Latest News

Sunday, May 27, 2018

မြိတ်တွင်အုပ်စုဖွဲ့ ခိုးယူနေတဲ့ကလေးများအား ဖမ်းဆီးရမိ

27.5.2018

မြိတ်မြို့ တွင် ကလေး ၃ ဦး နေအိမ်တွင်းမှလက်ကိုက်အိတ်နှင့် ဖုန်းအား ခိုးယူထွက်ပြေးသွားကြောင်းသိရပါတယ်။

အလယ်ကျွန်းနယ်မြေ ၊ ပါရမီ ၁ ရပ်ကွက် ၊ ၄ လမ်းမှာ မေလ ၂၇ ရက်နေ့၊ နေ့လယ် ၁ နာရီခွဲခန့်က နေအိမ်တစ်လုံးတွင်အိမ်ရှင်မျ
ားအလစ်မှာ အလစ်ချောင်းနေတဲ့ကလေး ၃ ဦးမှ လက်ကိုင်အိတ်နှင့် လက်ကိုင်ဖုန်း ကို ခိုးယူထွက်ပြေးရာ အလယ်ကျွန်းအုပ်ချုပ်ရေးမှူးအဖွဲ့က မြင်တွေ့တာကြောင့် လိုက်လံဖမ်းဆီးရာ အ.ထ.က ၂ ကျောင်းအနီးမှာ ခိုးယူလာတဲ့သက်သေခံပစ္စည်းများနှင့်အတူ ကလေးတစ်ဦးအား ဖမ်းဆီးရမိကြောင်းသိရပါတယ်။

အဆိုပါကလေးမှာ မူလတန်းကျောင်းသားတစ်ဦးဖြစ်ပြီး မြိတ်မြို့ မြိတ်တောင်နယ်မြေ မီးသွေးဖောင်းရပ်၊တောင်ပေါ်တွင် နေထိုင်ပြီး အုပ်ထိန်းသူများမရှိခိုက် တခြားရပ်ကွက်မှ ကလေးငယ်များနှင့်အတူ ရပ်ကွက်တွင်း နေအိမ်များတွင် အလစ်​သုတ်​ ခိုးယူနေကြောင်းသိရပါတယ်။
နောက်ကွယ်မှ ကြိုးကိုင်၍ စေခိုင်းသူများရှိနေ၍ တာဝန်ရှိသူများမှ ဖော်ထုတ် အရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်းသိရပါတယ်။

မြတ်ထွဋ်(မြိတ်)

No comments:

Post a Comment