Latest News

Saturday, May 26, 2018

ကျုံပျော်အထည်ချုပ်လုပ်ငန်းခွဲတွင် ဒေသခံအမျိုးသမီး ၇ဝ ကို အလုပ်အကိုင် စတင်ဖန်တီးပေးနိုင်

ကျုံပျော်အထည်ချုပ်လုပ်ငန်းခွဲတွင် ဒေသခံအမျိုးသမီး ၇ဝ ကို အလုပ်အကိုင် စတင်ဖန်တီးပေးနိုင်

ကျုံပျော် မေ ၂၆

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် ပြည်လုံးပေါ် ဘုရား ကြီး   ကျောင်းတိုက်အတွင်း  ဖွင့်လှစ်ထားသည့်  Metal Prince ကုမ္ပဏီလီမိတက် မော်တာစက်ချုပ်အခမဲ့ သင်တန်း ကျောင်းသည်  အထည်ချုပ်လုပ်ငန်းခွဲကို ကျုံပျော်မြို့၌ စတင် တည်ထောင်ပြီးနောက်  ဒေသတွင်းရှိ  အမျိုးသမီးငယ် ၇ဝ ကို ဝန်ထမ်းအဖြစ်ခန့်ထားကာ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်ပြီဖြစ်ကြောင်း သိရသည်။

မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ပြည်လုံးပေါ်ဘုရားကြီးကျောင်း တိုက် ဆရာတော်က အမျိုးသမီးငယ်များ မိမိဒေသတွင်း လုံခြုံ စိတ်ချစွာဖြင့် အလုပ်အကိုင်ရရှိရေးနှင့် ဒေသတွင်း ဝင်ငွေ တိုးပွားရေးအတွက်  ရည်ရွယ်ပြီး  မိမိကျောင်းတိုက်အတွင်း အခမဲ့ စက်ချုပ်သင်တန်းကို နေရာပေးကာ တတ်နိုင်သည့် ဘက်မှ   ကူညီဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊   ယခု သင်တန်းပြီး၍ အထည်ချုပ်ဝန်ထမ်းအဖြစ် လုပ်ခလစာ ရရှိ တော့မည်ဖြစ်သဖြင့် ဝမ်းမြောက်ကြောင်း မိန့်ကြားသည်။
ကျုံပျော်အထည်ချုပ်လုပ်ငန်းခွဲတွင်   စတင်ခန့်ထားသူ များအား အစမ်းခန့်ထားခြင်းဖြစ်ပြီး အစမ်းသုံးလတွင် တစ် ရက်လုပ်ခ ၂၇ဝဝ ကျပ်နှုန်း သတ်မှတ်ထားကာ သုံးလကျော် လွန်ပါက တစ်ရက် ၃၆ဝဝ ကျပ်သို့မဟုတ် နိုင်ငံတော်က သတ်မှတ်ပေးသည့် နေ့စားလုပ်ခလစာအတိုင်း တိုးမြှင့်သွား ရန် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် အချိန်ပိုကြေး၊ ရက်မှန်ကြေးများကိုလည်း ပေးသွားမည်ဖြစ်ကြောင်း၊ ယခု ကျုံပျော်အထည်ချုပ်တွင်    ဘောင်းဘီတစ်မျိုးတည်းကို သီးသန့်ချုပ်လုပ်သွားမည်ဖြစ်ပြီး ချုပ်ရိုးသေသပ်လှပစွာ ချုပ် ပေးကြရမည်ဖြစ်ကာ အချောထည်များကို ရန်ကုန်ကုမ္ပဏီ တွင် ပြန်လည်ပြုလုပ်၍ ဆွစ်ဇာလန်နှင့် အနောက်ဥရောပနိုင်ငံ ဈေးကွက်များသို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခု အလုပ်စတင်ရရှိသူများသည် မတ် ၂ဝ ရက်မှစတင်၍ (တစ်လကြာဖွင့်လှစ်ခဲ့သည့်  Metal  Prince    ကုမ္ပဏီ၏ မော်တာစက်ချုပ်အခမဲ့သင်တန်း) ပထမအပတ်စဉ်မှ သင်တန်း သူများဖြစ်ပြီး ကုမ္ပဏီအနေဖြင့် ဆက်လက်၍လည်း ကျုံပျော်၊ ရေကြည်နှင့် ကျောင်းကုန်းမြို့နယ်များမှ  သင်တန်းသူ ၈ဝ အား အခမဲ့ ထပ်မံသင်ကြားပေးလျက်ရှိကာ စိတ်ပါဝင်စား သော သင်တန်းသူများအား ယခုအထည်ချုပ်လုပ်ငန်းတွင် ထပ်မံခန့်ထားနိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း အထည်ချုပ်သင်တန်း စီစဉ်ဆောင်ရွက်သူ ဆရာမ ဒေါ်စန်းစန်းကျော့ထံမှ သိရသည်။      

နေဝင်းမြင့်(ပြန်/ဆက်)

No comments:

Post a Comment