Latest News

Tuesday, May 29, 2018

သမိုင်းဘူတာ ဈေးသစ်တွင်သာ ဈေးသည်များ အရောင်းအဝယ် ပြုလုပ်ရမည်

သမိုင်းဘူတာ ဈေးသစ်တွင်သာ ဈေးသည်များ အရောင်းအဝယ် ပြုလုပ်ရမည်

ရန်ကုန် မေ ၂၈

ရန်ကုန်မြို့ သမိုင်းဘူတာအနီး၌ တည်ဆောက်လျက်ရှိသည့် သမိုင်းဘူတာဈေး ပြီးစီးသွားပြီ ဖြစ်သည့်အတွက် ဈေးရောင်းသူအားလုံး ဈေးသစ်တွင်သာ ရောင်းချရမည်ဖြစ်ပြီး ဘူတာ၌ ရောင်းချခွင့် မပြုတော့ကြောင်း မြန်မာ့မီးရထား လုပ်ငန်း အောက်မြန်မာပြည် သွားလာရေး တိုင်း (၇) မန်နေဂျာဦးဇော်လွင်ထံမှ သိရသည်။

မြန်မာ့မီးရထားလုပ်ငန်း အနေဖြင့် ခရီးသွားပြည်သူများ အန္တရာယ်ကင်းရှင်းစွာ ခရီးသွားလာနိုင်ရန် အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ရန်ကုန်မြို့ သမိုင်းဘူတာ၌ ဈေးရောင်းဈေးဝယ်များဖြင့် အန္တရာယ်ရှိသည့်အတွက် သမိုင်းဘူတာ မြောက်ဘက်ခြမ်းတွင် ၅ ပေပတ်လည်ဆိုင်ခန်း အကွက် ၄ဝဝ ကို တည်ဆောက်ပေးခြင်းဖြစ်သည်။

လက်ရှိတွင် ဆိုင်ခန်းများ ပြီးစီးပြီဖြစ်သော်လည်း ဈေးသစ်သို့ ဈေးသည်များ မရွှေ့ပြောင်းရသေးကြောင်းနှင့် မြန်မာ့မီးရထားမှ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ လွှဲပြောင်းရန် တင်ထားကြောင်း သိရသည်။

''လက်ရှိ ရထားလမ်းပေါ် ဈေးရောင်းနေတော့ ဒါတွေကို ဖယ်မှရမယ်။ ဒီအပေါ်မှာ ဈေးရောင်းမယ်ဆိုရင် မတော်တဆမှုတွေ ဖြစ်လာနိုင်တယ်'' ဟု ဦးဇော်လွင်က ပြောသည်။

MWD

No comments:

Post a Comment