Latest News

Thursday, May 17, 2018

လူပေါင်း ၆ဝ နီးပါး သေဆုံးရသည့် အစ္စရေး နယ်စပ် ပါလက်စတိုင်း ဆန္ဒပြမှု

လူပေါင်း ၆ဝ နီးပါး သေဆုံးရသည့် အစ္စရေး နယ်စပ် ပါလက်စတိုင်း ဆန္ဒပြမှု

အရှေ့အလယ်ပိုင်းတွင် စစ်မဖြစ်လျှင်ပင် အမြဲလိုလို ရန်တစောင်စောင်နှင့် စစ်ပွဲခေါ်သံများကြားနေရသည့် အဓိကအစု အဖွဲ့နှစ်ခုမှာ အာရပ်နှင့် ဂျူးလူမျိုးတို့ဖြစ်သည်။ IS တို့နှင့် စစ်ပွဲများဖြစ်တော့လည်း အာရပ်နှင့် ဂျူးတို့ဖြစ်သည်။ IS တို့နှင့်စစ်ပွဲများ ပြီးဆုံးသွားသော်လည်း အာရပ်နှင့် အစ္စရေးတို့ ထပ်ဖြစ်ကြပြန်သည်။

မရိုးနိုင်ဘဲ ပြီးဆုံးမှုမရှိသည့် အာရပ်နှင့် ဂျူးတို့ကြားမှ စစ်ပွဲများသည် ရှေးပဝေသဏီ သမိုင်းနှင့်ချီ၍ ဖြစ်ပွားခဲ့ကြပြီး ယခုအချိန်ထိ ဖြစ်နေကြဆဲ နောင်တွင်လည်း ဖြစ်လတ္တံ့ဟု ဆိုနိုင် သည်။ ဒီမတိုင်မီ အနည်းငယ်ငြိမ် သက်နေခဲ့သည့် နှစ်နှစ်ကျော်ကာလအတွင်း ပါလက်စတိုင်း၌ လူပေါင်း ၆ဝ နီးပါးသေဆုံးပြီး ၂၇ဝဝ ကျော် ဒဏ်ရာရခဲ့သည့် အစ္စရေးဆန့်ကျင်ရေး ဆန္ဒပြပွဲများက ဆက်လက်ဖြစ်ပေါ် လာနေပြန်သည်။

အဓိကအ ကြောင်းရင်းက ဂျေရုဆလင်ကို အစ္စရေးတို့၏ မြို့တော်အဖြစ် အမေရိကန်က သတ်မှတ်ပြီး တဲလ်အဗစ်မှ ၎င်းတို့သံရုံး ကို ဂျေရုဆလင်သို့ တရားဝင် ပြောင်းရွှေ့လိုက်ခြင်းကြောင့်ဖြစ်သည်။ ပါလက်စတိုင်းတို့က အရှေ့ဂျေရုဆလင်ကို ၎င်းတို့မြို့တော်အဖြစ် သတ်မှတ်ချင်ကာ ကုလသမဂ္ဂကလည်း ပါလက်စတိုင်းတို့ကို နိုင်ငံနှင့် မြို့တော်သတ်မှတ်ပေးမည်ဟု ကတိကဝတ်ေ ပးထား ခဲ့ဖူးသောကြောင့် ယုံကြည်မှုပိုမိုပြင်းထန်ကာ ခံပြင်းနေခြင်းဖြစ်သည်။ ထိုကတိကို အစ္စရေးအစိုးရက လုံးဝလက်မခံပေ။ အရှေ့ ဂျေရုဆလင်ရော အနောက်ဂျေရုဆလင်ပါ ၎င်း တို့ပိုင်နက်အဖြစ် တစိုက်မတ်မတ် ကြေညာခဲ့သည်။ ယခုအချိန်ထိ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအများစုက ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ် လက်မခံသေး သော်လည်း ပထမဆုံး လက်ခံသူက အမေရိကန်ဖြစ်သည်။

