Latest News

Monday, May 28, 2018

နေရာအကွာအဝေးပေါ် မူတည်၍ ကျောင်းကား စီးနင်းခ သတ်မှတ်မှုကို အခြေခံပညာကျောင်း တချို့၌ လုပ်ဆောင်လာ

နေရာအကွာအဝေးပေါ် မူတည်၍ ကျောင်းကား စီးနင်းခ သတ်မှတ်မှုကို အခြေခံပညာကျောင်း တချို့၌ လုပ်ဆောင်လာ

 ရန်ကုန်   မေ   ၂၇

ယခုကျောင်းဖွင့်ရာသီတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ   အခြေခံပညာကျောင်း တချို့၌ ကျောင်းကားစီးနင်းခကို ပြေးဆွဲရမည့်  နေရာအကွာအဝေးပေါ် မူတည်၍ နှုန်းထားဘ သတ်မှတ် လုပ်ကိုင်ရန်  ပြင်ဆင်နေကြောင်း ကျောင်းကားလုပ်ငန်း လုပ်ကိုင်သူ များထံမှ သိရသည်။ ''မနေ့က ကျောင်းကားကော်မတီ အစည်းအဝေးလုပ်ပြီးတော့ သတ်မှတ်လိုက်တာပါ။ ကျောင်းသားမိဘတွေ အနေနဲ့ အဆင်ပြေနိုင်တဲ့ နှုန်းထားမျိုးနဲ့ လုပ်ဆောင်တာဖြစ်ပါတယ်'' ဟု အလုံမြို့နယ် အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းကား ကော်မတီ တာဝန်ခံ ဦးနောင်က ပြောသည်။

ထိုသို့ ကျောင်းကားခ သတ်မှတ်ခြင်းမှာ ကျောင်းနှင့် အကွာအဝေးပေါ် မူတည်၍ သတ်မှတ်ခြင်းဖြစ်ပြီး တစ်လစာနှုန်းထားမှာ အလုံလမ်းအထိ ငွေကျပ် ၂ဝဝဝဝ၊ ကြည့်မြင်တိုင်မြို့နယ်နှင့်    အလုံမြို့နယ်ကြား ကွင်းချောင်းအထိ ငွေကျပ် ၂၅ဝဝဝ နှင့် ယင်းနေရာထက်ကျော်လွန်သော နေရာများဖြစ်ပါက ငွေကျပ် ၃ဝဝဝဝ သတ်မှတ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

''မနှစ်တုန်းက ကျောင်းကားခ  ငွေကျပ် ၂ဝဝဝဝ ပေးရတယ်။ ဒီနှစ် ငွေကျပ် ၃ဝဝဝဝဖြစ်သွားပါတယ်။    ကျောင်းကားခတွေ မြင့်လာတော့  တစ်မျိုးစဉ်းစား ရတော့မယ်။ ဘတ်စ်ကားနဲ့ပဲ ကျောင်း ကြို/ပို့ လုပ်ဖြစ်မလား မသိဘူး။ ဒီနှုန်းက မဖြစ်သင့်ပါဘူး။  ကျောင်းသားနှစ်ယောက်ရှိတဲ့ မိသားစုဆိုရင် မလွယ်ဘူး။ ကျောင်းကားခ ငွေကျပ်  ၆ဝဝဝဝ လောက်ဖြစ်နေပြီ'' ဟု ကြည့်မြင်တိုင်မြို့နယ် အတွင်းနေထိုင်သော   ကျောင်းသားမိဘ ဒေါ်ကြည်ကြည်မြင့် ကပြောသည်။

''ဒီနှစ် YRTA က သတ်မှတ်ထားတဲ့ ၁၂ ချက်နဲ့ကိုက်ညီအောင် ပြင်ဆင်လုပ်ဆောင်နေပါတယ်။ ညာမောင်းကို ဖြေလျှော့လိုက်လို့ ညာမောင်းကားတွေ ရှိနေပေမယ့် လိုက်ထရပ်တွေတော့ လုံးဝမရှိတော့ပါဘူး။ နယ်လိုင်စင် ကားတွေလည်း ခွင့်မပြုဘူး။ ဒါကလည်း ကျောင်းကားပိုင်ရှင်တွေနဲ့ ကျောင်းက ဆရာ၊ဆရာမတွေ ပေါင်းပြီးတော့ အစည်းအဝေး လုပ်တယ်။ သဘောတူခွင့်ပြုချက်တွေနဲ့ လုပ်ရတာဖြစ်ပါတယ်'' ဟု ဦးနောင်က ပြောသည်။

ကျောင်းကားအဖြစ် ပြေးဆွဲသော ယာဉ်များတွင်  ယာဉ်၏ဘေး၌  ကျောင်းအမှတ်တံဆိပ်နှင့် ဖုန်းနံပါတ်များကို စတေကာဖြင့် ကပ်ထားရန်  သတ်မှတ်ဆောင်ရွက်ထားသည်။ စူပါကာစတန်  ခေါင်နိမ့်ယာဉ်တစ်စီးလျှင် ၁၅ ဦး၊ ခေါင်မြင့်ယာဉ်တစ်စီးလျှင် ၁၈ ဦး၊ အန်စာတုံးယာဉ်တစ်စီးလျှင် ၂ဝ ဦးနှင့်   မိုက်ခရိုဘတ်စ်တစ်စီးလျှင် ၂၅ ဦး တင်ဆောင်ရမည်ဟု  သတ်မှတ်ထားပြီး ကျောင်းကားဖြင့် မိဘများ လိုက်ပါခွင့်မရှိကြောင်း သိရသည်။

MWD

No comments:

Post a Comment