စိုးထက်နိုင်က ဇနီးဖြစ်သူအား ဆရာမလေးကို သတ်ဖြတ်ခဲ့သည့်ကိစ္စ ပြောဆိုခဲ့ ကြောင်း၊ နောက်တစ်နေ့တွင် မိဘက ခိုင်းလိုက်သည့်ကိစ္စကိုအသွား လင်မယား နှစ်ယောက် အတူသေကြမည်ဆိုပြီး အရက်ဝယ်သောက်ခဲ့ကြောင်း၊ ထို့နောက် ဆည်ချောင်းရွာတွင် ကြွက်သတ်ဆေး ၁ဝ ထုပ်နှင့် လီပိုပုလင်းဝယ်ကာ တစ်ယောက်ငါးထုပ်စီ သောက်ကာ နှစ်ယောက်လုံး ချင်းတွင်းမြစ်ထဲ ခုန်ချခဲ့ရာ အနီးနားမှ တံငါလှေများမြင်၍ ဆယ်ယူ၍ ရဲစခန်း ဖုန်းဆက်သဖြင့် ရဲများ ရောက်လာကြောင်း၊ ဖားအောင်ရွာ ကျန်းမာရေးဆရာမ အကူအညီယူပြီး ၎င်းတို့နှစ်ဦးအား ဆေးဝါးကုသပေးခဲ့ ကြောင်း။

ထွက်ဆို

ဇနီးသည်၏ အစစ်ခံထွက်ချက်နှင့် စိုးထက်နိုင်၏ ထွက်ချက်များ အရ မေ ၂၂ ရက် ညနေ ၃ နာရီ ၄၅ မိနစ် ခန့်က ပိုးစာကုန်းရွာသို့ သုံးဘီးဘရိတ်ရှူး ဝယ်ရန် ဆိုင်ကယ်ဖြင့် ထွက်လာခဲ့ရာ (မန်မော်-ပိုးစာကုန်း) ကျေးရွာချင်း ဆက်လမ်း ဆည်ချောင်းတံတားအလွန်တွင် မန်မော် (အလက) ကျောင်းဆရာမလေး ဒေါ်ခင်နှင်းရီကို တွေ့ ပြီး ဆရာမလေးက ပိုးစာကုန်းရွာဘက်သို့ ဆိုင်ကယ် ဆက်မောင်းသွားကြောင်း၊ စိုးထက်နိုင်က တဲပျက်တစ်ခုမှ တုတ်တစ် ချောင်းကို ကောက်ယူပြီး နောက်မှ လိုက်ကျော်တက်ကာ ဇလုတ်ကြီး တံတားအရောက်တွင် ရပ်စောင့်ဆိုင်း၍ ဆရာမ ဖြတ်သွားသည်နှင့် နောက်မှ လိုက်ကာ တုတ်ဖြင့်ရိုက်ခဲ့ရာ ဆရာမ၏ ဆိုင်ကယ်မှာ တိမ်းမှောက်သွားကြောင်း၊ ဆရာမက အော်ဟစ်အကူအညီတောင်း သဖြင့် ယင်းတုတ်ဖြင့်ပင် ထပ်မံရိုက်ခဲ့ကြောင်း၊ ဆရာမ ထဘီမှာ ဆိုင်ကယ်ဖြင့် ငြိ၍ ကျွတ်ကျန်ခဲ့ပြီး လဲသွားသည်ကို တုတ်ဖြင့် ထပ်မံရိုက်ရာ ငြိမ်သွားခဲ့ကြောင်း၊ ရိုက်ခဲ့သည့် သစ်သားချောင်းအား လွှင့်ပစ်ခဲ့ကြောင်း၊ ဆရာမထံမှ ညည်းညူသံထွက်လာ၍ အသင့်တွေ့ရှိ သည့် ကျောက်ခဲဖြင့် ဆရာမ၏နောက်စေ့ အား နှစ်ချက်တိတိ ထုရိုက်ကာ ကျောက်တုံးကို လွှင့်ပစ်ခဲ့ကြောင်း၊ ထို့နောက်ပိုးစာကုန်းရွာထိပ်ရှိ အိမ်ရှေ့ ရေကန်မှ လက်တွင်ပေနေသည့် သွေးစ တို့ကိုရေဆေးပြီး ဝယ်ရန်ရှိသည့်ပစ္စည်း တို့ကိုဝယ်ကာ ဒေါ်ခင်နှင်းရီအလာကို စောင့်နေသော ဆရာမတစ်ဦးကို ဆိုင်ကယ်ဖြင့် တင်ဆောင် ကာ မန်မော် ရွာသို့ ပြန်လာခဲ့ကြောင်း ထွက်ဆိုသွား ခဲ့သည်။

ဆက်လက်စစ်ဆေး

ဖောင်းပြင်မြို့နယ် ပြည်သူ့ဆေးရုံမှ လက်ထောက်ဆရာဝန် ဒေါက်တာ တင်နီလာကျော်က အလောင်းအား စစ်ဆေးရာ အဓမ္မမှုကျူးလွန်ထားကြောင်း တွေ့ရပြီး ပြစ်မှုကျူးလွန်သူက ငြင်းကွယ် ထွက်ဆိုနေသော်လည်း ဆေးစစ်ချက် ပြန်ကြားစာအရ ရာဇသတ်ကြီး ပုဒ်မ ၃ဝ၂ မှ ရာဇသတ်ကြီးပုဒ်မ ၃ဝ၂/ ၃၇၆ ဖြင့် ရေးဖွင့်ဆောင်ရွက် ဆက်လက် စစ်ဆေး လျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)
ဆက်စပ်သတင်း

၂၂ရက်နေ့ညနေ၄နာရီအချိန်ခန့်တွင်မန်မော်ပိုးစာကုန်းရွာခြင်းဆက်လမ်းတွင်လုပ်ကြံသတ်ဖြတ်ခံခဲ့ရသောမန်မော်အ.လ.ကကျောင်းဆရာမလေးဒေါ်ခင်နှင်းရီအားသတ်ဖြတ်သူမောင်စိုးထက်နိုင်၏ရဲမှတ်တမ်းထွက်ဆိုချက်..

No comments:

Post a Comment