ထို့နောက် ကုလသမဂ္ဂက မည်သည့်အသံမှ တုံ့ပြန်မလာသောအခါ ပါလက်စတိုင်းတို့ ပိုမိုပေါက်ကွဲကြတော့သည်။ ယင်းအတွက်ကြောင့် ၎င်းတို့လုပ်နေ ကျအတိုင်း ဂါဇာနယ်စပ်စည်းရိုးများ အနီး တွင် ကားတာယာများနှင့် အစ္စရေးအလံများကို မီးရှို့ဆန္ဒပြကြ သည်။ သောင်းနှင့်ချီသည့် ဆန္ဒပြသူများ ခြံစည်းရိုးနားကပ်လာသည့်အခါ သံဆူးကြိုးသာ ကာရံထားသည့် ခြံစည်းရိုးက လုံခြုံမှုအတွက် စိတ်မချစရာ ဖြစ်လာပြီး အစ္စရေးပိုင်နက်ထဲသို့ပင် ရောက်လုနီးပါး ဖြစ်လာသည်။ ထို့ကြောင့် အစ္စရေးစစ်တပ်က ခြံစည်းရိုး နားကပ်လာသူမှန်သမျှကို သေနတ်ဖြင့်ပစ်သည်။

မျက်ရည်ယိုဗုံးများ ဖြင့်ပစ်သည်။ မေ ၁၅ ရက်က အစ္စရေးကာကွယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တစ်ခုတွင် ဟားမက်စ် တို့က အင်အား ၂၅ဝဝဝဝ ရှိသော လက်နက်အပြည့်အစုံ တပ်ထားသော စစ်တပ်တစ်ခုကို အစ္စရေးနိုင်ငံထဲသို့ စေလွှတ်ရန်ရှိသည်ဟု ထုတ်ပြန်ကြေညာထားသည်။ ထိုအဖြစ်မျိုးကို မည်သည့်အခါမှ အဖြစ်ခံမည် မဟုတ်ဘဲ ၎င်း၏နိုင်ငံကို ဖြစ်သည့်နည်းနှင့် ကာကွယ်မည်ဟု အစ္စရေးတို့က အခိုင်အမာ ပြောထားသည်။ ယခု ဆန္ဒပြနေကြသည့် လူဦးရေ ၃၅ဝဝဝ ကျော်ထဲ၌လည်း အစ္စရေး ထောက်လှမ်းရေးမှ ရရှိထားသည့် သတင်းအတိုင်း ဟားမက်စ်တို့လွှတ်ထားသည့် သူများလည်း အုတ်ရောရော၊ ကျောက်ရောရော ပါလာနိုင်သည်။ ရရှိလာသည့်အခွင့်အရေးကို မလွတ်တမ်းအသုံးချပြီး အစ္စရေးတို့အရှိုက်ကို ထိုးနှက်ရန် ချောင်းနေ သောလူများ အရေခြုံကာ ရောနှောပါလာနိုင် သည်။

ပင်လယ်ကွေ့အာရပ်နိုင်ငံများက ညွန့်ပေါင်း အစည်းအဝေးကို ခေါ်ဆိုကာ အီဂျစ်တစ်နိုင်ငံကသာ အစ္စရေး တို့လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ ယခုတူရကီကလည်း ထို အရေးအတွက် ညီလာခံ ခေါ်ယူရန် ပြင်ဆင်နေသည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ရှုတ်ချသည်ဆိုသည့် စာသားကလွဲ၍ မည်သည့်ကြေ ညာချက်မှ မထွက်လာသေးဘဲ အမေ ရိကန်က ပါလက်စတိုင်းတို့ သေဆုံးမှုအတွက် ဟားမက်တို့ကို အပြစ်တင်သည်။

