ပြုံယမ်း မေ ၂၅
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မြောက်ကိုရီးယား ခေါင်းဆောင်နှင့် တွေ့ဆုံဆွေးနွေးမှုအား ဖျက်သိမ်း ကြောင်း ကြေညာချက်အပေါ် မြောက် ကိုရီးယားနိုင်ငံက မေ ၂၅ ရက်တွင် တုံ့ပြန် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထုတ်ပြန်ကြေညာချက် တွင် ဒေါ်နယ်ထရန့်၏ ဆုံးဖြတ်ချက်မှာ နိုင်ငံတကာအသိုင်းအဝိုင်းက ကိုရီးယား ကျွန်းဆွယ်နှင့် က္ဘာ့ငြိမ်းချမ်းရေးအပေါ် ထားရှိသည့် မျှော်လင့်ချက်နှင့်ကိုက်ညီမှု မရှိကြောင်းနှင့် မြောက်ကိုရီးယားနိုင်ငံ အနေဖြင့် မည်သည့်အချိန်၊ မည်သည့်ပုံစံ မျိုးမဆို အမေရိကန်နှင့် အတူတကွ ပြဿနာကို ဖြေရှင်းသွားလိုကြောင်း ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာန၏ ဖော်ပြချက်တွင် မြောက်ကို ရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကင်မ်ကီးဂွမ်က မြောက်ကိုရီးယားနိုင်ငံ သည် ဆယ်စုနှစ်ပေါင်းများစွာ အမေ ရိကန်နိုင်ငံအကြား မယုံကြည်မှုနှင့် ရန်လိုမှုတို့ကို ရပ်တန့်ခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေးကောင်းမွန်စေရန် ကြိုးပမ်းဆောင်ရွက်မှုများလုပ်ဆောင်ခဲ့ရာ နိုင်ငံ တကာ၏ ထောက်ခံမှုရရှိခဲ့ကြောင်း ဖော်ပြထားသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ၏ မြောက်ကိုရီးယားနိုင်ငံသို့ ပေးပို့ခဲ့ သည့် ပေးစာတွင် ရေးသားဖော်ပြချက် များမှာ မြောက်ကိုရီးယားနိုင်ငံအား တစ်ဖက်သတ်နျူကလီးယား စွန့်လွှတ် ရန် ဖိအားပေးဆောင်ရွက်မှုသာ ဖြစ် ကြောင်း၊ လက်ရှိဖြစ်ပေါ်နေသည့် အခြေ အနေအရ နှစ်နိုင်ငံဆက်ဆံရေးမှာ လွန်စွာဆိုးရွားလျက်ရှိပြီး နှစ်နိုင်ငံ ဆက်ဆံရေးကောင်းမွန်စေရန် နှစ်နိုင်ငံခေါင်းဆောင်တွေ့ဆုံမှုကို ဖြစ်မြောက် ရန် တွန်းအားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး က ပြောခဲ့သည်။
ထို့အပြင် မြောက်ကိုရီးယားနိုင်ငံ အနေဖြင့် ဒေါ်နယ်ထရန့်မှ ခေတ်အဆက် ဆက်အမေရိကန်သမ္မတတို့မှ မဆောင် ရွက်နိုင်ခဲ့သည့် ဆောင်ရွက်မှုတို့ကို ပြုလုပ်နိုင်မည်ဟု ယုံကြည်ခဲ့သော်လည်း ဒေါ်နယ်ထရန့်၏ ရုတ်တရက် တွေ့ဆုံမှု ကို ဖျက်သိမ်းခဲ့ခြင်းအပေါ် လွန်စွာအံ့သြ မိကြောင်း ပြောခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံ၏ ကိုရီးယား ကျွန်းဆွယ်အရေးနှင့် က္ဘာ့တည်ငြိမ် အေးချမ်းရေးအပေါ် ကြိုးပမ်းဆောင်ရွက် မည့် ရည်ရွယ်ချက်မှာ ပြောင်းလဲသွား မည်မဟုတ်ဘဲ မြောက်ကိုရီးယားနိုင်ငံ အနေဖြင့် တံခါးဖွင့်ပေးထားသည့် သဘောထားရပ်တည်မှုဖြင့် အမေရိကန် နိုင်ငံအား အချိန်နှင့် အခွင့်အရေးကို ပေးလိုကြောင်း၊ အမေရိကန်နိုင်ငံအနေ ဖြင့်လည်း အစီအစဉ်တကျ တစ်ဆင့် ခြင်း ဆွေးနွေးခြင်းများဆောင်ရွက် ကာ ကိစ္စရပ်များကို ဖြေရှင်းသွားလို ကြောင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။
မြန်မာ့အလင်း
No comments:
Post a Comment