ဖားကန့်မြို့နယ်တွင် စွန့်ပစ်မြေစာပုံပြိုကျ၍ ရေမဆေးကျောက်ရှာဖွေသူ ရုပ်အလောင်း(၁၂)လောင်း တူးဖော်ရရှိထား
ဖားကန့် မေ ၎
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာရှိ ကျောက်မျက်ရွှေပြည်ကုမ္ပဏီလုပ်ကွက်တွင် မေ၄ရက် နံနက်၎နာရီခွဲက စွန့်ပစ်မြေစာပုံပြိုကျခဲ့သဖြင့် ရေမဆေးကျောက်ရှာဖွေသူများ မြေစာပုံပိ၍ သေဆုံးသူရုပ်အလောင်း(၁၂)လောင်း တူးဖော်ရရှိထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့နံနက် ၄နာရီခွဲက ကျောက်မျက်ရွှေပြည်ကုမ္ပဏီလုပ်ကွက်၌ အလျှား(၁၀၀)ပေ၊ထု(၂၀)ပေရှိ စွန့်ပစ်မြေစာပုံမှ မြေစာများသည် အမြင့်ပေ(၂၀၀)ကျော်မှ အောက်ဖက်ရှိ စိမ်းရွှေဝါကုမ္ပဏီလုပ်ကွက်အပေါ်သို့ လျောကျခဲ့၍ ၎င်းစွန့်ပစ်မြေစာပုံတွင် ရေမဆေးကျောက်ရှာဖွေသူများ မြေစာပုံပိကာ သေဆုံးသူရုပ်အလောင်း(၁၂)လောင်း တူးဖော်ရရှိထားကြောင်းနှင့် ဆက်လက်၍ရှာဖွေဆဲဖြစ်ကြောင်း သိရသည်။
လတ်တလော တူးဖော်ရရှိသည့် ရုပ်အလောင်း(၁၂)လောင်းမှာ ဝှေခါကျေးရွာနေသူများဖြစ်ကြပြီး ဦးစောဝင်းကို(၃၇)နှစ်၊ဦးမိုးညွန့်(၄၄)နှစ်၊သန်းရွှေ(၂၅)နှစ်၊သန်းလင်း(၂၅)နှစ်၊ထွန်းဇော်(၂၀)နှစ်၊နေထက်လင်း(၂၃)နှစ်၊ကျော်ဆန်းအောင်၊အားရုံ၊မာတူး၊စိုင်းဆာအောင်၊လှမိုးအောင်၊မောင်ခိုင်တို့ဖြစ်ပြီး ဒဏ်ရာရှိသူများလည်း အများအပြားရှိကာ သေဆုံးသူအများအပြားကျန်ရှိသေးကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။
ဝင်းနိုင် ကချင်မြေ
Friday, May 4, 2018
Subscribe to:
Post Comments (Atom)
No comments:
Post a Comment