ထိုဆန္ဒပြမှုများဖြစ်စေရန် ဟားမက်စ်တို့က လှုံ့ဆော်ပေးသောကြောင့်ဟုဆိုသည့် အစ္စရေးတို့က ၎င်း၏နောက်တွင် အမေရိကန်ရှိနေသရွေ့ မည်သည့်အရာပဲလုပ်လုပ် အဆင်ပြေနေ မည်ဖြစ်သည်။ လုံခြုံရေးကောင်စီ မဲခွဲ ဆုံးဖြတ်ပြီး အစ္စရေးကိုပိတ်ဆို့မည် ဆိုလျှင်လည်း အမေရိကန်တို့ ဗီတိုအာဏာသုံးပြီး ပယ်ချလိုက်ရုံသာဖြစ်သည်။ ထို့ကြောင့် အစ္စရေးတို့က ၎င်း၏ နိုင်ငံလုံခြုံရေးနှင့် ပတ်သက်လာလျှင် အပြင်းထန်ဆုံး ကိုင်တွယ် နေခြင်းဖြစ်သည်။ အိုဘားမားလက်ထက်က အစ္စရေး-အမေရိကန် ဆက်ဆံရေး တစ်ထစ်ကျဆင်းခဲ့ပြီး ထရမ့် လက်ထက်တွင် နဂိုရှိရင်းထက် ပိုမိုကောင်းမွန်ခဲ့ပြန်သည်။

ထရမ့်က ပထမဆုံး ဆော်ဒီကို အမေရိ ကန်ဒေါ်လာ ၁ဝဝ ဘီလီယံကျော်ဖိုး လက်နက်များ ရောင်းခဲ့သောကြောင့် အစ္စရေး ဘက်ကို အလေးသာမှု လျော့နည်းသွားမလားဟု နိုင်ငံတကာက တွေးခဲ့ကြသည်။ အမှန်တကယ် အစ္စရေးဘက်ကို ပို၍ပင် အလေး သာခဲ့သည်။ အကယ်၍ အစ္စရေးကိုသာ ဦးစွာ အလေးသာပေးခဲ့လျှင် လက်နက် ၁ဝဝ ဘီလီယံ ကျော်လည်း ဆော်ဒီကိုရောင်းရန် ရာခိုင်နှုန်းနည်းမည်ဖြစ်သည်။ ယခုတိုက်ကွက်က အိမ်ကြက်ချင်းအိုးမည်းသုတ်ပြီး ခွပ်ခိုင်းသည့် အကွက်။ အစ္စရေးကိုလည်း ထောက်ခံသည်။

၎င်း၏ရန်ဘက် အာရပ်နှင့်ဆော်ဒီ တို့ကိုလည်း ထောက်ခံသည်။ ဘာဖြစ်ဖြစ် အမေရိကန်အတွက် အရှုံးကမရှိ။ အမြတ်သာရှိသည်။ ယခု ပါလက်စတိုင်း အရေးတွင်လည်း အမေရိကန်ကအနေသာကြီးပုံစံနှင့် လက်ရှောင်နေသည်။ အမေရိကန် လက်ရှောင်နေ သောကြောင့် မည်သည့်အဖွဲ့အစည်းက လာရောက်တား ဆီးမလဲ ဆိုပြန်တော့လည်း မည်သည့်အဖွဲ့အစည်း ကမှ လာရောက်မတားဆီးနိုင်။ အစ္စရေးတို့ကတော့ ရှင်းသည်။

၎င်းနိုင်ငံ တစ်လက်မမျှ အထိမခံနိုင်ဟု ဆိုထားပြီး နိုင်ငံတကာ မီဒီယာများရှေ့မှာပင် နယ်စပ်စည်းရိုးကို ကျော်လာသည့် ဆန္ဒပြသမားများကို တင့်ကားနှင့် တက်ကြိတ်သည်အထိ လုပ်ခဲ့သည်။ အကြောင်းပြချက်က ၎င်း၏နိုင်ငံလုံခြုံရေးနှင့် ကာကွယ်ရေး အတွက်ဟုဆိုသည်။ မည်သူမှမငြင်းနိုင်။ ယခု ညီညွတ်လှပါသည်ဆို သည့် ဥရောပ၌ နယ်စပ်စည်းရိုးများကို ခတ်ပြီး ၎င်းပိုင်နက်ကို ထိန်းချုပ်နေရသည်။

