ကင်ဂျုံအန်း၏ လုံခြုံရေးကို အာမခံကြောင်း အမေရိကန်ပြော
ဝါရှင်တန် မေ ၁၄
မြောက်ကိုရီးယားနိုင်ငံအနေဖြင့် နျူကလီးယားဖျက်သိမ်းမှု ကို အောင်မြင်စွာ လုပ်ဆောင်နိုင်ပါက မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်၏ လုံခြုံရေးအတွက် အမေရိကန်နိုင်ငံ က အာမခံကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး မိုက်ပွန်ပီအိုက မကြာသေးမီက ပြောကြားခဲ့သည်။
မြောက်ကိုရီးယားခေါင်းဆောင်၏ လုံခြုံရေးနှင့်ပတ်သက်ပြီး ပွန်ပီအိုက လုံခြုံရေးအာမခံချက်ရရှိရန် အသေအချာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖောက်စ်နယူးသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခု၌ ပြောကြားခဲ့သည်။ ကိုရီးယား ကျွန်းဆွယ် နျူကလီးယားကင်းစင်ရေးအတွက် အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့အနေဖြင့် မြောက်ကိုရီးယားနိုင်ငံအား ကူညီသွားရန် အဆင်သင့်ရှိကြောင်း ပွန်ပီအိုက ဆက်လက်ပြော ကြားခဲ့သည်။
သမ္မတထရန့်နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ထပ်မံလုပ် ဆောင်ရမည့် လုပ်ငန်းအစီအစဉ်များရှိကြောင်း၊ ယခုဆောင်ရွက် ရမည်မှာ သမ္မတထရန့်နှင့် ကင်တို့ တွေ့ဆုံသွားရေးဖြစ်ကြောင်း ပွန်ပီအိုက ဆက်လက်ပြောကြားခဲ့သည်။
မြောက်ကိုရီးယား နျူကလီးယားစမ်းသပ်မှုနေရာ ဖျက်သိမ်း ရေး ထုတ်ပြန်ချက်အပေါ် ပွန်က ''ဒါက သတင်းကောင်းပါပဲ၊ နောက်ထပ်ဆက်သွားမယ့် ခြေလှမ်းတစ်ခုပေါ့'' ဟု ပြောကြား ခဲ့သည်။
စင်ကာပူတွင် ကျင်းပမည့် မြောက်ကိုရီးယားနှင့် အမေရိ ကန်တို့၏ ထိပ်သီးအစည်းအဝေးအတွက် လုပ်သင့်လုပ်ထိုက်သည် များ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပွန်ပီအိုက ပြောကြားခဲ့သည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် တွေ့ဆုံ ခဲ့ခြင်းအပေါ် မိုက်ပွန်ပီအိုက မြောက်ကိုရီးယားပြည်သူများ အတွက် အောင်မြင်မှုရရှိစေရန် မည်သို့ လုပ်ဆောင်ရမည်ကို သိရှိကြောင်း ပြောကြားခဲ့သည်။
မြန်မာ့အလင်း
No comments:
Post a Comment