နေပြည်တော်၊ မေ ၂၉
၂၀၁၈ ခုနှစ်၊ မေလ ၁၇ ရက်နေ့ နံနက် ၈ နာရီကျော်အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၊ စိန်အင်းကျေးရွာနေ မောင်ရန်စီးတက်(ခ)အားတေ့(၃၇)နှစ်သည် စိန်အင်းကျေးရွာနေ အိမ်မှ မိဘညီအစ်ကိုမောင် နှမများနေထိုင်ရာ စိန်အင်းကျေးရွာ၏ အရှေ့ဘက်(၁ဝ) မိုင်ခန့်ဝေး ကွာသော တောင်ယာ/ခြံထဲသို့ သွားရောက်ခဲ့ရာ ခြံတဲအတွင်းရှိ အိပ်စင်ပေါ်၌ ဖခင်ဖြစ်သူ ဦးရန်တား မိခင် ဒေါ်စံလူမီး၊ ညီဖြစ်သူ မောင်အလေးနှင့် ညီမ မအာဝူးမီး တို့တွင် ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရ၍ သတ်သွားသူများကို စုံစမ်းဖော်ထုတ်အရေးယူပေးရန် တိုင်တန်းချက် အရ ကျပ်ပြင်နယ်မြေရဲစခန်း(ပ) ၅၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်စစ်ဆေးခဲ့သည်။
ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့ဝင်များက လိုက်လံစုံစမ်း ဆောင်ရွက်ခဲ့နေစဉ် အမှုမှ မသင်္ကာသူ အောင်ဗဒါန်းကျေးရွာနေ အောင်ဘန်း(ခ) ဘရန်လတ်(၂၈)နှစ် အား ဖမ်းဆီးစစ်ဆေးခဲ့ရာ (၁၆-၅-၂၀၁၈) ရက်နေ့ ည ၈ နာရီအချိန် တစ်ရွာတည်း နေ ဦးမာလွန်၏ မင်္ဂလာ ဆောင်နေအိမ်မှ ပြန်လာစဉ် ရေကော်မတီအဖွဲ့ဝင်များဖြစ်သည့် အောင်ဗဒါန်းကျေးရွာ နေ ဦးဒွဲလှ(၅၇)နှစ်၊ တစ်ရွာတည်းနေ ဇော်လတ်(၃၃)နှစ်၊ ဦးလရိန်း၊ ဦးဘရန်နူး(ခ)ယောဟန် (၃၄)နှစ်တို့အား ကားလမ်းဘေးရှိ ညောင်ပင်အောက်တွင် တွေ့ရှိရပြီး ဦးဒွဲလှမှ ဆိုင်ကယ်အား တားပြီး ဦးရန်တား တောင်ယာတဲသို့သွား၍ တောင်ယာဆက်မခုတ်ရန်တားမြစ်မည်ဖြစ်ကြောင်း၊
ဦးဒွဲလှ၏ သံပရာခြံမှာ ရေဦး ဘက်တွင်ရောက်နေ၍ ဆက်လက်မခုတ်ရန်၊မီးမရှို့ရန်တားမြစ်မည်ဖြစ်ကြောင်း ၊ ၎င်းမှာ ရေကော်မတီဝင် တစ်ဦးဖြစ်နေ၍ လိုက်ခဲ့ရန်ပြောဆိုခဲ့ကြောင်း၊
ထို့နောက် သမီးဖြစ်သူအား နေအိမ်တွင် သိပ်ထားပြီး လေးဂွတစ်လက်ယူဆောင်၍ ဦးဒွဲလှနှင့်တွေ့ဆုံခဲ့သည့် ညောင်ပင်ကြီးအောက်သို့ သွားရောက်ရာ ဦးဒွဲလှ၊ ဘရန်နူး(ခ)ယောဟန်၊ ဇော်လတ်(ခ) ဇကေး(၃၀)နှစ်၊ ဇော်လတ်(ရွာဆော်)၊ နော်အောင်(၄၁)နှစ်၊ ဦးလွမ်းဇွယ်၊ ဦးလရိန် တို့ရောက်ရှိနေပြီး လက်ထဲတွင် လေးခွ၊ ဓားမ၊ ဓားဦးချွန်၊ ဓားမြှောင်များကိုင်ဆောင်ထားသည်ကိုတွေ့ ရှိရကြောင်း၊
၎င်းတို့မှာ ဦးရန်တား တောင်ယာတဲသို့ ထွက်လာခဲ့ပြီး နံနက် ၅ နာရီခန့်တွင် ရောက်ရှိခဲ့စဉ် ဦးရန်တားတို့ မိသားစုမှာ အိပ်ပျော်နေကြောင်း၊ ဦးဒွဲလှ၊ ဘရန်နူး(ခ) ယောဟန်၊ ဇော်လတ် (ရွာဆော်)၊ ဦးလွမ်းဇယ်၊ ဦးနော်အောင်၊ ဦးလရိန်တို့ တဲအတွင်းသို့ဝင်ရောက်သွားပြီး ဦးရန်တားနှင့် စကားများရန်ဖြစ်ခဲ့ကြောင်း၊
ဦးရန်တားမှ ဦးဒွဲလှအား အိပ်ယာ ဘေးရှိဓားဖြင့်ခုတ်ရန်ပြင်စဉ် ဦးဒွဲလှက ဦးရန်တားအား ဓားဖြင့်ခုတ်ခဲ့ကြောင်း၊ ဘရန်နူး(ခ)ယောဟန်၊ ဇော်လတ်(ရွာဆော်)၊ ဦးလွမ်းဇယ်၊ ဦးနော်အောင်၊ ဦးလရိန်တို့က ဒေါ်စံလူမီး၊ မောင်အလေး၊ မအားဝူမီး တို့အား အသင့်ယူဆောင်လာသည့် ဓားများဖြင့် ခုတ်ခဲ့ကြောင်း၊ အောင်ဘန်းနှင့် ဇော်လတ်(ခ)ဇကေးမှာ တဲအပြင်ဘက် မလှမ်းမကမ်းတွင်ရှိနေပြီး လက်မလွန်ရန် အော်ဟစ်တားမြစ်ခဲ့ကြောင်း၊
ဦးဒွဲလှမှ တဲအပြင်သို့ထွက်လာ၍ အောင်ဘန်းနှင့် ဇော်လတ်(ခ)ဇကေးတို့အား မင်းတို့လဲလုပ်ရမည်ဟုပြောပြီး ဓားအားပေးသဖြင့် တဲထဲသို့ဝင်သွားရာ ဦးရန်တား တို့ မိသားစု(၄)ဦးမှာ သေဆုံးနေသည်ကိုတွေ့ရှိရပြီး ဇတိအဖြစ်ဓားဖြင့် ထိရုံသာထိကာ ပြန်ထွက်လာကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ သောကြောင့်
လိုက်လံဖမ်းဆီးခဲ့ရာ ဦးဒွဲလှ၊ ဇော်လတ်၊ အောင်ဘန်း (ခ) ဘရန်လတ်၊ ဘရန်နူး(ခ) ယောဟန်၊ ဇော်လတ် (ခ) ဇကေးနှင့် နော်အောင်တို့အား ဖမ်းဆီးရမိ၍ အမှုဖြင့်စစ်ဆေးလျက် ရှိကြောင်းနှင့် ကျန်တရားခံများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည်
No comments:
Post a Comment