အမေရိကန်ဆိုလျှင်လည်း စည်းရိုးခတ်ထားသည်ကိုပင် မကျေနပ်နိုင်သေးဘဲ မက္ကဆီကိုနှင့် နယ်စပ်ကို တံတိုင်းပင်ကာနေသည်။ အိန္ဒိယ ဆိုလျှင်လည်း ပါကစ္စတန်နှင့် စည်းရိုးအရင်မခတ်ဘဲ ဘင်္ဂလားဒေ့ရှ်ဘက်ကို အရင်ခြံစည်းရိုးခတ် သည်။ ထိုမျှအထိ နိုင်ငံတိုင်းက မိမိနိုင်ငံလုံခြုံရေးကို အလေးထားကြသည်။ အစ္စရေးတို့လည်း ထိုအတိုင်းပင်ဖြစ်သည်။ ၎င်း၏အကြောင်းပြချက်နှင့် ၎င်းကတော့ အကောင်းဆုံး အနေ အထားတွင်ရှိနေပြီး ၎င်း၏နိုင်ငံထဲဝင်ရန် ကြိုးစားသူတိုင်းကို အစ္စရေးတို့က ပစ်သတ်မည်ဖြစ်သည်။

ယခုမှ ပစ်သတ်သည်မဟုတ်။ သမိုင်းကြောင်း တစ်လျှောက်လုံးလည်း ပစ်သတ်လာခဲ့ကြသည်။ ၎င်း၏လူမျိုး ကာ ကွယ်ရေးအတွက် ကုလသမဂ္ဂ၏ လူ့အခွင့် အရေးဆိုသည့် ခေါင်းစဉ်အောက်မှ လိုက်နာနေလျှင် အစ္စရေးနိုင်ငံ ကမ္ဘာ့မြေပုံပေါ်က ပျောက်ကွယ်သွားမည်ဟု ၎င်းတို့ခေါင်းဆောင်ကြီး မိုရှေဒါယန်ကိုယ်တိုင် ပြောထားဖူးသည်ကို ယနေ့တိုင် အစ္စရေးတို့ မမေ့နိုင်သေးပေ။ ယခု အစ္စရေးလက်ကိုင်ထားသည့် သဘောတရားမှာ ထိုသဘောတရားပင်ဖြစ်သည်။ ကုလသမဂ္ဂပြောသည့် စကားလုံးတိုင်းကို မလိုက်နာဆုံးနိုင်ငံများ၌ ထိပ်ဆုံးနိုင်ငံစာရင်းဝင် အသေးဆုံးနိုင်ငံဖြစ်သော အစ္စရေး ဖြစ်သည်။ ယခု ပို၍ပင် ခေါင်းထောင်နိုင်သေးသည်။

၁၉၇၃ ခုနှစ်ကတည်းက နျူကလီးယား လက်နက်ပိုင် ဆိုင်နိုင်ခဲ့သည့် အစ္စရေး ယခုအချိန်တွင် အသေးစားပြုပြင်ထားသော ထိပ်ဖူးပေါင်း ၇ဝ ကျော်ပိုင်ဆိုင်နေပြီ ဖြစ်သည်။ ထို့ကြောင့် အစ္စရေးဆိုသော ရှစ်သန်းကျော်သာရှိသည့် နိုင်ငံငယ်လေးက ဘီလီယံနှင့်ချီသည့် အာရပ်ရန်သူများကို ယခုအချိန်ထိ အန်တုနိုင်နေခြင်းဖြစ်ကာ ယခုပါလက်စတိုင်း အရေး တွင်လည်း အစ္စရေးတို့က ကုလ သမဂ္ဂမပြောနှင့် သိကြားမင်းဆင်း၍ ဖိအားပေးလျှင်ပင် လုံးဝလက်ခံမည် မဟုတ်ပါကြောင်း တင်ပြလိုက်ရပါသည်။

ရှိန်းထက်

No comments:

Post a Comment