Latest News

Thursday, May 17, 2018

ပုသိမ်မြို့တွင် အဖမ်းဆီးခံငြိမ်းချမ်းရေးလိုလားသူများအားချက်ချင်းလွှတ်ပေးရေးနှင့်စစ်ပွဲများအား ရပ်တန့်ပေးရေး တောင်းဆိုဆန္ဒပြ

ပုသိမ်မြို့တွင် အဖမ်းဆီးခံငြိမ်းချမ်းရေးလိုလားသူများအားချက်ချင်းလွှတ်ပေးရေးနှင့်စစ်ပွဲများအား ရပ်တန့်ပေးရေး တောင်းဆိုဆန္ဒပြ



ပုသိမ် မေ၁၇ရက်

ပုသိမ်မြို့တွင်  အဖမ်းဆီးခံငြိမ်းချမ်းရေးလိုလားသူများအားချက်ချင်း လွှတ်ပေးဆိုသည့်ခေါင်းစဉ်ဖြင့် စစ်ပွဲများအား ရပ်တန့်ပေးရေးအတွက် ယနေ့၂၀၁၈ မေ ၁၇ရက်နေ့ ညနေ ၃နာရီမှ ၅နာရအချိန်၌ ပုသိမ်ခရိုင်လမ်းဦးစီးရုံးရှေ့ စာတိုက်ကုန်းရှေ့တွင်ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ကြသည်

ကချင်ပြည်နယ် မှာဖြစ်နေသည့်စစ်ပွဲများရပ်တန့်ပေးရေး အဖမ်းဆီးခံငြိမ်းချမ်းရေးလိုလားသူ များအားပြန်လည် လွှတ်မြောက်ပေးရေး စစ်ပွဲများအားအမြန်ဆုံးရပ်တန့်ပေးရေးနှင့် တိုက်ပွဲတွင်းပိတ်မိနေသော ပြည်သူများအားအမြန်ဆုံးကယ်ဆယ်ပေးရေး စသည့် ရည်ရွယ်ချက်၎ခု ဖြင့် တောင်းဆိုခဲ့ခြင်းဖြစ်သည်

ဧရာဝတီတိုင်းဒေသကြီးတိုင်းအစိုးရအဖွဲ့ ၏ ခွင့်ပြုချက်ဖြင့် ယခုလို ငြိမ်းချမ်းစွာဆန္ဒပြဆိုခြင်းဖြစ်သည်

ယနေ့ကျင်းပသည့် ငြိမ်းချမ်းရေးလှူပ်ရှားမူ့တွင် ငြိမ်းချမ်းအကြောင်းအရာများကို ဆန္ဒပြဦးဆောင်သည့် ဦးကျော်စွာ ဦးဇော်ထိုက်  ပုသိမ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ကိုအောင်သက်ပိုင် ကိုထူးထက်နောင်တို့မှ ဦးဆောင်ဟောပြောခြင်း ပုသိမ်ဒေသခံကဗျာဆရာများမှ ငြိမ်းချမ်းရေးကဗျာများရွတ်ဆိုခြင်း ငြိမ်းချမ်းရေးလိုလားသူ ပုသိမ်ဒေသခံ ကိုအောင်ခန့်ဇော်မှ ငြိမ်းချမ်းရေးပုံရိပ် ပန်းချီရေးဆွဲခြင်း နှင့်  ငြိမ်းချမ်းရေးသီးချင်းများသီဆိုခြင်းတို့ ပြုလုပ်ခဲ့ကြသည်

အဆိုပါ လှူပ်ရှားမူ့တွင် ကန်ကြီးထောင့်မြို့နယ် ရှိ
လူမှုဝန်းတိုးတက်မြင့်မားရေးအဖွဲ့များမှာပါဝင်ပူးပေါင်း ထားကြောင်းတွေ့ ရသည်

ဆန္ဒမပြခင် အချိန်ကနေ့ ပြီးတဲ့အချိန်ထိ  အစိုးရအဖွဲ့များမှ ကူညီ ပေးထားခဲ့သည်ဟု ဆန္ဒပြဦးဆောင်သူများမှ ပြောပါသည်

"နေရာတွင် အချိန်တွေကြေညာခဲ့ပြီးမှ ပြောင်းခဲ့ရပါတယ်ဒီပွဲလုပ်ဖို့အတွက်ကို သက်ဆိုင်ရာဌာနများနဲ့ညှိနှိုင်းပြီးတော့မှ ခုလို လုပ်ခဲ့တာပါ သူတို့ကိုညှိနှိုင်းတယ်ဆိုတာငြိမ်းချမ်းရေးပွဲအတွက် ငြိမ်းငြိမ်းချမ်းချမ်းနဲ့အောင်မြင်ချင်လို့ပါ  ဒီလိုမလုပ်ခင်စည်ပင်ကလမ်းရှင်းပေးထားတာလည်းတွေ့ရပါတယ် ခုလိုအောင်အောင်မြင်မြင်နဲ့ပြီးသွားလို့ဝမ်းသာမိပါတယ်"ဟု ဧရာဝတီ ငြိမ်းချမ်းရေးကော်မတီဝင်ဆန္ဒပြဦးဆောင်သူ ဦးဇော်ထိုက်ကတိုင်းဧရာကိုပြောပါသည်

အဖမ်းဆီးခံငြိမ်းချမ်း​ရေးလိုလားသည့်သူများအားချက်ချင်းလွှတ်ပေးရေးအတွက်လည်း ပုသိမ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချူပ်)မှ ယနေ့ဆန္ဒပြပွဲတွင်တောင်းဆိုခဲ့သည်

သတင်းထောက်= ရွှေရည်ဝင်း
ဓာတ်ပုံ =ရွှေရည်ဝင်း

No comments:

Post a Comment