Latest News

Saturday, May 26, 2018

လေးမျက်နှာမြို့ ငဝန်တံတား တည်ဆောက်မှု ပြီးစီးတော့မည်

လေးမျက်နှာမြို့ ငဝန်တံတား တည်ဆောက်မှု ပြီးစီးတော့မည်

လေးမျက်နှာ   မေ   ၂၆

ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်တွင် တည်ဆောက် လျက်ရှိသည့် ငဝန်မြစ်ကူးတံတား(လေးမျက်နှာ)သည် မေ  ၁ ရက်က မြစ်ကမ်းနှစ်ဖက်သို့ ဆက်သွယ်မိသွားပြီဖြစ်၍ မကြာမီ ကာလအတွင်း တည်ဆောက်ရေးလုပ်ငန်းများ အချောသပ်ပြီးစီး တော့မည်ဖြစ်ကြောင်း သိရသည်။

ယခုအခါ ငဝန်တံတား(လေးမျက်နှာ)နှင့်အတူ မြို့တွင်းရှိ လမ်းများလည်း  အချောသပ်ပြီးစီးနိုင်ရေးအတွက်  လမ်းဦးစီး ဌာန လမ်းအထူးအဖွဲ့များက  အားသွန်ခွန်စိုက်   ကြိုးပမ်းဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

ယခင်က ပုသိမ်- မုံရွာ ကားလမ်းမကြီးကို ဆုံကုန်းတံတားနှင့် ငသိုင်းချောင်းတံတားတို့မှ    ဖြတ်သန်းသွားလာခဲ့ရပြီး  ယခုအခါ အဆိုပါတံတား ပြီးစီးသွားပါက ပုသိမ်-မုံရွာလမ်းသို့ အလယ်ဝင် ပေါက်အဖြစ်  သွားလာနိုင်တော့မည်ဖြစ်၍    လမ်းကွန်ရက်များ    ပိုမို ကောင်းမွန်လာပြီး   ကုန်စည်စီးဆင်းမှု   ပို၍အဆင်ပြေလာမည် ဖြစ်သည်။

အဆိုပါတံတားမှာ   အရှည်   ၁၉၆ဝ၆ ပေ၊  အကျယ် ၂၄ ပေရှိပြီး လာမည့်နှစ်တွင် တံတားဖွင့်ပွဲ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။                                                          

သန်းဦး (လေးမျက်နှာ)မြန်​မာ့အလင်း

No comments:

Post a Comment