လာရောက်ဖူးမြော်ကြည်ညိုသူ များပြား
မော်ကျွန်း မေ ၂၆
လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ် ဖိုးခမှီဒေါင့်ကျေးရွာအုပ်စု ကြခတ်ကျေးရွာ တွင် လယ်သမားကြီး ဦးသန်းရွှေ-ဒေါ်တင်ဌေး လယ်ယာမြေကို ရေသွယ်မြောင်း တူးဖော်ရာမှ ဧပြီလ၂၃ ရက်က ရှေးဟောင်းဘုရားများ တူးဖော်တွေ့ရှိခဲ့ကြောင်း သိရသည်။
လယ်ယာမြေအငှားတူးဖော်သူ ကိုလှိုင်ဆိုသူက စတင်တူးဖော်တွေ့ရှိခဲ့ပြီး တွေ့ရှိ ချိန်တွင်ဘုရားသုံးဆူ၊ နောက်ရက်များတွင် ဆက်လက်တူးဖော်ရာ စုစုပေါင်း ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော် ၁၁ ဆူနှင့် ရှေးဟောင်းအုတ်ချပ်များနှင့် ရှေးဟောင်း အုတ်သုံးကျင်းခန့် တူးဖော်တွေ့ရှိခဲ့သည်။
ထို့နောက် မြို့နယ်မှတစ်ဆင့် သက်ဆိုင်ရာဌာနများသို့ တင်ပြခဲ့ပြီးယခုအချိန်တွင် လယ်ယာမြေယာယီစံကျောင်းပေါ်တွင် အကြည်ညိုခံပူဇော်ထားပြီး ရှေးဟောင်းဘုရား များတူးဖော်တွေ့ရှိမှု သတင်းကြောင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးဧည့်ပရိသတ် များတစ်နေ့လျှင် လူဦးရေ ၅ဝဝဝ ကျော်ခန့် ကုန်းလမ်း၊ ရေလမ်းများဖြင့် လာရောက် ဖူးမြော်ပူဇော်လျက်ရှိသည်။
မော်ကျွန်း-မြင့်အောင်(မြန်မာ့အလင်း)
No comments:
Post a Comment