လန်ဒန် မေ ၂ဝ
ချယ်လ်ဆီးအသင်းကို စတင်ကိုင်တွယ်သည့်ရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆု ရယူပေးနိုင်သကဲ့သို့ ယခု ရာသီတွင် အဆင့် (၅) နေရာသာ ရရှိသော်လည်း ယမန်နေ့ညက မန်ယူကိုအနိုင်ရပြီး အက်ဖ်အေဖလား ရယူနိုင်ခြင်းကြောင့် နည်းပြကွန်တီက မိမိကိုယ်ကို အစဉ်အဆက် အောင်နိုင်သူဟု သုံးနှုန်းသွားပြီး ချယ်လ် ဆီးနည်းပြအဖြစ် ဆက်ရှိရန် မှာအသင်းမှ ဆုံးဖြတ်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ကွန်တီမှာ အက်ဖ်အေဖလားရယူ ပေးနိုင်သော်လည်း တစ်ရာသီလုံး အသင်းပိုင်ရှင် မိုဗစ်ခ်ျ၏ လက်ရုံး ဒါရိုက်တာများနှင့် ဆက်ဆံရေး တင်းမာခဲ့ခြင်းကြောင့် ယခုတစ်ပတ် အတွင်း ရာထူးမှ ထုတ်ပယ်ခံရနိုင်ခြေများ နေရာ စာချုပ်သက်တမ်းတစ်နှစ် ကျန်နေသေးခြင်းကို လေးစားကြောင်းနှင့် ချယ်လ်ဆီးသို့ရောက်ရှိ က တည်းက အသင်း၊ ပရိသတ် များနှင့် ကစားသမား အားလုံးကို ချစ်မြတ်နိုးခဲ့ကြောင်း ပြောသည်။
ကွန်တီက''ကျွန်တော်က အစဉ်အဆက် အောင်နိုင်သူပါ။ ကျွန်တော် အမြဲပြောခဲ့တာက ကိုယ့်စာချုပ်ကို လေးစားတယ်။ သတင်းတွေ ဘယ်လောက် ထွက်ပေါ်နေပါစေ။ ဒီအ သင်းကိုချစ်တယ်၊ ပရိသတ်ကိုချစ်တယ်။ အဆင့်(၅) နေရာသာရလို့ တောင်းပန်ပေမယ့် ရှိတဲ့ ကစားသမား အင်အားနဲ့ ဒီလောက်ရရှိနိုင်ခြင်းက အမြင့် ဆုံးမျှော်လင့်ချက်လို့ လည်း ပြောချင်တယ်။ အသင်းကပဲ ဆုံးဖြတ်သွားမှာပါ''ဟုပြောသည်။
MWD
No comments:
Post a Comment