Latest News

Sunday, May 27, 2018

``အသုဘအိမ်သွားရာမှ အပြန် ဆိုင်ကယ်လု၍ အသတ်ခံရ ´´ "





မွန် မေ ၂၇

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ပငကျေးရွာ ပြည်တော်သာရပ်နေ ဦးထွန်းလိန် (၄၉) နှစ်သည် ၂၆.၅.၂၀၁၈ ရက်နေ့ နံနက်ပိုင်း၌ ရေးမြို့နယ်ရှိ အမျိုးတစ်ဦး၏ အသုဘသို့ထွက်ခွာသွားရာမှ ၂၇.၅.၂၀၁၈ ရက်နေ့ နံနက်ပိုင်းတွင် သံဖြူဇရပ်နှင့် ရေးမြို့နယ်ကြား ဝဲခမိကျေးရွာ အနီး၌ အသတ်ခံရ၍ ပြစ်ထားသည်ကိုတွေ့ရှိရ၍ စုံစမ်းစစ်ဆေးရာ ၎င်းယမန်နေ့က စီးနင်းသွားသော ၅၅/ယ ၉၅၂၈၈ ငါးမွေးထိုးဆိုင်ကယ်ပျောက်ဆုံးနေသဖြင့် ဆိုင်ကယ်လုယက်၍ လူသတ်သွားသည်ဟု ကနဦးစုံစမ်း သိရှိရပါသည်။ ထိုနောက် သေဆုံးသူ၏ရုပ်အလောင်းအား ပိုင်ရှင်မဲ့ နာရေးကူညီမှုအသင်း (သံဖြူဇရပ်မြို့နယ်) ၊ မြို့နယ်နာရေးအသင်းကြီး ၊ မြို့နယ်ကြက်ခြေနီအသင်း မှ သံဖြူဇရပ်ပြည့်သူဆေးရုံသို့ ကူညီယူဆောင်သွား၍ မှုခင်းဆရာဝန်၏ ရင်ခွဲစစ်ဆေးခြင်းမှုခင်းဆိုင်ရာကိစ္စများဆောင်ရွတ်ခဲ့ပြီး ကျန်ရှိရုပ်အလောင်းအား သေဆုံးသူ၏ဆွေမျိုးများမှ ပငကျေးရွာသို့ ပြန်လည် သယ်ဆောင်သွားကြောင်း သိရှိရပါသည်။

အမွှာညီနောင်
MCRA-SH
မုဒုံမြို့နယ် ၊ မွန်ပြည်နယ်

No comments:

Post a Comment